အိမ် ရှင် မ ကိုကူဖို့ အိမ် အကူ ထား တယ် ။ အိမ်အကူ ဟာ အိမ်ရှင်မ မဟုတ်ဘူး ။ ဆေးရုံအုပ် ရဲ့အလုပ်တွေ ဝိုင်းကူဖို့ ဆေးရုံအုပ် အကူထားတယ် ။ ဆေးရုံအုပ်နဲ့ ဆေးရုံ အုပ် အကူ အခြေအနေချင်း ကွာခြား တယ် ။ သူနာပြုတွေ ကို ကူညီဖို့ သူနာပြု အကူ ထား တယ် ။ သူနာပြု နဲ့ သူနာပြု အကူ တန်ဖိုး ချင်း ကွာခြား တယ်။
သူနာပြု မှာ ဒီပလိုမာ အဆင့် သူနာပြုတစ်ယောက်ဖြစ် ဖို့ (၃)နှစ် ၊ သူနာပြုသိပ္ပံဘွဲ့ရ သူနာပြုတစ်ယောက်ြ ဖစ်ဖို့ (၄)နှ စ်၊ ဘွဲ့လွန်အဆင့် သူနာပြု မဟာ သိပ္ပံဘွဲ့ရ သူနာပြု တစ်ယောက်ဖြစ် ဖို့ စုစုပေါင်း အနည်း ဆုံး ( ၆ )နှစ် ၊ ပါရဂူ အဆင့် PhDဘွဲ့ရ သူနာပြုတစ်ယောက် ဖြစ် ဖို့ စုစုပေါင်း အနည်းဆုံး ( ၉ )နှစ်တာ သူနာပြု ပညာရပ်တွေ လေ့လာ ဆည်း ပူး သုတေသ နတွေ လုပ်ရ ပါ တယ် ။
ရာထူး အားဖြင့် လုံချည် အနီရဲရဲဝတ် သူနာပြု ကနေ ညွှန်ကြား ရေးမှူး သူနာပြု အထိ ရာထူး Level တွေခွဲထား ပါတယ် ။ သူနာပြုကို ကူညီနိုင်ဖို့လောက်ပဲ ရည်ရွယ်ထား တဲ့ သူနာပြု အကူကတော့ (၁၀)တန်းအောင် သည်ဖြစ်စေ မအောင်သည် ဖြစ်စေ တက်လို့ရပါတယ်။ အကူသင်တန်း (၁)လ၊ (၃)လ၊ (၉)လ စသည်ဖြင့် နားလည်လွယ်တဲ့ ကာလ တို သင်တန်းလေး
တွေပေး ပါ တယ် ။ ရာထူးအားဖြင့် လုပ်သက်ပြည့်သည်အထိ သူနာပြုအကူအနေနဲ့ပဲ ပင်စင်ပေးပါတယ်။ အစိုးရဆေးရုံ တွေမှာတော့ လုပ်သက်ရင့် သန့်ရှင်ရေး ဝန်ထမ်းတွေဆို သူနာပြုအလုပ်တွေ ကို အမြင်အားဖြင့် အကျွမ်း ဝင်နေတာ မို့ သူနာပြု အကူလိုအပ်တဲ့ အခါ သူတို့ကိုပဲ ဦးစားပေးရွေး ချယ်ခန့်ထားပေး ပါတယ်။ ဝတ်စုံအနေ နဲ့ အကျီင်္အဖြူ ၊ လုံချည် နီညို (ကြက်သွေးရောင်)ဖြစ် ပါ တ ယ်။
တစ်နိုင်ငံလုံးမှာ သူနာပြု ရှားပါးမှု ပြသနာ နဲ့ ရင်ဆိုင်နေရ ပါတယ် ။ အစိုးရဆေးရုံတွေ မှာတောင် ရှိရမဲ့ သူနာပြုအင်အားရဲ့ ထက်ဝက်ပဲရှိတယ်။ ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေမှာဆို သူနာပြုအစစ်ဆိုတာ ရှားပါးပစ္စည်းဖြစ်နေ ပါပြီ ။ ဒီပြသနာ ကို လက်တလော ဖြေရှင်းဖို့ သူနာပြုအစစ်တွေနေရာမှာ ကာလတိုသင်တန်းလေးတွေနဲ့ သူနာပြုအကူတွေ က အလုပ်ဖြစ် လာ တယ် ။
အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတဲ့ ပြည်တွင်း မှာ သင်တန်းကြေးလည်း သိပ် မများဘဲ အလုပ်ရလွယ် တဲ့ သူနာပြု အကူသင်တန်းတွေဟာ မှိုလိုပေါက်အောင်များလာတယ် ။ သင်တန်းတွေမှာ သင်ရိုးညွှန်းတမ်း စံသတ် မှတ် ချက် မရှိဘူး။ သင်တန်းကာလ သတ်မှတ်တာမှာ စီးပွားရေးအကျိုးအမြတ်ကို ဦးစားပေးတယ်။ အချို့သင်တန်းတွေမှာ ဆေးထိုးနည်း၊
