တစ်ရွာလုံး NLD ကိုမဲပေးရင် တရားစွဲမယ်ဆိုလို့ ရွာလုံးကျွတ် NLD ပါတီဝင်လိုက်ကြပြီ …
ခမုံဆိပ်ကျေးရွာအုပ်စု မြစ်သာယာတွင် ရွာလုံးကျွတ်NLDပါတီ၀င်မည်
လက်ပံတန်း၊ ဇူလိုင် ၂၁ ။
လက်ပံတန်းမြို့နယ် ခမုံဆိပ်ကျေးရွာအုပ်စု မြစ်သာယာတွင် ရွာလုံးကျွတ်NLDပါတီ၀င်မည်ဖြစ်ကြောင်း ရွာသူရွာသားများက ယမန်နေ့ ဇူလိုင် (၂ဝ)ရက်နေ့ နံနက် (၁ဝ)နာရီအ ချိန်တွင် မြစ်သာယာအခြေခံပညာ မူလတန်းကျောင်းခွဲ၌ ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲတွင် ရွာသားများက ပြောဆိုလိုက်ခြင်းဖြစ်သည်။
ပါတီ၀င်အဆိုပြုလွှာပေးအပ်ပွဲတွင် ရပ်ကျေးပါတီဥက္ကဌ ဦးကျော်ဆွေမှ သဘာပတိအဖြစ်ဆောင်ရွက်ကာ ၎င်းမှ “ကျေးရွာမီးလင်းရေးကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော် ဥက္ကဌဆီလည်းဝင်ရတယ် ၀န်ကြီးချုပ်ဆီလည်း၀င်ရတယ် ၀င်တဲ့အခါမှာ အခက်အခဲမျိုးစုံကျော်ဖြတ်ရတယ် ဒီအခက်ခဲတွေဟာ အရင်စနစ်ဟောင်းမှာကျန်ခဲ့တဲ့ သူများကြောင့်ဖြစ်တယ် တကယ်လက်တွေ့ NLDအစိုးရနဲ့ ထိပ်တိုက်လုပ်တဲ့အခါမှာ အဲဒီအခက်အခဲတွေလုံး၀မရှိဘူး ပါလာတဲ့ရွာသူရွားတွေကိုယ်တိုင် သူ့တို့မျက်မြင်ကိုယ်တွေ့ပါ ၀န်ကြီးချုပ်နဲ့စကားပြောတဲ့အခါ ထိန်းထိန်းသိမ်းသိမ်းဟိုဘက်ဒီဘက်မျှတအောင် ဒီဘက်ကလည်းရအောင် ဟိုဘက်ကလည်း နားလည်အောင် ရှင်းပြပါတယ် အဒီအချိန်မှာ ကျတော်တို့အတွက် ဒီဂရီအမြင့်ဆုံး အချိန်ပါ ရပါ့မလား ဖြစ်ရောဖြစ်ပါ့မလား တော်တော်စိုးရိမ်ကြောင့်ကြဖြစ်နေရပါ
တယ် အဲဒီမှာ ပါလာတဲ့ကော်မတီရဲ့ လေးငါးယောက်က အပြင်ကခုံတန်းလေးမှာထိုင်လို့ဆေးရုံတစ်ရုံမှာ သေလူ့မျောပါးဖြစ်နေတဲ့လူလို စောင့်နေတာတွေ့ရတယ်။ အပြင်ကို ထွက်လာတဲ့အခါ ကျတော့်ကျတော်က လက်မလေးထောင်ပြီး ထွက်လာတယ်။ အခြေအနေကောင်းတယ် ငါတို့တွေရတယ် အဲဒီအချိန်မှာ ကြွေးကြော်လိုက်ပါတယ် အဲဒါNLDအစိုးရပဲ NLDဟာပြည်သူနဲ့တစ်သားတည်းပဲ ပြည်သူ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးရမှာ NLDဟာဘယ်သူ့အကျိုးအတွက်မှ မပါဘူး ငါ့အကျိုးအတွက်မပါဘူး အများအကျိုးပဲ အဲလိုပြောတဲ့အချိန်မှာ နောက်က ပါလာတဲ့ကလေးတွေက ဆရာရယ် ကျတော်တို့လည်း NLDပါတီ၀င်ချင်လိုက်တာတဲ့ အဲဒီကနေ ဇာတ်လမ်းဖြစ်တည်လာပါတယ်”လို့ ရပ်ကျေးဉက္ကဌ မီးလင်းရေးကိစ္စဖြင့် တိုင်းအစိုးရဖြင့် ထိတွေ့ဆက်ဆံရပြီးနောက်
ဒေသခံများပါတီ၀င်လာချင်လာသည့်ကိစ္စနှင့်ဆက်စပ်၍ ပြောကြားသည်။
