ရုပ်ချောတဲ့သူတွေ အချစ်ရေးမှာ ကံ မကောင်းတတ်ဟု စိတ်ပညာရှင်တွေ ပြော

ဒီလူက အချစ်ရေးကံ ကောင်းလိုက်တာ၊သူက အချစ်ရေး ကံ ဆိုးလိုက်တာ ..ဆိုတဲ့ စကားမျိုး ကိုယ့်ပတ် ဝန်းကျင်မှာ ခဏ ခဏ ကြားဖူးကြမှာပါ။တစ်ချို့က ကာယကံရှင်ရဲ့ အမှား ကြောင့် အချစ်ရေးကိစ္စ နဲ့ ပတ်သက်လာရင် အဆင် မ ပြေ တာ မျိုး တွေ ရှိ ပေမယ့် တစ်ချို့ ကျ တော့လည်း ကာယကံ ရှင် ဘက်ကာ အကုန် ကောင်း၊အကုန် ပြည့် စုံ နေ တဲ့ ကြားက အချစ်ရေး ကံမှာ ညံ့ နေကြတာပါ။အချစ်ရေး ကံ မ ကောင်းရတဲ့ အ ကြောင်းအရင်းတွေနဲ့ ပတ်သက် ပြီး ပညာရှင် တွေရဲ့ လေ့လာ တွေ့ရှိချက် တစ်ခုကို တော့ marieclaire မှာ ဖော်ပြထားပါတယ်။

Image:IG/kyo
အဲ့ဒီ လေ့လာကို တော့ Harvard တက္ကသိုလ် မှာရှိတဲ့ ဆိုရှယ် စိတ် ပညာရှင် တွေ ကပြု လုပ်ခဲ့တာပါ။အဲ့ဒါက တော့ ရုပ် ချော တဲ့သူတွေ၊ရုပ်ပိုင်းဆိုင်ရာ ဆွဲ ဆောင်မှုရှိတဲ့ သူတွေ ဟာ အချစ်ရေး မှာ များ သော အားဖြင့် ကံ မ ကောင်း တတ် ကြ ဘူး လို့ ဆိုပါတယ်။ရုပ် ချော တဲ့ သူတွေက သူတို့ရဲ့ Relationship ကို တည်မြဲ အောင် ထိန်းတဲ့ နေရာမှာ ပို ခက်ခဲပြီး ရုန်း ကန် ကြရ တယ်လို့ ဆိုပါတယ်။လေ့လာမှုမှ ဒါရိုက်တာ Christine Ma-Kellams က ပြော ရမှာ တော့ သူ မ အ နေနဲ့ ဒီ လေ့လာမှု အပေါ် စိတ်ဝင်စား ကြောင်း၊ရုပ် ချော တဲ့ သူ တွေ မှာ ကံ ကောင်းတာတွေ များတယ်ဆိုတာ မျိုးကိုပဲ တော် တော် များများ တွေ့ ဖူး တယ်လို့ ဆိုပါတယ်။ရုပ် ချောတဲ့ သူတွေ က ပိုက်ဆံရှာရ လွယ်တယ်၊လုပ်ငန်း ခွင် မှာ ပို နေရာ ရ လွယ်တယ်၊ကျောင်း၊ အလုပ်နဲ့ လူ့ အသိုင်း အဝိုင်း မှာ ပိုပြီး စိတ်ဝင်စားမှု ခံရတယ်ဆိုတာ မျိုးေ တွ အများကြီးရှိ တယ်လို့ ဆိုပါတယ်။အခု လေ့လာမှု မှာတော့ သူမ ရလိုက်တဲ့အ ဖြေ က တော့ ရုပ်ချော တဲ့ သူတွေ ဟာ အချစ် ရေး အဆင် မပြေ တတ်ကြဘူးဆိုတဲ့ အချက်ပါ။ဒီလို ဘာ ကြောင့် ဖြစ်ရတာလဲ ဆိုတာကိုလဲ Ma-Kellams က ခုလို ရှင်းပြခဲ့ပါတယ်။ွေ

Image:IG/Ahn Jae Hyun
ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ အချက်က Relationship တစ်ခု အ ပေါ် ရိုက်ခတ်မှုတွေ အများကြီးရှိ ကာ ပြင်ပက ခြိမ်းခြောက် မှု တွေ အတွက် ကာကွယ်ဖု့ိ ပိုပြီး ခဲယဉ်းတယ် ဆိုတဲ့ အချက်ကို ဖြစ် စေပါတယ်။ရွေးချယ်စရာ တွေ အများ ကြီး ရှိတယ်ဆိုတဲ့ အချက်က အဲ့ဒီ Relationship ခိုင်မြဲ ဖို့ အတွက် အ တားအဆီး ဖြစ်စေ တယ်လို့ ပြောခဲ့ပါတယ်။ ဒီ လေ့လာမှု က တော့ လက်ရှိ ပတ်ဝန်းကျင်မှာ ဖြစ် နေတဲ့ စုံ တွဲ တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် လည်း တော်တော် လေး ဖြစ်နိုင် ချေ ရှိပါတယ်။ရုပ် ချော တဲ့ အခါ လူရှိန်ပြီး လာမကြိုက်ရဲတာ၊မကပ်ရဲတာတွေ ကြောင့် နာမည်ကြီး ထမင်းငတ် ဖြစ်ရတာ မျိုးတွေ လည်း အများကြီးပါ။ရုပ် ချော တဲ့ သူတွေ ချစ်သူ ရည်းစားထားရင်လည်း ချစ်သူရဲ့ သ ဝန် တို ၊စိတ်မချ မှု တွေ ကြောင့် နောက်ဆုံး အဲ့ဒီ Relationship ပြိုကွဲ ရတာ မျိုးတွေ လည်း အများကြီးရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top