ဂျပန်နိုင်ငံရဲ့ တစ်ဆူတည်းသော မြန်မာစေတီကို ယဥ်ကျေးမှုစာရင်းသွင်းရန်စီစဥ်

ဂျပန်နိုင်ငံရဲ့ တစ်ဆူတည်းသော ဗုဒ္ဓဘာသာဘုရား စေတီဖြစ်တဲ့ မိုဂျိကမ္ဘာအေးစေတီကို ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တရားဝင်သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

မိုဂျိကမ္ဘာအေးစေတီကို ဒုတိယကမ္ဘာစစ်အတွင်းက မိုဂျိဆိပ်ကမ်းမှ စစ်ထွက်ခဲ့ပြီးနောက် စစ်မြေပြင်မှာ ကျဆုံးခဲ့သူများအတွက် ရည်စူးကာ ခိတကျူရှူမြို့ရှိ မိုဂျိအရပ်၌ ၁၉၅၈ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါစေတီဟာ ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသော ဗုဒ္ဓဘာသာ စေတီတစ်ဆူဖြစ်ကြောင်းလည်း သိရပါတယ်။ မိုဂျိ ကမ္ဘာအေးစေတီတော်၏ ထူးခြားချက်မှာ စေတီ၏ အနောက်တောင်၊ အရှေ့တောင်နဲ့ အနောက် မြောက်စသည့် အရပ်သုံးမျက်နှာဆီသို့ မုခ်ဦးဝင်ပေါက်များရှိပြီး စေတီတော်ရဲ့ အောက်ပိုင်းကို ကျောက်ပြားနဲ့ အပေါ်ပိုင်းမှာ ရွှေပြားများကပ်ကာ တည်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ စေတီတော်မှာ သာသနာပြုရန် မြန်မာနိုင်ငံ အစိုးရက စေလွှတ်ထားတဲ့ ရဟန်းတော်များ သီတင်းသုံးနေထိုင်လျက်ရှိပါတယ်။

မိုဂျိကမ္ဘာအေးစေတီတော်ကို မြန်မာ့ဗိသုကာ ပညာရှင်များအား ဖိတ်ခေါ်ပြီး မြန်မာစေတီပုထိုးများ၏ ပုံသဏ္ဌာန်အတိုင်း တည်ထားကိုးကွယ်ခဲ့ကာ ဂျပန်နိုင်ငံအတွက်လည်း ထူးခြားရှားပါးသော စေတီတစ်ဆူဖြစ်သည့်အတွက် နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ရန်တင်ပြထားကြောင်း သိရပါတယ်။

Ref – NHK Japan

========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top