လေယာဉ်မယ်အဖြစ်ကနေ မင်းသားခန့်စည်သူနဲ့ခင်မင်ရင်းနှီးပြီး မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကိုရောက်လာခဲ့တဲ့ ခင်သဇင်ဟာ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေခဲ့ပြီး အောင်မြင်မှုအသင့်အတင့်ရရှိနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဆုံးပါးသွားတဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ကိုလည်း မဆုံးပါးခင်ရော ဆုံးပါးပြီးရောမှာ ကူညီပေးခဲ့တဲ့ စိတ်စေတနာဖြူသူ တစ်ယောက်ပါ။
ပုံမှန်ဆို ဘယ်လိုကိစ္စတွေပဲရှိရှိ ခံနိုင်ရည်ရှိရှိဖြတ်သန်းနိုင်တဲ့ သူမဟာ ရုပ်ရှင်ရိုက်ကွင်းရှိတဲ့နေ့ မှာတော့ စိတ်ကအမြဲနုနယ်နေတတ်ပြီး နည်းနည်းလေးဆိုရင်တောင် ထိလွယ်ရှလွယ် အနေအထားဖြစ်နေခဲ့တယ်လို့ဆိုပါတယ်။ ရုပ်ရှင်မရိုက်ခင် မနက်ခင်းလေးမှာတင် အလုပ်နဲ့မဆိုင်နဲ့ အပြင်အဆင်မပြေမှုကြောင့် ငိုခဲ့ရတဲ့အကြောင်းကို ပရိသတ်တွေကို ရင်ဖွင့်လာခဲ့ပါတယ်။
ဒီအကြောင်းလေးကို ” ဇာတ်လမ်းတို သရုပ်ဆောင်မှုတစ်ခုအတွက် မန္တလေးကို ရောက်နေရင်း မနက်စောစောစီးစီး အပြင် အဆင်မပြေမှုသေးသေးလေးအတွက် ငိုပြီးသွားပြီ ရိုက်ကူးရေး နေ့တွေဆို အပြင် stress တွေ ခံနိုင်ရည်မရှိလို့ ရှူတင်မှာ အခန်းတံခါးပိတ်ပြီး တစ်ယောက်တည်း တိတ်တိတ်လေးနေလေ့ ရှိတယ် အခုလည်း သာမာန်နေ့တွေ ဘာလာလာ မဖြုံတတ်တဲ့ ကိုယ်က ရိုက်ကူးရေးနေ့တွေဆို ဘာလေးဖြစ်ဖြစ် ဘာတစ်ခုမှ ခံနိုင်ရည်မရှိနေဘူး ကိုယ့်ကိုကိုယ်လည်း အဲဒီအချက်ကို မကြိုက်ဆုံး သရုပ်ဆောင်အလုပ်ဆိုတာ စိတ်ခံစားချက်နဲ့ လုပ်ရတဲ့ အလုပ်ဆို တာ လူတွေသာ နားလည်ပေးရင် အရမ်းကောင်းမှာပဲ ” ဆိုပြီး ပြောပြခဲ့ပါတယ်။
credit-cele zone
ZAWGYI
မနက်စောစော အဆင်မပြေမှုတွေဖြစ်လို ဇာတ်လမ်းရိုက်ကာနီးမှာ ငိုခဲ့ရတယ် ဆိုတဲ့ ခင်သဇင်