ရောင်းစားဖို့ ကားပေါ်ပါသွားတဲ့ သူငယ်ချင်းနွားနောက် ကို တောက်လျှောက်လိုက်ခဲ့တဲ့ နွားလေး။ လူတော်တော်များများက တိရစ္ဆာန်တွေဟာ အဟိတ်တိရစ္ဆာန်ဖြစ်တာကြောင့် အသိဉာဏ်နဲ့
ချစ်ခြင်းမေတ္တာ မရှိနိုင်ဘူးလို့ ထင်နေကြပုံပါပဲ။ တစ်ကယ်တမ်းတော့ သက်ရှိအရာမှန်သမျှမှာ ချစ်ခြင်းမေတ္တာဆိုတာ ရှိပါတယ်။ ဒါကို သက်သေပြသွားတာကတော့ နွားကလေးတစ်ကောင်နဲ့
ကျွဲကလေးတစ်ကောင်ပါပဲ။ ပိုင်ရှင်ဟာ ငွေလိုတာကြောင့် သူ့ရဲ့နွားကို ရောင်းဖို့ ကားပေါ်ဆင်ပြီးမောင်းထွက်သွားတဲ့ အနောက်ကို သူငယ်ချင်းဖြစ်သူ ကျွဲကလေးဟာ အဆိုကားနောက်ကနေ
တစ်ကောက်ကောက်လိုက်ခဲ့ကြောင်း Storypickသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အိန္ဒိယနိုင်ငံ၊ Madurai ပြည်နယ်ရှိ Palamedu မြို့မှာ ကြေကွဲဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်ခု
ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါမြို့မှာ နေထိုင်သူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် Muniandiraja လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဆီမှာ နွားတစ်ကောင်နဲ့ ကျွဲတစ်ကောင် ရှိပါတယ်။ အဆိုပါ
နှစ်ကောင်လုံးဟာ ငယ်ငယ်လေးကတည်းက မွေးမြူရေးခြံထဲမှာ အတူတူကြီးပြင်းလာတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ကျတော့ Muniandiraja ဟာ ငွေရေးကြေးရေးအခက်အခဲကြောင့်
နွားကလေးကို အခြားလူတစ်ယောက်ဆီမှာ ရောင်းချဖို့ သဘောတူခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုပါနွားကလေးကို အခြားပိုင်ရှင်သစ်ဆီကို လွှဲပြောင်းပေးဖို့အတွက် ထရပ်ကားတစ်စီးငှားပြီး ကားပေါ်
တင်ကာ မောင်းထွက်လာခဲ့ပါတယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကားထွက်သွားတာနဲ့ နွားကလေးရဲ့ သူငယ်ချင်းဖြစ်သူ ကျွဲကလေးဟာ ကားနောက်ကနေ
တောက်လျှောက်လိုက်လာခဲ့ပါတယ်။ နောက်ဆုံးတော့ ကားကိုပါ ရက်ပစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ကျွဲကလေးဟာ ကားအနားမှာရပ်ပြီး သူ့သူငယ်ချင်းနွားကလေးကို နောက်ဆုံးအနေနဲ့
အချိန်တော်တော်ကြာန ှုတ်ဆက်ခဲ့ပုံပါပဲ။ ဒီအဖြစ်အပျက်ကို Muniandiraja က ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။ ဒီဗီဒီယိုကို ကြည့်တဲ့လူ တော်တော်များများကလည်း
မတူညီတဲ့ တိရစ္ဆာန်နှစ်ကောင်ရဲ့ သူငယ်ချင်းမေတ္တာကို စုပ်တသပ်သပ် ဖြစ်နေကြပါတယ်။ နောက်ဆုံးမှာတော့ ဒီဗီဒီယိုကို Tamil Nadu ပြည်နယ်ဝန်ကြီးရဲ့ သားဖြစ်သူ OP Jayapradeep က
မြင်သွားခဲ့ပြီး ပိုင်ရှင်အသစ်ဆီက နွားကလေးကို ပိုက်ဆံပေးပြီး ပြန်ဝယ်ကာ Muinandiraja ဆီ ပြန်ပို့ပေးခဲ့ကာ သူငယ်ချင်းနှစ်ယောက်ကို ပြန်လည်စုံစည်းစေခဲ့ပါတယ်။
ရောင်းစားဖို့ ကားပေါ်ပါသွားတဲ့ သူငယ်ချင်းနွားနောက်ကို တောက်လျှောက်လိုက်ခဲ့တဲ့ ကျွဲလေး
