အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

COVID-19 ရောဂါအန္တရာယ်ကြောင့် အခြေခံပညာအထက်တန်းကျောင်းများကို ပုံမှန်ကျောင်းဖွင့်ချိန်ထက် ၂ လနီးပါးနောက်ကျပြီး ယနေ့ ဇူလိုင် ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်သည်။

ကျောင်းသူကျောင်းသားများ ကျောင်းဝင်းအတွင်းသို့ဝင်ရောက်ချိန်တွင် အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ တဦးနှင့်တဦး ၆ပေခွာ၍နေထိုင်စေခြင်းများ ပြုလုပ်စေသည်။

ကိုဗစ်အန္တရာယ် လုံးဝ ကင်းစင်သွားခြင်းမဟုတ်သော်လည်း ကျောင်းသူကျောင်းသားများ ပညာသင်ယူခွင့်မဆုံးရှုံးစေရေးအတွက် ယခုလိုဖွင့်လှစ်ခြင်းဖြစ်ကြောင်း
ပညာရေးဝန်ကြီးဌာမှတာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများအတွက် Faceshield နှင့် နှာခေါင်းစည်းများ အခမဲ့ ပံ့ပိုးပေးသည်။

မိုးသောက်(ဒဂ‌ုံ)

==================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top