(၇၂) ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ချီးကျုးပူးဇော်ပွဲအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည်ညို
ရန်ကုန်မြို့၊ ကမ္ဘအေးကုန်းတော်တွင် ယနေ့ (ဇူလိုင်၂ဝရက်) တွင်ကျင်းပခဲ့သည့် ၇၂ ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ချီးကျုးပူးဇော်ပွဲအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည်ညိုသည်။
အဆိုပါအခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်က ဆရာတော်ကြီးများထံလျှောက်ထားရာတွင် ဗုဒ္ဓသာသနာတော်မြတ်ကြီသည့် ဗုဒ္ဓဘုရားရှင်ဗျာဒိတ်ပေးတော်မှုခဲ့သည့်အတိုင်း သာသနာတော်နှစ် ငါးထောင်ပတ်လုံး အဓွန့်ရှည်တည်ပါစေကြောင်း လင်္ကာနှင့်တကွ ထည့်သွင်းလျှောက်တင်ခဲ့သည်။
“မြတ်စွာဘုရားရှင်၏ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးသည် ကြာရေကန်ဘောင်၊ ပမာဆောင်သော်၊ ကန်ဘောင်ပရိယတ်၊ ခိုင်မာလက်က၊ ပဋိပတ္တိရေ၊ တည်ကာနေ၍ ပဋိဝေဓရွှေကြာ၊ ပွင့်ဝေဆာကာ၊ သာသနာသုံးထွေ အဓွန့်ရှည့်၍ နှစ်ပရိစ္ဆေဒ၊ ကာလများမြောင်၊ ငါးထောင်ပတ်လုံး၊ ခေတ်ကုန်ဆုံးအောင်၊ တည်ပါစေကြောင်း၊ ဆုတောင်းမင်္ဂလာ၊ အာသီသပတ္တနာဖြင့် ဆုမွင်းကောင်းတောင်းရင်း ဘုရားတည်ပြည့်တော်၏ ချီးကျူးပူးဇာလျှောက်ထားလွှာကို နိဂုံးချုပ်အပ်ပါသည် ဆရာတော်အရှင်မြတ်တို့ဘုရား” ဟု စသည့်လင်္ကာဖြင့် ၄င်းက ဆရာတော်ကြီးများထံ ဆုမွန်ကောင်းတောင်းလျှောက်ထားခဲ့သည်။
အဆိုပါလင်္ကာ၏အနက်မှာ မြတ်စွာဘုရားရှင်၏ သာသနာတော်သုံးဖြာကို ရွှေကြာပန်းများ ပွင့်လန်းရာ ရေကန်နှင့် ပမာခိုင်နှိုင်းပါက ပရိယတ္တိသာသနာတော်သည် ကန်ဘောင်ကဲ့သို့ ကြံခိုင်မှုရှိကာ ပဋိပတ္တိသာသနာသည် ကန်ထဲရှိကြည်လင်းအေးမြသည့်ရေကဲ့သို့ဖြစ်ကာ ပဋိဝေဒသာသနာသည် ရေကြည်အေးတွင်ဝေဆာပွင့်ဖူးနေသည့် ရွှေကြာပန်းများကဲ့သို့ ပမာတူပြီး ယင်းသာသနာတော်သုံးဖြာသည် နှစ်ပေါင်းရှည်ကြာစွာ ဘုရားရှင်ဗျာဒိန်ပေးတော်မှုခဲ့သည့်အတိုင်း သာသနာတော်နှစ် ငါးထောင်ပတ်လုံး တည်တံ့ပါစေကြောင်းဖြစ်သည်။
ယင်းအပြင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မှုပြီး နှစ်ပေါင်း ၂၅၀၀ ကျော်တိုင် လူသားအားလုံးကို အကြွင်းအကျန်မရှိအမွေပေးခဲ့သည့် ဒေသနာတော်အဆုံးအမတို့သည် ယနေ့ထက်တိုင် မှုလအတိုင်းတည်ရှိနေသည်မှာ သံဃာတော်အရှင်မြတ်တို့၏ ကျေးဇူးတရားကြောင့်ဖြစ်ကြောင်း၊ ဘုရားရှင်၏ အဆုံအမတို့ကို နှုတ်တက်အာဂုံဆောင်ခြင်း၊ သဘောသွားအဓိပ္ပာယ်တို့ကို သင်ကြားပို့ချတော်မှုခြင်းတို့ဖြင့် လက်ဆင့်ကမ်းခဲ့သည့် သံဃာတော်အရှင်မြတ်တို့တွင် မြန်မာနိုင်ငံရှိသံဃာတော်များသည် ပရိယတ်၊ ပဋိပတ် ကြိုးစားဆောင်ရွက်မှုမှာ ယနေ့ထက်တိုင် အရှိန်အဟုန်ကောင်းလျှက်ရှိကြောင်း၊ ယင်းသို့ အရှိန်အဟုန်ကောင်းစေရန်အတွက် ပစ္စည်းလေးပါး ချီးမြှင့်လှူဒါန်းလျှက်ရှိသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ စေတနာ၊ သဒ္ဒါတရားတို့သည်လည်း အားကောင်းလျှက်ရှိသည့်အတွက် လွန်စွာ အားတက်ဝမ်းမြောက်မိရပါကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆရာတော်ကြီးများကို လျှောက်ထားခဲ့သည်။
တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးစာမွေးပွဲ နှစ်စဉ်တိုင်း မပျက်မကွက်ကျင်းပခဲ့သည်မှာ ၇၂ ကြိမ်ရှိပြီဖြစ်သော်လည်း ပထမဦးဆုံးအကြိမ် မင်းကွန်းဆရာတော်ကြီးမှစတင်ကာ သာသနာအာဇာနည် ၁၅ ပါးသာ ပေါ်ထွန်းသေးသည်မှာ ယခုစာမေးပွဲကြီး၏ ခက်ခဲနက်နဲမှုပင်ဖြစ်ကာ ယခုကဲ့သို့ တိပိဋကဓရ၊ တိပိဋကကောဝိဒ ဆရာတော်တပါးကိုထွက်ပေါ်သည်ကို ပူဇော်ခွင့်ရသည့်အတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်ခွင့်ရကြောင်း ၎င်းက လျှောက်ထားသည်။
ယခုနှစ် တိပိဋကဓရ၊ တိပိဋကကောဝိဒစာမေးပွဲတွင်အောင်မြင်တော်မှုခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ တိပိဋကမဟာဂန္တဝင်နိကာယ်ကျောင်းတိုင်းတိုက်မှ အရှင်ပညာဝံသဘိဝံသအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
TCM
=========================
(၇၂) ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ချီးကျုးပူးဇော်ပွဲအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည်ညို
ရန်ကုန်မြို့၊ ကမ္ဘအေးကုန်းတော်တွင် ယနေ့ (ဇူလိုင်၂ဝရက်) တွင်ကျင်းပခဲ့သည့် ၇၂ ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ချီးကျုးပူးဇော်ပွဲအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည်ညိုသည်။
အဆိုပါအခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်က ဆရာတော်ကြီးများထံလျှောက်ထားရာတွင် ဗုဒ္ဓသာသနာတော်မြတ်ကြီသည့် ဗုဒ္ဓဘုရားရှင်ဗျာဒိတ်ပေးတော်မှုခဲ့သည့်အတိုင်း သာသနာတော်နှစ် ငါးထောင်ပတ်လုံး အဓွန့်ရှည်တည်ပါစေကြောင်း လင်္ကာနှင့်တကွ ထည့်သွင်းလျှောက်တင်ခဲ့သည်။
“မြတ်စွာဘုရားရှင်၏ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးသည် ကြာရေကန်ဘောင်၊ ပမာဆောင်သော်၊ ကန်ဘောင်ပရိယတ်၊ ခိုင်မာလက်က၊ ပဋိပတ္တိရေ၊ တည်ကာနေ၍ ပဋိဝေဓရွှေကြာ၊ ပွင့်ဝေဆာကာ၊ သာသနာသုံးထွေ အဓွန့်ရှည့်၍ နှစ်ပရိစ္ဆေဒ၊ ကာလများမြောင်၊ ငါးထောင်ပတ်လုံး၊ ခေတ်ကုန်ဆုံးအောင်၊ တည်ပါစေကြောင်း၊ ဆုတောင်းမင်္ဂလာ၊ အာသီသပတ္တနာဖြင့် ဆုမွင်းကောင်းတောင်းရင်း ဘုရားတည်ပြည့်တော်၏ ချီးကျူးပူးဇာလျှောက်ထားလွှာကို နိဂုံးချုပ်အပ်ပါသည် ဆရာတော်အရှင်မြတ်တို့ဘုရား” ဟု စသည့်လင်္ကာဖြင့် ၎င်းက ဆရာတော်ကြီးများထံ ဆုမွန်ကောင်းတောင်းလျှောက်ထားခဲ့သည်။