ကျနော်က တောင်ပိုင်းက ဓနုတစ်ယောက်ပါဗျာ့ ကျာနော်က ရန်ကုန် မန်းလေး မူဆယ် ကုန်ကုန်ကားမောင်းပါတယ် ခုလိုတရုတ်အာလူးတွေက မြန်မာပြည်ကို အမြဲတမ်းတင်သွင်းနေမှတော့ ကျနော်တို့တောင်ပိုင်းထွက်တဲ့ အာလူးတွေက စျေးမရတော့ ကျနော်တို့တောင်သူတွေဘဲ နစ်နာဆုံးရှုံးရတာပေါ့ဗျာ့ ဖြစ်နိုင်ရင် တရုတ်အာလူးကို မြန်မာပြည်ကို မသွင်းစေချင်ဘူးဗျာ့ အမှားပါရင်နားလည်ခွင့်လွတ်ပေးပါဗျာ့…
ရှမ်းပြည်နယ်ထွက် အာလူးများ ဝယ်လိုအား မရှိသည့်အပြင် တရုတ်နိုင်ငံမှ အာလူးများ ဝင်ရောက်နေမှုကြောင့် တောင်သူများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
“ပြည်တွင်းဈေးကွက်မှာ စားသုံးမှု ဖူလုံနေတယ်၊ ရောဂါကြောင့် ပို့ဆောင်မှု အသွား အလာ နည်းပါးတာ၊ ဈေးတွေ မဖွင့်တာတွေကြောင့် ဝယ်လိုအားက နည်းနေတယ်။ ဒီအချိန်မှာ တရုတ်က အာလူးနဲ့ ကြက်သွန်က အပ်ကုန် အနေနဲ့ ဘယ်ဈေး ရရ ရောင်းဆိုတဲ့ သဘောမျိုး ဝင်လာပြီး အောက်ဈေး နဲ့ ဈေးကွက်ကို ဝင်လာတာက ပြည်တွင်း တောင်သူတွေကို ထိခိုက်စေပါတယ်။ ဒါကို အစိုးရအနေနဲ့ အခွန်ကောက်ခြင်းနဲ့ ထိန်းစေချင်ပါတယ်။ ထိုင်းနိုင်ငံမှာ သူတို့ လိုအပ်ရင် တစ်မျိုး ကောက်ပြီး မလိုရင် တစ်မျိုး ကောက်တဲ့ နည်းမျိုးပေါ့။ မသွင်းခိုင်းတာ မဟုတ်ဘူး။ အခွန်လည်း ရ၊ ကိုယ့် တောင်သူတွေကိုလည်း ကာကွယ်ပေးတဲ့ အနေနဲ့ပေါ့။ အခွန်စနစ်နဲ့ ထိထိရောက်ရောက် ထိန်းချုပ် ပေးစေလိုပါတယ်။” ဟု အာလူးစိုက်တောင်သူများအသင်း ဥက္ကဌ ဦးအောင်သန်းချစ်က ပြောပါသည်။
ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် ပြည်တွင်း အဓိက စားသုံးသူ ဖြစ်သည့် ရန်ကုန် ဘုရင့်နောင် ဈေးကွက်သို့ တရုတ်အာလူးများ ဈေးလျော့ရောင်းချခြင်းဖြင့် ဝင်ရောက်နေမှုကြောင့် ရှမ်းပြည်ထွက် အာလူးဈေးနှုန်းမှာ ယခင်ကထက် လျော့နည်းလာရသည့်အပြင် ဝယ်လိုအားမှာလည်း ထက်ဝက်ကျော်ခန့် ထိ ကျဆင်းနေလျက် ရှိကြောင်း သိရသည်။
“ အရင်ကဆို ၁၂ ဘီးကား အနည်းဆုံး ၂ စီး အထက် ထွက်တယ်၊ ခုက တစ်စီးတောင် အနိုင်နိုင် ဖြစ်လာတယ်။ ဝယ်လိုအားက မရှိတော့၊ အာလူးတွေလည်း အထားမခံတော့ အပုပ် အနာတွေ များလာပြီး ဆုံးရှုံးလာရတယ်။ ပိဿာချိန် ၃၀၀၀၀ ပုံထားတာ လှန်တော့ ပိဿာ ၄၀၀ လောက် ပျက်စီးရတယ်။ တရုတ်အာလူးတွေက ဘုရင့်နောင် ကို ကားစီးလိုက် ဝင်နေတော့ ဒီက တောင်သူတွေ မရောင်းရလို့ အခက် ကြုံလာရတယ်၊ ပျက်စီး ဆုံးရှုံးမှု များလာရင်၊ မရောင်းရရင် စွန့်ပစ်ရမှုတွေ ရှိလာတော့မှာ ဖြစ်တယ်။” ဟု အောင်ပန်းမြို့မှ ပွဲရုံ ပိုင်ရှင် ဦးလှမျိုးအောင်က ပြောသည်။
တရုတ်ပြည်မှ လာသော တရုတ်မျိုးရင်း အာလူးများမှာ အလုံးကြီး၍ အလေးချိန် ရှိသဖြင့် ၃ လုံးလျင် တစ်ပိဿာခန့် ရှိသည့်အပြင် ဈေးနှုန်းမှာလည်း ပြည်တွင်းထွက် အာလူးဈေးထက် နည်းပါးခြင်းကြောင့် ပြည်တွင်းထွက် အာလူးထက် တရုတ် အာလူးကိုသာ ဝယ်ယူမှု များပြားနေလျက် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ရှမ်းပြည်နယ်မှ ဒေသထွက် အာလူးများကို ယခင်နှစ်က တစ်ပိဿာ လျှင် အနည်းဆုံး ၅၀၀ ကျပ်မှ ၇၅၀ ကျပ်ခန့်အထိ ရောင်းရသော်လည်း ယခုနှစ်တွင် တစ်ပိဿာလျှင် ၄၈၀ ကျပ်ဝန်းကျင်သာ ရောင်းချနေရသည့်အပြင် ဈေးကွက်အတွင်း ဝင်ရောက်လာနေသည့် တရုတ်အာလူးများကြောင့် ဝယ်လိုအား နည်းပါးလာနေခြင်း ဖြစ်ကြောင်း သိရသည်။
==========================
ကျနော်က တောင်ပိုင်းက ဓနုတစ်ယောက်ပါဗျာ့ ကျာနော်က ရန်ကုန် မန်းလေး မူဆယ် ကုန်ကုန်ကားမောင်းပါတယ် ခုလိုတရုတ်အာလူးတွေက မြန်မာပြည်ကို အမြဲတမ်းတင်သွင်းနေမှတော့ ကျနော်တို့တောင်ပိုင်းထွက်တဲ့ အာလူးတွေက ဈေးမရတော့ ကျနော်တို့တောင်သူတွေဘဲ နစ်နာဆုံးရှုံးရတာပေါ့ဗျာ့ ဖြစ်နိုင်ရင် တရုတ်အာလူးကို မြန်မာပြည်ကို မသွင်းစေချင်ဘူးဗျာ့ အမှားပါရင်နားလည်ခွင့်လွတ်ပေးပါဗျာ့…