“ဦးကိတ္တိသာရ ( သရုပ်ဆောင် ကျော်ဟိန်း) ရဲ့ ပုံတူရုပ်ထုကို ယခုနှစ်အတွင်းပြီးစီးအောင် ထုလုပ်မယ်ဆိုတဲ့ အောင်ခိုင်”

ဦးကိတ္တိသာရ ( သရုပ်ဆောင် ကျော်ဟိန်း) ရဲ့ ပုံတူရုပ်ထုကို ရုပ်ရှင်သမိုင်းပြတိုက်မှာ ထားရှိနိုင်ရန်အတွက် ယခုနှစ်အတွင်း အပြီးအစီး ထုလုပ်ဆောင်ရွက်သွားမယ်လို့ သရုပ်ဆောင် အောင်ခိုင်ကပြောပါတယ်။

” ဒီရုပ်ထုအတွက် အခုကတည်းက ကျွန်တော့်ဆီကို ဖုန်းဆက်ပြီး လှူဒါန်းနေကြတဲ့ အလှူရှင်တွေလည်းရှိနေပါပြီ။ ကျွန်တော်က ဒီဟာကို ကျွန်တော်တို့အဖွဲ့တွေနဲ့ရော အသည်းအရုံးက အမှုဆောင်တွေနဲ့ရောတိုင်ပင်ပြီးတော့မှ ဘယ်လောက်အတိုင်းအတာထိ လုပ်ကြမယ်ဆိုတာကို ဆုံးဖြတ်မှာပါ။ လုပ်တာကတော့ သေချာပေါက်ကိုလုပ်မှာပါ။ နောက်နှစ်မကူးပါဘူး။ ဒီနှစ်အတွင်းမှာပြီးအောင် ဒီနေ့ကစပြီးလှုပ်ရှားနေပါတယ်လို့ ” သူကဆိုပါတယ်။

၂၄ လက်မ အမြင့်ရှိတဲ့ ဦးကိတ္တိသာရရဲ့ ပုံတူရုပ်ထုကို ကိုလူချောအဖွဲ့က ဦးဆောင် ထုလုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက လိုအပ်သည့်အရာများ ကူညီပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။

” ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင်လုပ်မယ်။ ပန်းပုဆရာကလည်းပြောတယ်။ အကို ကျွန်တော် ရွှံ့နဲ့ လုပ်ပြမယ်။ မတူရင် ကျွန်တော့်ကို မအပ်ပါနဲ့လို့ သူကိုယ်တိုင် ကတိပေးထားတဲ့အတွက် အခုကစပြီး လှုပ်ရှားနေပါပြီ။ လှုပ်ရှားမှုမှာ ကျွန်တော်တို့ကို နေရာတစ်နေရာပေးတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူ အားလုံးကိုလည်း ကျွန်တော်တို့ ကိုလူချောအဖွဲ့က ကျေးဇူးတင်ပါတယ်။

သူတို့ကလည်း လိုအပ်တာ ပံ့ပိုးပေးမယ်ပြောတယ်။ ဝမ်းလည်း ဝမ်းသာပါတယ် ” လို့ သရုပ်ဆောင် အောင်ခိုင်က ပြောပြသွားခဲ့ပါတယ်။

#KS

===========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top