ဆေးစပ်နည်းတွေ ပါ ထည့် သင် တယ် ။ ဝတ်စုံဒီဇိုင်းမျိုးစုံနဲ့ အဖြူအကျီင်္တွေကို မူလသတ်မှတ်ထားတဲ့ နီညိုရောင်မဟုတ်တဲ့ သူနာပြုအစစ်တွေရဲ့ ယူနီဖောင်းအနီရဲရဲ လုံချည်နဲ့ ဆင်တူယိုးမှားတွဲ ဝတ်လာ တယ် ။ မသိနားမလည်တဲ့ ပြည်သူလူထု နဲ့ တွေ့တဲ့အခါ တကယ့်သူနာပြု အစစ် အသွင်ယူတယ် ။ ဒါပေမဲ့ တကယ့် သူနာပြု အစစ်လို Professional အသွင် ကိုတော့ မဆောင်ဘူး။
သူနာပြုတွေ အတွက် ရာထူးအလိုက်သတ်မှတ်ထား တဲ့ ဝတ်စုံ နဲ့အဆောင် အယောင်များ ကို သူနာပြုလိုင်စင် ကိုင်ဆောင် ထား တဲ့ သူနာပြုအစစ်များသာ ဆင်ယင်ခွင့်ကို မြန်မာသူနာပြုနဲ့သားဖွားကောင်စီ ဥပဒေ (၂၀၁၅) အခန်း (၈)၊ အပိုဒ်၂၅(စ) မှာ ပြဌာန်းထားပြီးသားပါ။ အခန်း (၁၃)၊ အပိုဒ် (၃၇)မှာတော့ ကျွမ်းကျင်မှုနဲ့ အဆင့်အလိုက်
သတ်မှတ်ထားသော သူနာပြုဝတ်စုံ နဲ့ အဆောင်အယောင်တွေ ကို မရိုးဖြောင့်သော သဘောဖြင့် ဝတ်ဆင်သုံးစွဲ တပ်ဆင်လျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံး(၃)လမှ အများဆုံး (၃)နှစ်အထိ၊ ငွေဒဏ်အားဖြင့် အနည်းဆုံး ငါးသောင်း မှ အများဆုံး ငါးသိန်းအ ထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထား ပါတယ်။ သူနာပြုလုပ်ငန်း လုပ်ကိုင်ခွင့်နဲ့ ပတ်သတ်ရင်လည်း
အခန်း(၁၃)၊ အပိုဒ် (၃၆)မှာ ဥပဒေအရ ထုတ်ပေးသော သူနာပြု သားဖွားလိုင်စင်မရှိဘဲ သူနာပြုသားဖွားအ လုပ်ကိုပြုလုပ်ရာ တွင် လူတစ်ဦးဦးသေဆုံးခြင်း (သို့) ပြင်းထန်သော ဒဏ်ရာ ဖြစ်စေ ပါက ထောင်ဒဏ်အနည်းဆုံး (၃)နှစ်မှ အများဆုံး (၇)နှစ်အထိ ချမှတ်ခံရနိုင် ပါတယ်။
အစိုးရသစ် လက်ထက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှာ ပြုပြင်ပြောင်း လဲရေးတွေ လုပ်ဖို့ အများကြီးကြိုးစားနေကြတာ အားတက် ဝမ်းမြောက်ဖွယ်ရာ ကြားသိနေရ ပါတယ်။ သူနာပြုအစစ် နဲ့ သူနာပြုအကူ ပြည်သူတွေ အမြင်မှားစေနိုင်တဲ့ ဆင်တူယိုးမှား ဝတ်စုံအဆောင်အယောင် ကို အမြန်ပြင်ဆင်ပေးနိုင်ဖို့ နဲ့၊ ပြည်သူလူထု
ကျန်းမာရေး စောင့်ရှောက်မှု အတွက် မေးခွန်းထုတ် စရာဖြစ်နေ တဲ့ စီးပွားဖြစ် သူနာပြု အကူသင်တန်းတွေ ရဲ့ အရည်အသွေး အာမခံချက်အတွက်လည်း အမြန်ဆုံး ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပေးဖို့ မျှော်လင့်မိ ပါတယ်။