ကိုဗစ်ကာကွယ်ဆေး စထုတ်မယ့်ရက်ကို ရုရှား ကြေငြာ၊ အချိန်တိုအတွင်း ရရှိမှု မေးခွန်းထုတ်ခံနေရ

ရုရှားက Covid ကာကွယ်ဆေးကိစ္စ…

ရုရှားနိုင်ငံ Direct Investment Fund ရဲ့ CEO Dmitriev က ရုရှားဟာ Covid ကာကွယ်ဆေးကို စက်တင်ဘာလလောက်မှာ အစောဆုံးစထုတ်နိုင်မယ်လို့ ပြောဆိုပါတယ်။ အဲ့ဒီမှာ ယုံသူ၊ မယုံသူ အငြင်းပွားမှုတွေဖြစ်ပေါ်လာပါတယ်။

ရုရှားစစ်ထောက်လှမ်းရေးရဲ့ APT29 group က ဟက်ကာတွေဟာ malware ပရိဂရမ်တွေသုံးပြီး Covid ကာကွယ်ဆေးသုသေသနအချက်အလက်တွေကို ခိုးယူခဲ့တယ်လို့ ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က စွပ်စွဲထားပါတယ်။

ရုရှားကပြောတာကတော့ ခိုးစရာမလိုပါဘူးတဲ့။ Oxford University နဲ့ AstraZeneca က ကြိုးပမ်းနေတဲ့ ကာကွယ်ဆေးအချက်အလက်တွေကို AstraZeneca က ရုရှားဆေးကုမ္ပဏီ R-Pharm ကို ပေးပြီးသားပါတဲ့။

AstraZeneca က ရုရှားမှာ ဆေးထုတ်ဖို့ R-Pharm နဲ့ သဘောတူထားတာကိုး။ အဲ့ဒီတော့ ကာကွယ်ဆေးအချက်အလက်တွေကို R-Pharm ကို ပေးတယ်ပေါ့။ AstraZeneca က ရုရှားကို အဲ့ဒီ ကာကွယ်ဆေးနည်းပညာ ပေးမပေးကိစ္စကို ဘာမှဖြေရှင်းခြင်း မရှိသေးပါဘူး။

ရုရှားဟာ ကမ္ဘာမှာ Covid ရောဂါသည် စတုတ္ထအများဆုံးနိုင်ငံဖြစ်ပါတယ်။ သမတပူတင်က Covid ကာကွယ်ဆေးရရှိရေးကို ပထမဦးစားပေးအဖြစ် စီမံချက်ချထားတာပါ။ ရုရှားက ကိုယ်ပိုင်ကာကွယ်ဆေးကို အချိန်တိုအတွင်းထုတ်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ဆိုနေကြပါတယ်။

ကိုယ်ပိုင်ကာကွယ်ဆေးထုတ်နိုင်ဖို့ဆိုရင်..

Regulatory လို့ခေါ်တဲ့ ကာကွယ်ဆေးသုသေသနနဲ့ ထုတ်လုပ်ခြင်းဥပဒေအားကောင်းရပါမယ်။ ရုရှားက အဲ့ဒီအချက်အားနည်းတယ်လို့ ဆိုပါတယ်။ အဲ့ဒီကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ဥပဒေအားမကောင်းရင် သုသေသနရော ထုတ်လုပ်ရေးမှာပါ လုံခြုံစိတ်ချရမှုအားနည်းပါလိမ့်မယ်။

ရုရှားက နည်းပညာဆန်းသစ်တဲ့ ကာကွယ်ဆေးထုတ်လုပ်ပြီး approval လို့ခေါ်တဲ့ FDA ထောက်ခံချက်မျိုးရရှိဖူးတဲ့ ရာဇဝင်မရှိခဲ့ပါဘူး။ သို့သော် ရုရှားက adenovirus ကာကွယ်ဆေးကြိုးပမ်းမှု သမိုင်းကြောင်းတော့ရှိပါတယ်။

2014 ခုနှစ်တုန်းက အာဖရိက Guinea နိုင်ငံမှာ Russian-Guinean Research Centre ကို ကူးစက်ရောဂါအတွက်ဖွင့်ခဲ့ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ကာကွယ်ဆေးသုသေသနတွေ လုပ်ခဲ့ပါတယ်။

အခုရုရှားနိုင်ငံ Gamaleya Institute ရဲ့ Covid ကာကွယ်ဆေးက စမ်းသပ်မှုအချိန်တိုလွန်းနေတာရယ် သုသေသနအတွက် ဘယ်လောက်ပြင်ဆင်ထားလဲ မသိရပါ။

