စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်သူတွေ ဘယ်တော့မှ မလုပ်တတ်တဲ့ အရာ (၇) ခု |

သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဆိုတာ သေချာရဲ့လားဆိုတာ အောက်က အချက် (၇) ချက်နဲ့ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်လိုက်ပါ။

(၁) ဘယ်တော့မှ မဖုံးကွယ်ဘူး

စိတ်ပိုင်းဆိုင်ရာအရကြံ့ခိုင်သူတွေဟာ သူတို့ရဲ့ခံစားချက်တွေကို မဖုံးကွယ်တတ်ပါဘူး။ မဖုံးကွယ်တတ်ဘူးဆိုပေမယ့်လို့ စိတ်တွေထိန်းမရသိမ်းမရဖြစ်ပြီး ဖွင့်ပြောနေတာမျိုးလည်းမဟုတ်ပါဘူး။ ဥပမာ ပြင်းထန်တဲ့ ဝေဖန်မှုတွေကြုံလာတဲ့အခါကျရင် လဲကျသွားမှာမဟုတ်ဘဲ ပြန်လည်ပြင်ဆင်ပြီး ရှေ့ဆက်နိုင်တဲ့လူမျိုးတွေပါ။

(၂) အတိတ္မွာမေနဘူး

ဘယ်လောက်ပဲ ဆိုးရွားလှတဲ့ အတိတ်တွေကိုပဲဖြစ်ဖြစ် အတိတ်ကိုအတိတ်မှာပဲထားခဲ့တတ်တဲ့လူစားမျိုးတွေပါ။ ပြောင်းလဲလို့မရတဲ့ အတိတ်နဲ့ပတ်သက်ပြီး ပြန်သယ်လာတာဆိုလို့ သင်ခန်းစာတွေပဲရှိပါတယ်တဲ့။

(၃) လိုက္မေယာင္ဘူး

တခြားလူတွေရဲ့လွှမ်းမိုးခြင်းကို လုံးဝမခံတဲ့ လူစားမျိုးတွေပါ။ အားနာလို့လိုက်လုပ်ရတာမျိုး၊ ကြောက်လို့လိုက်လုပ်ရတာမျိုးတွေ သူတို့ဘဝမှာလုံးဝမရှိဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ၊ စိတ်ဆန္ဒတွေနဲ့ပဲ ရှင်သန်လေ့ရှိပါတယ်။

Pexels- Moose Photos
(၄) စည်းကျော်တာမျိုးမကြိုက်ဘူး

ကိုယ်တိုင်လည်း သူများအပေါ်စည်းရှိသလို သူများတွေကိုလည်း ကိုယ့်ကို စည်းကျော်တာကို မကြိုက်ပါဘူး။ စည်းဆိုတာမျိုးက လူ့လောကမှာ ရှိသင့်ရှိထိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ့။ သူများကို အနိုင်မကျင့်တာမျိုး၊ သူများချစ်သူနဲ့ နီးနီးစပ်စပ်မနေတာမျိုး၊ အတင်းမတုတ်တာမျိုး စသဖြင့်ပေါ့။ွ

(၅) ခေါင်းမမာဘူး

စိတ်ဓာတ်ကြံ့ခိုင်ခြင်းဟာ ခေါင်းမာတာမဟုတ်ပါဘူးနော်။ ကိုယ်သာလျှင်အမှန်ဆိုတဲ့ စိတ်ထားကို ဘယ်လောက်မှ လက်ကိုင်မထားပါဘူး။ သူများတွေပြောတဲ့ အကြံပေးစကားတွေကိုလည်း နားထောင်တတ်တဲ့လူမျိုးပါ။ လက်ခံသင့်မခံသင့်ဆိုတာကတော့ ဉာဏ်သုံးပြီး ဆင်ခြင်တာပေါ့။

Pexels- Moose Photos
(၆) အမှားတွေအတွက် အပြစ်မတင်တတ်ဘူး

တစ်ဖက်သားက ကိုယ့်ကိုလာမှားရင်တောင်မှပဲ ဒေါသတွေထွက်ပြီး အပြစ်မတင်တတ်တဲ့လူမျိုးတွေပါ။

(၇) ပြီးပြည့်စုံမှုကို မလိုချင်တဲ့လူမျိုးတွေ

လောကမှာ ဘယ်အရာမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဒီသဘောတရားကို လက်ကိုင်ထားသူတွေမလို့ ကိုယ့်ကိုယ်ကို မဖြစ်နိုင်တာတွေအတွက် တွန်းအားပေးပြီး စိတ်ပင်ပမ်းမခံနေပါဘူး။ ဉာဏ်နဲ့ချင့်ချိန်စဉ်းစားပြီး အဖြစ်သင့်ဆုံးတွေကိုပဲ တြဖေးတဖြေးချင်း ပန်းတိုင်ကိုရောက်အောင်သွားတတ်ပါတယ်။ နောက် ကိုယ်တိုင်နဲ့ပတ်သက်ပြီး သိမ်ငယ်မှုတွေ ယုံကြည်မှုပျောက်ကင်းတာတွေ လုံးဝမဖြစ်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top