မြန်မာပြည် အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေရသည့် ကိုဗစ်လူနာ တစ်ဦးမှမရှိတော့

မြန်မာပြည် အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေရသည့် ကိုဗစ်လူနာ တစ်ဦးမှမရှိတော့…

လက်ရှိမြန်မာနိုင်ငံမှာ အထူးကြပ်မတ်ကုသမှု ခံယူနေရတဲ့ Covid-19 ပိုးတွေ့အတည်ပြုလူနာ တစ်ဦးမှ မရှိဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

ဇူလိုင်လ (၂၀) ရက် မနက်ပိုင်းက ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး)ကို သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေကို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ် ဒေါက်တာမြင့်ထွေးက အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဇူလိုင်လ (၂၀) ရက်မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာ (၃၄၁) ဦးရှိပြီး အဲဒီအထဲက အထူးကြပ်မတ်ကုသမှု ခံယူခဲ့ရသူ (၂၀) ဦးနဲ့အသက်ရှုစက် (ventilator) အသုံးပြုခဲ့ရသူ (၅) ဦးသာ ရှိခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီး ဒါဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဦးဆောင်မှု၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနဲ့ ပြည်သူများ အားလုံး ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကိုဗစ် ဒုတိယလှိုင်း မဖြစ်ပွားစေရေးအတွက်တော့ နယ်စပ်ဝင်/ထွက်ပေါက်တွေနဲ့ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုနေရာတွေမှာ သတ်မှတ်ချက်၊ စည်းကမ်းလမ်းညွှန်ချက်တွေနဲ့ အညီ တိကျစွာ ဆောင်ရွက်မှုရှိ/မရှိကို ဆန်းစစ်အကဲဖြတ်တာတွေ ဆောင်ရွက်သွားရမယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင်လ (၂၀) ရက် ည (၈) နာရီအထိ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၄၁) ဦးထဲမှာ ရောဂါပိုးကင်းစင်လာသူ (၂၇၈) ဦးရှိပြီး ၎င်းတို့အနက်က (၂၆၅) ဦးကို ဆေးရုံက ဆင်းခွင့်ပြုကာ သတ်မျတ်နေရာတွေမှာ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုတာတွေ ပြုလုပ်ထားပါတယ်။

မြန်မာပြည်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေထဲက ဒီကနေ့အထိ သေဆုံးသူအရေအတွက် (၆) ဦးသာ ရှိပါတယ်။

=========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top