ကိုရိုနာကြောင့်ဆေးရုံတက်နေတဲ့မိခင်ကို မြင်ခွင့်ရဖို့ ဆေးရုံနံရံပေါ်တက်ပြီး နေ့တိုင်းစောင့်ကြည့်ခဲ့တဲ့အမျိုးသား

ပါလက်စတိုင်းမှာ အမျိုးသားတစ်ဦးဟာ COVID-19 ကူးစက်ခံထားရတဲ့မိခင်ကို တွေ့ခွင့်မရတာကြောင့် မိခင်ရှိ ရာ အခန်းတွင်းကို အထပ်မြင့်ပြတင်းပေါက်ဘောင်ပေါ်ကနေ နေ့တိုင်းစောင့်ကြည့်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ မြင်ရသူတိုင်းကို စိတ်မကောင်းဖြစ်စေခဲ့ပြီး အင်တာနက်ပေါ်မှာလည်း ပျံ့နှံ့သွားခဲ့ပါတယ်။

ပါလက်စတိုင်းအမျိုးသား Jihad AI-Suwaiti ရဲ့မိခင်ဖြစ်သူဟာ ကိုရိုနာကူးစက်ခံရတာကြောင့် West Bank က Hebron State Hospital မှာ ဆေးရုံတက်ရောက်ခဲ့ရပါတယ်။ ဒါပေမဲ့ Jihad AI-Suwaiti တစ်ယောက် အခု ကာလအတွင်း ဆေးရုံ ရဲ့ Safety စည်းမျဉ်းတွေကြောင့် မိခင်ဖြစ်သူကို သွားတွေ့ခွင့်မရခဲ့ပါဘူး။

အဲဒါကြောင့် သူဟာဆေးရုံနံရံပေါ်ကျော်တက်ပြီး မိခင်ရှိရာအထပ်မြင့်အခန်းရဲ့ ပြတင်းပေါက်ဘောင်မှာ ထိုင်ကာ မိခင်ဖြစ်သူကို စောင့်ကြည့်ခဲ့ပါတယ်။ နေ့တိုင်းအဲဒီနည်းနဲ့ စောင့်ကြည့်လာခဲ့တာ သူ့မိခင်ဆုံးပါးသွားတဲ့ အထိပါပဲ။

ဒေသတွင်းသတင်းတွေအရဆိုရင် Jihad AI-Suwaiti ဟာ အငယ်ဆုံးသားဖြစ်ပါတယ်။ မိခင်ကိုအရမ်းချစ်ပုံရတဲ့ သူဟာ မိခင်ကိုအခန်းထဲထိ သွားတွေ့ခွင့်မရပေမဲ့လည်း ပြတင်းပေါက်ဘောင်ပေါ်ကနေ နေ့တိုင်းစောင့်ကြည့်ခဲ့ တာပါ။ သူ့ရဲ့မိခင်ဟာ ဗိုင်းရပ်စ်မကူးစက်ခံရခင်ကတည်းက သွေးကင်ဆာရောဂါသည်တစ်ဦးလို့လည်း သိရပါတယ်။

Jihad AI-Suwaiti တစ်ယောက် အဲဒီလိုဆေးရုံနံရံတွေပေါ်တက်ပြီး ပြတင်းပေါက်ဘောင်ကနေ မိခင်ကို စောင့်ကြည့်နေတဲ့ပုံတွေဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း အကြောင်းသိတဲ့သူတွေက စာနာသနားကြောင်းစာတွေကို ဓာတ်ပုံနဲ့တကွမျှဝေခဲ့ကြပါတယ်။

Katie Scarlett
We Media

Source: 9gag, NDTV

=========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top