သားလေးရဲ့ (၁) နှစ်ပြည့်မွေးနေ့မှာ ဗောဓိ ဓါတ်ပေါင်း စစ်ကိုင်ကျောင်းတိုက်မှာ အလှူအတန်းတွေပြုလုပ်ခဲ့ကြတဲ့ ဖေဖေအောင်သူနဲ့ မေမေ ပိုးအိအိခန့်

ပျော်စရာမိသားစုဘဝလေးကို အောင်အောင်မြင်မြင် ထူထောင်ထားနိုင်ခဲ့တဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့နှစ်ယောက် သားလေးရဲ့မွေးနေ့မှာ မွေးနေ့ပွဲလေးကျင်းပပေးခဲ့ကြပါတယ်။ မွေးနေ့အလှူလေးအဖြစ်နဲ့လည်း ဗောဓိ ဓါတ်ပေါင်း စစ်ကိုင်ကျောင်းတိုက်မှာ မဟာမြတ်ပဌာန်းပူဇော်ခြင်း၊ သိက္ခာထပ်မင်္ဂလာပြုခြင်း၊ ဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်း၊ သိမ်ဆင်းလောင်းခြင်း၊ ဒံပေါက်ဖြင့် ဆွမ်းကပ်လှူခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ဖေဖေကလည်း သားလေးအတွက် ” Happy Birthday ပါသားရေ သားရဲ့ပထမဆုံးမွေးနေ့မှာ ပီတိလည်းအရမ်း ဖြစ်ရတယ် အလှူစုံကိုလည်းလှူရတယ် သားတွက်အဓိပ္ပာယ်ရှိတဲ့အရာတွေ လုပ်ပေးရတဲ့တွက် အတိုင်းမသိဝမ်းသာမိတယ် ပြီးတော့ သားလေးလူ့လောကကြီးထဲမှာ လူပီသတဲ့ သားကောင်းသားမြတ်လေးဖြစ်ပါစေလို့ အဖေဆုတောင်း ပေးပါတယ်နော် ” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါသေးတယ်။

မေမေကလည်း ” သားလေးရေ ဘာလိုလိုနဲ့ (၁) နှစ်တောင်ပြည့်သွားပြီ ဒီနေ့ သားလေးမွေးနေ့ မှာ အလှူဒါန မျိုးစုံရော ပျော်ရွှင်စရာမျိုးစုံပါ မေမေရော ဖေဖေပါ စီစဉ်ဖန်တီးပေးခဲ့တယ် ဒီလို လုပ်ပေးခြင်းက အခုအရွယ် သားလေးမသိ သေးဘူးဆိုတာ မေမေသိပေမယ့် သားလေးတစ်ချိန် အရွယ်ရောက်လို့ ပြန်ကြည့်တဲ့အခါ သားလေးရဲ့ ပထမဦးဆုံးမွေး နေ့လေးမှာ ဒီလိုပျော်စရာ အမှတ်တရလေးတွေ ရှိခဲ့ပါလားလို့ ပီတိဖြစ်ရအောင် မေမေနဲ့ ဖေဖေက စီစဉ်ပေးတာပါ သားလေးရေ မေမေ့သားလေး ဘဝတစ်သက်တာမှာ မပူမပင် မကြောင့်မကြ နေနိုင်ပါစေ ပညာတတ်လူတော်လူကောင်း လူလိမ္မာတစ်ယောက်ဖြစ်ပါစေ ကိုယ်ချင်းစာတရားကို အပြည့်အဝနားလည်တဲ့ ယောကျာ်းကောင်းယောကျာ်းမြတ်တ စ်ယောက်ဖြစ်ပါစေ အရိပ်ကောင်းကောင်းပေးနိုင်တဲ့ သစ်ပင်ကောင်းကြီးအလား ကိုယ့်အကျိုးထက် အများအကျိုးကို ကူညီစောင့်ရှောက်ပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ မေမေ ဆုမွန်ကောင်းတောင်းပေးပါတယ်သားလေးရေ သားကို သိပ်ချစ်တဲ့မေမေ ” ဆိုပြီး ရင်တွင်းစကားလေးတွေ ဖွင့်ဟခဲ့ပါတယ်။

credit-cele zone

ZAWGYI

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top