ကျောက်ပန်းတောင်းမြို့နယ်၌ “ တစ်ရွာလုံးက NLD ပဲ ” ဆိုသည့် ဆိုင်းဘုတ်များစိုက်ထူမှုကို UEC ထံ တိုင် ကြားရန် USDP ပါတီစီစဉ်
………………………………………………………
ရန်ကုန်၊ ဇူလိုင် – ၂၁ ရက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျေးရွာတချို့တွင် “ တစ်ရွာလုံးက NLD ပဲ ” ဆိုသည့် ဆိုင်းဘုတ်များ စိုက်ထူမှုနှင့်ပတ်သက်၍ UEC ထံ တိုင်ကြားသွားမယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
ကျောက်ပန်းတောင်း မြို့နယ်ရှိ ကျေးရွာများတွင် ဖြစ်ပွားနေသော ကိစ္စရပ်များနှင့်ပတ်သက်၍ မြို့နယ်ကော် မရှင်များ၏ ဆောင်ရွက်ချက်များကို စောင့်ကြည့်မှုများပြုလုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်ကော်မ ရှင်များ၏ အရေးယူခြင်းရှိမရှိအပေါ်တွင် မူတည်၍ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားမှုများကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်ဦးက ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ကျောက်ပန်းတောင်း မြို့နယ်ရှိ မလွှကုန်းကျေးရွာ၊ မကျီးငုတ်တို၊ အပါအ၀င်အခြားသော ကျေးရွာများတွင်ပါ အဆိုပါ ဆိုင်းဘုတ်များကို စိုက်ထူခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုပါတယ်။
“ဒို့တစ်ရွာလုံးက NLD ပဲဟေ့ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာကတော့ ကျွန်တော်တို့ရွာမှာ အိမ် ထောင်စု ၂၀၀ ကျော်ရှိတယ် လူဦးရေ ၅၀၀ ကျော်ရှိတယ်။ ၁၈ နှစ်ပြည့်လို့ မဲပေးနိုင်တဲ့သူ ၂၀၀ ကျော်ရှိတယ် အဲ့ဒီထဲမှာ ပြည်ခိုင်ဖြိုးပါတီ၀င် ၁၀၀ ကျော်ရှိတယ်။ အဲ့ဒီလို ရှိတာကို ဒို့တစ်ရွာလုံးက NLD ပဲဟေ့ဆိုတဲ့ ဆိုင်းဘုတ်တင်တာ ဥပဒေနဲ့ ညီသလား ဒီမိုကစီကျင့်ထုံးနဲ့ ညီသလားလို့ပဲမေးချင်တယ်” ဟု မလွှကုန်းကျေးရွာတွင် နေထိုင်သူ ဦးငွေသိန်းက ပြောသည်။
ထိုကဲ့သို့ ရွေးကောက်ပွဲမတိုင်မှီ NLD ပါတီမဲဆွယ်သည့် ဆိုင်းဘုတ်များ စိုက်ထူနေမှုများကို သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်က ကြီးကြပ်၍ အရေးယူ ဆောင်ရွက်မှုများ မတွေရှိရ သေးကြောင်း ဒေသခံများက ဆိုပါတယ်။ လာမည့် ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပရန် စီစဉ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပြီး ဖြစ်ပါတယ်။
#PeopleMedia #UEC #USDP #2020election
=========================
(unicode)
ကျောက်ပန်းတောင်းမြို့နယ်၌ “ တစ်ရွာလုံးက NLD ပဲ ” ဆိုသည့် ဆိုင်းဘုတ်များစိုက်ထူမှုကို UEC ထံ တုိုင် ကြားရန် USDP ပါတီစီစဉ်
………………………………………………………
ရန်ကုန်၊ ဇူလိုင် – ၂၁ ရက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျေးရွာတချို့တွင် “ တစ်ရွာလုံးက NLD ပဲ ” ဆိုသည့် ဆိုင်းဘုတ်များ စိုက်ထူမှုနှင့်ပတ်သက်၍ UEC ထံ တိုင်ကြားသွားမယ်လို့ ပြည်ခိုင်ဖြိူးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
ကျောက်ပန်းတောင်း မြို့နယ်ရှိ ကျေးရွာများတွင် ဖြစ်ပွားနေသော ကိစ္စရပ်များနှင့်ပတ်သက်၍ မြို့နယ်ကော် မရှင်များ၏ ဆောင်ရွက်ချက်များကို စောင့်ကြည့်မှုများပြုလုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်ကော်မ ရှင်များ၏ အရေးယူခြင်းရှိမရှိအပေါ်တွင် မူတည်၍ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားမှုများကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်ဦးက ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ကျောက်ပန်းတောင်း မြို့နယ်ရှိ မလွှကုန်းကျေးရွာ၊ မကျီးငုတ်တို၊ အပါအဝင်အခြားသော ကျေးရွာများတွင်ပါ အဆိုပါ ဆိုင်းဘုတ်များကို စိုက်ထူခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုပါတယ်။
“ဒို့တစ်ရွာလုံးက NLD ပဲဟေ့ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာကတော့ ကျွန်တော်တို့ရွာမှာ အိမ် ထောင်စု ၂၀၀ ကျော်ရှိတယ် လူဦးရေ ၅၀၀ ကျော်ရှိတယ်။ ၁၈ နှစ်ပြည့်လို့ မဲပေးနိုင်တဲ့သူ ၂၀၀ ကျော်ရှိတယ် အဲ့ဒီထဲမှာ ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀ ကျော်ရှိတယ်။ အဲ့ဒီလို ရှိတာကို ဒို့တစ်ရွာလုံးက NLD ပဲဟေ့ဆိုတဲ့ ဆိုင်းဘုတ်တင်တာ ဥပဒေနဲ့ ညီသလား ဒီမိုကစီကျင့်ထုံးနဲ့ ညီသလားလို့ပဲမေးချင်တယ်” ဟု မလွှကုန်းကျေးရွာတွင် နေထိုင်သူ ဦးငွေသိန်းက ပြောသည်။