Geplaatst door Tgi Video op Vrijdag 17 juli 2020
ခရက္ဒစ္
==========================
ယူနီကုဒ်ဖြင့် ဖတ်ရန်
ရောင်းစားဖို့ ကားပေါ်ပါသွားတဲ့ သူငယ်ချင်းနွားနောက် ကို တောက်လျှောက်လိုက်ခဲ့တဲ့ နွားလေး။ လူတော်တော်များများက တိရစ္ဆာန်တွေဟာ အဟိတ်တိရစ္ဆာန်ဖြစ်တာကြောင့် အသိဉာဏ်နဲ့
ချစ်ခြင်းမေတ္တာ မရှိနိုင်ဘူးလို့ ထင်နေကြပုံပါပဲ။ တစ်ကယ်တမ်းတော့ သက်ရှိအရာမှန်သမျှမှာ ချစ်ခြင်းမေတ္တာဆိုတာ ရှိပါတယ်။ ဒါကို သက်သေပြသွားတာကတော့ နွားကလေးတစ်ကောင်နဲ့
ကျွဲကလေးတစ်ကောင်ပါပဲ။ ပိုင်ရှင်ဟာ ငွေလိုတာကြောင့် သူ့ရဲ့နွားကို ရောင်းဖို့ ကားပေါ်ဆင်ပြီးမောင်းထွက်သွားတဲ့ အနောက်ကို သူငယ်ချင်းဖြစ်သူ ကျွဲကလေးဟာ အဆိုကားနောက်ကနေ
တစ်ကောက်ကောက်လိုက်ခဲ့ကြောင်း Storypickသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အိန္ဒိယနိုင်ငံ၊ Madurai ပြည်နယ်ရှိ Palamedu မြို့မှာ ကြေကွဲဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်ခု
ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါမြို့မှာ နေထိုင်သူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် Muniandiraja လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဆီမှာ နွားတစ်ကောင်နဲ့ ကျွဲတစ်ကောင် ရှိပါတယ်။ အဆိုပါ
နှစ်ကောင်လုံးဟာ ငယ်ငယ်လေးကတည်းက မွေးမြူရေးခြံထဲမှာ အတူတူကြီးပြင်းလာတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ကျတော့ Muniandiraja ဟာ ငွေရေးကြေးရေးအခက်အခဲကြောင့်
နွားကလေးကို အခြားလူတစ်ယောက်ဆီမှာ ရောင်းချဖို့ သဘောတူခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုပါနွားကလေးကို အခြားပိုင်ရှင်သစ်ဆီကို လွှဲပြောင်းပေးဖို့အတွက် ထရပ်ကားတစ်စီးငှားပြီး ကားပေါ်
တင်ကာ မောင်းထွက်လာခဲ့ပါတယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကားထွက်သွားတာနဲ့ နွားကလေးရဲ့ သူငယ်ချင်းဖြစ်သူ ကျွဲကလေးဟာ ကားနောက်ကနေ
တောက်လျှောက်လိုက်လာခဲ့ပါတယ်။ နောက်ဆုံးတော့ ကားကိုပါ ရက်ပစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ကျွဲကလေးဟာ ကားအနားမှာရပ်ပြီး သူ့သူငယ်ချင်းနွားကလေးကို နောက်ဆုံးအနေနဲ့
အချိန်တော်တော်ကြာန ှုတ်ဆက်ခဲ့ပုံပါပဲ။ ဒီအဖြစ်အပျက်ကို Muniandiraja က ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။ ဒီဗီဒီယိုကို ကြည့်တဲ့လူ တော်တော်များများကလည်း
မတူညီတဲ့ တိရစ္ဆာန်နှစ်ကောင်ရဲ့ သူငယ်ချင်းမေတ္တာကို စုပ်တသပ်သပ် ဖြစ်နေကြပါတယ်။ နောက်ဆုံးမှာတော့ ဒီဗီဒီယိုကို Tamil Nadu ပြည်နယ်ဝန်ကြီးရဲ့ သားဖြစ်သူ OP Jayapradeep က
မြင်သွားခဲ့ပြီး ပိုင်ရှင်အသစ်ဆီက နွားကလေးကို ပိုက်ဆံပေးပြီး ပြန်ဝယ်ကာ Muinandiraja ဆီ ပြန်ပို့ပေးခဲ့ကာ သူငယ်ချင်းနှစ်ယောက်ကို ပြန်လည်စုံစည်းစေခဲ့ပါတယ်။ ခရက်ဒစ်