ရုရှားနိုင်ငံ Direct Investment Fund ရဲ့ CEO Dmitriev ကတော့ သူရောသူ့မိသားစုပါ အဲ့ဒီကာကွယ်ဆေးကို အပြည့်အဝယုံကြည်ပြီး ထိုးနှံထားပါတယ်တဲ့။ သူ့မိဘတွေက အသက် 70 ကျော်တွေလို့ ဆိုပါတယ်။

ပထမအဆင့် Phase 1 ကို ရုရှားစစ်တပ်က လူ 50 နဲ့ စမ်းတယ်လို့ ဆိုပြန်ပါတယ်။ အရင် ဇူလိုင် 15 ရက်တုန်းက ရုရှားဒုတိယဝန်ကြီးချုပ် Tatyana Golikova ပြောတုန်းကတော့ 26 ယောက်နဲ့ စမ်းသပ်တယ်လို့ ပြောထားတာပါ။ Gamaleya Institute ပထမအဆင့်စမ်းသပ်မှုရဲ့ ရလဒ်ကို ထုတ်ဖော်မပြောပါ။

အခု Gamaleya Institute ရဲ့ ရုရှား Covid ကာကွယ်ဆေးနည်းပညာက ရိုးရိုးတုပ်ကွေး ဗိုင်းရပ်စ်ကို Covid-19 ဖြစ်စေတဲ့ Sars-CoV-2 ဗိုင်းရပ်စ်ရဲ့ spike protein တွေတပ်ပေးပြီး လူကို Covid ခံနိုင်ရည် immunity ရှိလာအောင် ဆွပေးလိုက်တယ်လို့ ဆိုပါတယ်။

အဲ့ဒီနည်းကတော့ တရုတ်ပြည်က ကာကွယ်ဆေးကြိုးပမ်းနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ CanSino Biologics ရဲ့နည်းပညာဆင်ပါတယ်။ CanSino Biologics က ကနေဒါမှာ စမ်းသပ်ဖို့ ပြင်ဆင်နေတာပါ။ ကနေဒါဟာ ရုရှား ဟက်ကာတွေရဲ့ ဟက်ဖို့ကြိုးစားနေတဲ့ နိုင်ငံတစ်ခုမှာ ပါပါတယ်။

CanSino ရဲ့စမ်းသပ်မှုမှာ အဲ့ဒီကာကွယ်ဆေးက adenovirus ခံနိုင်ရည် immunity ရှိပြီးသားလူတွေမှာ diminished effect ရှိတယ်လို့ ဆိုပါတယ်။

Dmitriev ရဲ့အဆိုအရ ရုရှားဟာ adenovirus vector မတူတဲ့နှစ်မျိုးကို စမ်းသပ်နေပြီး Phase 3 စမ်းသပ်မှုကို ဩဂတ်စ်လ 3 ရက်နေ့မှာ လူထောင်နဲ့ချီပြီး စမ်းသပ်ပါမယ်တဲ့။ စမ်းသပ်မယ့်နေရာတွေကတော့ ရုရှား၊ ဆော်ဒီ နဲ့ ယူအေအီးနိုင်ငံတွေမှာစမ်းသပ်ပါမယ်တဲ့။

ရုရှားဟာ ဆေး dose ပေါင်း သန်း 30ကို 2020 မှာ ထုတ်နိုင်မယ်လို့ဆိုပါတယ်။ ဆေး dose သန်း 170 ကို နိုင်ငံခြားမှာထုတ်ဖို့ စိတ်ကူးထားပြီး ငါးနိုင်ငံက စိတ်ဝင်စားတယ်လို့ဆိုပါတယ်။ (အဲ့ဒီမှာ ဆေး dose လို့ သုံးရတာက စမ်းသပ်နေတုန်းမို့ ဆေးပမာဏကို အတိအကျမပြောနိုင်သေးလို့ပါ။)

တကယ်တော့ Covid ကာကွယ်ဆေးရဲ့ အရေးကြီးဆုံး အဆင့် 3 (Phase 3) ကို အနောက်နိုင်ငံတွေက လပေါင်းများစွာအချိန်ယူပြီး လူကိုအန္တရာယ် ရှိ မရှိ အသေအချာစမ်းသပ်ကြတာပါ။

ဒါ့ကြောင့် ရုရှားရဲ့ အချိန်တိုအတွင်းကာကွယ်ဆေးထုတ်ဖို့ကြိုးပမ်းမှုကို မေးခွန်းထုတ်နေကြပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ DSM Group ရဲ့ CEO ဖြစ်သူ Sergey Shulyak က “အခုအခြေအနေက ကာကွယ်ဆေးအတွက် အပြိုင်အဆိုင်လုပ်နေကြပြီး လုံလောက်တဲ့စမ်းသပ်မှု clinical trials တွေ မလုပ်ထားဘူး” လို့ ဆိုထားပါကြောင်း။

Richard Myo Thant
https://www.facebook.com/richard.myothant

========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top