ဒီစာကို အစောကြီးကတည်းကရေးဖို့ပါ ကိုယ်တိုင်မမြင်သေးပဲနဲ့ရေးရင် လျှာရှည်တယ် ဖြစ်မစိုးလို့ စစ်ကိုင်း၊ တံတားဦးဘက်ကနေ မန္တလေးထဲဝင်မယ့် ယာဉ်များ
အမြန်လမ်း တံခွန်တိုင်အဝိုင်းဘက်ကနေ ပတ်ဝင်ကြပါ မန္တလေးကနေ စစ်ကိုင်း၊ တံတားဦးဘက်ကို ထွက်မယ့်ယာဉ်များလည်း ရန်ကုန်မန္တလေးလမ်းကနေ တံခွန်တိုင်အဝိုင်း အမြန်လမ်းဘက်ကနေ ပတ်ထွက်ကြပါခင်ဗျာ
အမရပူရမြို့တွင်း ယာဉ်ကြောပိတ်ဆို့နေပါပြီ အမရပူရမြို့တွင်းလမ်းကို ကူညီထောက်ပံ့ရေးလမ်းကြောင်းအဖြစ်သာ ထားသင့်ပါတယ် ခင်ဗျာ…
လေးစားစွာဖြင့် ဇော်သစ်
မန္တလေးလမ်း ခေတ္တပိတ်ခြင်းအား အသိပေးခြင်း။
စစ်ကိုင်းဘက်မှမန္တလေးမြို့သို့ သွားမည့် ကား၊ဆိုင်ကယ် ယာဉ် အားလုံး ရတနာပုံတံတားအဆင်း နှာပေါက်မှ မြစ်ငယ်ဘက်သို့ သွားသောလမ်းအတိုင်းသာသွားရပါမည်။
မန္တလေးမြို့သို့ (အမရပူရဘက်) သွားသောလမ်းအား ခေတ္တပိတ်ထားကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ ။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း
PH-09779900100/09792119119
မုံရွာ ပခုက္ကူ ရွှေဘိုဘက်မှ မန္တလေးသို့ ဝင်မည့် ကားများ ရွှေခဲရေထိန်းတံခါး တာဘောင်ကျိုးပေါက်မှုကြောင့် စစ်ကိုင်း – မန္တလေး ကမ်းနားလမ်းမှ ဖြတ်သွားလို့ မရပါ။
အမရပူရမြို့တွင်းလမ်းလည်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသဖြင့် လမ်းပိတ်နေပါတယ်။ Google Map ကို ကြည့်ပါ။
စစ်ကိုင်းနှာပေါက်နားထိ ကားတန်းရှည်သည့်အတွက် ဘယ်ကိုချိုး၍ မြစ်ငယ်လမ်းကနေ သွားတာ ပိုအဆင်ပြေပါမယ်။
Khin Cho Oo
ယခုနေ့လည်၁နာရီ၃၀မိနစ်အခြေအနေ တာရိုးကျိုးတဲ့ အပေါက်ကြီး ကျယ်သထက်ကျယ်လာပါပြီ။
ဘေးကိုတိုက်စားလာပြီး ရေlevelကျမသွားပါဘူး။ အရှိန်အဟုန်ကောင်းကောင်းစီးဝင်နေဆဲပါ။
ဘယ်လောက်ထိဝင်မလဲဆိုရင် မတားဆီးရင် မြစ်ရေနဲ့ levelညီတဲ့အထိဝင်နေမှာပါ။ ဘယ်နေရာတွေထိရောက်မလဲဆိုတာက မြစ်ရေတက်တဲ့ထိရောက်မှာပါ။
ဘယ်အချိန်မှာရပ်သွားမလဲဆိုရင် အဲ့အပေါက်ကြီးပိတ်မှရပ်မှာပါ။ သံဇကာနဲ့ကျောက်ချနေကြပြီလို့သိရပါတယ်။ ပြီးဖို့အချိန်၃ရက်လောက်ကြာမယ်တဲ့။ အလုပ်ဖြစ်မယ် မဖြစ်ဖူးကတော့ လုပ်ကြည့်ပြီးမှသိရမှာပါ။
လတ်တလောက ရေတွေက ဝင်သထက်ဝင်လာပြီမို့ ကယ်ဆယ်ရေးတွေ ရွေ့ပြောင်းရေးတွေ တွန်းလုပ်နေကြကြောင်းပါခင်မျာ။