အသက် ၈၀ကျော်မှာ ဘိုးဘွားရိပ်သာ အတူသွားခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်

ဖွားဖွား Olive Woodward နဲ့ ဖွားဖွား Kathleen Saville တို့ဟာ အသက် ၁၁ နှစ်ကတည်းက ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်ခဲ့ကြတာပါ။ အခုဆို နှစ်ယောက်လုံးဟာ အသက် ၈၉နှစ်ရှိပါပြီ။ ဒါပေမဲ့ ခုချိန်ထိ bff တွေ ဖြစ်နေကြတုန်းပါပဲ။

Kathleen ရဲ့အမျိုးသားကတော့ ၁၉၈၉ ခုနှစ်တုန်းက ကွယ်လွန်ခဲ့ပါတယ်။ သားသမီးတော့ မထွန်းကားခဲ့ပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်ကပဲ Berry Hill Park ဘိုးဘွားရိပ်သာကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ Olive မှာတော့ သမီး၂ယောက်၊ မြေး ၅ယောက်နဲ့မြစ် ၄ယောက် ရှိပါတယ်။ Olive ရဲ့အမျိုးသားကတော့ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

အခုဆိုရင်တော့ ဖွားဖွားတို့နှစ်ယောက်ဟာ အတူတူ ဘိုးဘွားရိပ်သာမှာနေထိုင်နေကြပါပြီ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး အခုလိုမျိုး ရှည်ကြာရတဲ့ လျှို့ဝှက်ချက်ကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

Kathleen ပြောတာကတော့ :

“အဖွားတို့ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြပြီး အခုထိလည်း ကြည့်ကောင်းနေကြဆဲပဲ။ ကိုယ်ထင်တာကို ဖလှယ်ကြတယ်၊ ဒါပေမဲ့ ဘယ်တော့မှ အငြင်းအခုန်မလုပ်ဘူး။ Olive က သူငယ်ချင်းကောင်းပါ။ အဖွားလိုအပ်တဲ့အချိန်တိုင်း သူအမြဲရှိနေပေးတယ်။ အခုဒီမှာ Olive ရှိနေတာ အရမ်းဝမ်းသာတယ်။ အခုဆိုရင် နှစ်ယောက်သားက မြှီးကောင်ပေါက် ကျောင်းသူလေးတွေလို အလှတွေလည်း ပြင်ကြတယ်။ Olive ကိုတွေ့လိုက်တဲ့အချိန်ကစပြီး အဖွားတို့နှစ်ယောက်ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်ကြလိမ့်မယ်လို့ စိတ်ထဲမှာ ခံစားမိခဲ့တယ်။ Olive က အဖွားအတွက် အရမ်းအရေးပါတဲ့သူတစ်ယောက်ပါ။ တကယ်လို့ Olive အရင် ဆုံးသွားခဲ့ရင်လည်း သူက အဖွားကို လာခေါ်မှာပဲ။ အဖွားတို့က နတ်ပြည်ထိ သူငယ်ချင်းကောင်းတွေ ဖြစ်နေမှာ”

Olive ကလည်း အခုလိုပဲ ပြန်ပြောပြခဲ့ပါတယ်။

“သူမက ပျော်တတ်ပြီး အရယ်သန်တယ်။ အဖွားတို့က အငြင်းမပွားဘူး။ ခုချိန်ထိလည်း ကိုယ့်ကိုယ်ကိုယ်ရော၊ တစ်ယောက်နဲ့တစ်ယောက်ပါ ကြည့်ရှုစောင့်ရှောက်နိုင်သေးတယ်။ သူမကို သူငယ်ချင်းအဖြစ်ရရှိတာ အဖွားအရမ်း ကံကောင်းတယ်။ အမှတ်တရတွေ အများကြီး လုပ်ခဲ့ကြတယ်။ နောက်လည်း ဒီထက်မက လုပ်အုံးမယ်။ Kathleen ဘိုးဘွားရိပ်သာကို ပြောင်းသွားတော့ လွမ်းလွန်းလို့ စနေနေ့တိုင်း နေ့လည်စာ အတူသွားစားတယ်။ နောက်တော့ ငါလည်းပြောင်းတော့မယ်ဆိုပြီး ပြောင်းလာခဲ့တာပဲ။ အဖွားမှာ စိတ်ညစ်စရာရှိတိုင်း Kathleen ဆီလာလိုက်ရင် နှစ်ယောက်သား ရယ်မောရင်းနဲ့ စိတ်ညစ်စရာတွေ မေ့ကုန်ရော။”

ကဲ မပြောဘူးလား။ ဆေးပေးမီးယူဖို့အတွက် မဖြစ်မနေ အိမ်ထောင်ပြုဖို့ မလိုပါဘူးဆို။

Ref; 9gag.com

=========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top