ဗမာကြက်တစ်ကောင်ကို သိန်း ၃၉၀ နဲ့ ရောင်းလိုက်ရပြီ

ဈေးထဲမှာ ကြက်တစ်ကောင်ဝယ်ရင် ၁ သောင်းအပြင် ပိုမပေးရပါဘူး… ဒါပေမဲ့ တိုက်ကြက်ဆိုတဲ့ အမျိုးက ကောင်းရင် ကောင်းသလို သိန်းပေါင်းရာချီ တန်ဖိုးရှိတာပါ…

အထူးသဖြင့် မြန်မာတိုက်ကြက်တွေဟာ မာတယ်သန်တယ်..ပွဲနိုင်တယ်..ဆိုတဲ့ ဂုဏ်သတင်းတွေကြောင့် ဈေးကြီးပါတယ်…ယခုလည်းပဲ ဗမာမျိုးစပ်တဲ့ တိုက်ကြက်တစ်ကောက်ကို ထိုင်းနိုင်ငံမှာ သိန်း ၃၉၀ နဲ့ အရောင်းထွက်ခဲ့ပါတယ်…

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆာရာဖီခရိုင်ရှိ Sum-an ဆိုတဲ့ တိုက်ကြက်မွေးမြူရေးခြံကနေ ၁၆ လသား တိုက်ကြက်တကောင်ကို ဘတ်ငွေ တသန်း (မြန်မာငွေကျပ်သိန်း ၃၉၀ ဝန်းကျင်)နဲ့ အရောင်းထွက်ခဲ့ပါတယ်…ဒီကြက်ကို ထိုင်းအခေါ် Phama Mahwing၊ ဗမာကြက်-ထိုင်းကြက် မျိုးစပ်ဖြစ်ပြီး ၃ ပွဲနိုင် ရှုံးပွဲမရှိစံချိန်ရရှိထားတယ်လို့ သိရပါတယ်….

ဒီကြက်ကိုတော့ အသက် ၃၆ နှစ်အရွယ် ချွန်ဂျစ်က ဘတ် ၈ သောင်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုသုံးပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့ပြီးနောက် တန်ဖိုးမြင့်တက်လာခဲ့ပြီး လူတစ်ဦးကနေ ဘတ် ၁ သန်းနဲ့ ဝယ်ယူသွားခဲ့တာပါ…..

ခုလို ဝယ်ယူခဲ့တာနဲ့ ပတ်သက်ပြီး အသက် (၃၀) အရွယ် စဝ်စံနံတက “သူ့ရဲ့ ဒုတိယပွဲနဲ့ တတိယပွဲကို ကြည့်ပြီးကြိုက်သွားတယ်။ ဒုတိယပွဲဆိုရင် ၁၆မိနစ်နဲ့ အနိုင်ရခဲ့တာပါ…. အဲဒီ ကတည်းကဝယ်ချင်တာ” လို့ ဆိုခဲ့ပါတယ်….ကဲ ပရိသတ်ကြီးရေ ကြက်တစ်ကောင်ကို သိန်း ၃၉၀ တဲ့နော်….စိတ်ကူးမလွဲနဲ့ ကြက်တွေ မွေးချင်မွေးထားအုံးနော်…

[Unicode]

RELATED POSTS

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top