၎င်းမှ “NLDရဲ့မူရင်း မူဝါဒက တစ်ပြေးညီတစ်သားတည်းဖြစ်ရေးမူတည်ပါတယ်။ ဘယ်သူ့မျက်နှာမှလည်း ဘယ်သူ့အတွက်မှလည်း လုပ်နေတာမဟုတ်ပါဘူး အများအကျိုးအတွက်လုပ်နေတာပါ။ အားလုံးအတွက် ပရဟိတနိူင်ငံရေးလို့လည်း ဆိုလို့ရပါတယ်။ ဒါကြောင့်အခုလို မိမိအသိနဲ့ NLDပါတီကို ၀င်ရောက်လာတဲ့အတွက် ကျတော့်တို့ခမုံဆိပ်ကျေးရွာအုပ်စု NLDပါတီအနေနဲ့ ကြိုဆိုကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပါတီ ဉက္ကဌ/ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ- ဦးခင်မောင်ရင်မှ တတ်ရောက်လာသူ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်စကားပြောကြားခဲ့ပြီး ဒေသခံပြည်သူများ၏ တောင်းဆိုချက်အား မှတ်သားသွားခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ပါတီဝင်အဆိုပြုလွှာ(၃၀၀)အား ပေးအပ်ခဲ့ပြီး အခန်းအနားအောင်အောင်မြင်မြင် ပြီးဆုံးခဲ့ကြောင်းရာ အဆိုပါ မြစ်သာယာကျေးရွာသည် ခမုံဆိပ်ကျေးရွာအုပ်စုတွင်တည်ရှိပြီး လက်ပံတန်းမြို့နယ် (၁ဝ)မိုင်ကျော်ကွာဝေးကာ မြစ်သာယာကျေးရွာအဖြစ် ပြည်ထဲရေးအမည်ပေါက် လျှောက်ထားထားကြောင်းလည်းသိရသည်။
သတင်း ငြိမ်းချမ်း(လက်ပံတန်း)
#Bago Weekly Journal
ZN.H ????????
P&L
========================
တစ်ရွာလုံး NLD ကိုမဲပေးရင် တရားစွဲမယ်ဆိုလို့ ရွာလုံးကျွတ် NLD ပါတီဝင်လိုက်ကြပြီ …
ခမုံဆိပ်ကျေးရွာအုပ်စု မြစ်သာယာတွင် ရွာလုံးကျွတ်NLDပါတီဝင်မည်
လက်ပံတန်း၊ ဇူလိုင် ၂၁ ။
လက်ပံတန်းမြို့နယ် ခမုံဆိပ်ကျေးရွာအုပ်စု မြစ်သာယာတွင် ရွာလုံးကျွတ်NLDပါတီဝင်မည်ဖြစ်ကြောင်း ရွာသူရွာသားများက ယမန်နေ့ ဇူလိုင် (၂ဝ)ရက်နေ့ နံနက် (၁ဝ)နာရီအ ချိန်တွင် မြစ်သာယာအခြေခံပညာ မူလတန်းကျောင်းခွဲ၌ ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲတွင် ရွာသားများက ပြောဆိုလိုက်ခြင်းဖြစ်သည်။
ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲတွင် ရပ်ကျေးပါတီဥက္ကဌ ဦးကျော်ဆွေမှ သဘာပတိအဖြစ်ဆောင်ရွက်ကာ ၎င်းမှ “ကျေးရွာမီးလင်းရေးကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော် ဥက္ကဌဆီလည်းဝင်ရတယ် ဝန်ကြီးချုပ်ဆီလည်းဝင်ရတယ် ဝင်တဲ့အခါမှာ အခက်အခဲမျိုးစုံကျော်ဖြတ်ရတယ် ဒီအခက်ခဲတွေဟာ အရင်စနစ်ဟောင်းမှာကျန်ခဲ့တဲ့ သူများကြောင့်ဖြစ်တယ် တကယ်လက်တွေ့ NLDအစိုးရနဲ့ ထိပ်တိုက်လုပ်တဲ့အခါမှာ အဲဒီအခက်အခဲတွေလုံးဝမရှိဘူး ပါလာတဲ့ရွာသူရွားတွေကိုယ်တိုင် သူ့တို့မျက်မြင်ကိုယ်တွေ့ပါ ဝန်ကြီးချုပ်နဲ့စကားပြောတဲ့အခါ ထိန်းထိန်းသိမ်းသိမ်းဟိုဘက်ဒီဘက်မျှတအောင် ဒီဘက်ကလည်းရအောင် ဟိုဘက်ကလည်း နားလည်အောင် ရှင်းပြပါတယ် အဒီအချိန်မှာ ကျတော်တို့အတွက် ဒီဂရီအမြင့်ဆုံး အချိန်ပါ ရပါ့မလား ဖြစ်ရောဖြစ်ပါ့မလား တော်တော်စိုးရိမ်ကြောင့်ကြဖြစ်နေရပါ
တယ် အဲဒီမှာ ပါလာတဲ့ကော်မတီရဲ့ လေးငါးယောက်က အပြင်ကခုံတန်းလေးမှာထိုင်လို့ ဆေးရုံတစ်ရုံမှာ သေလူ့မျောပါးဖြစ်နေတဲ့လူလို စောင့်နေတာတွေ့ရတယ်။ အပြင်ကို ထွက်လာတဲ့အခါ ကျတော့်ကျတော်က လက်မလေးထောင်ပြီး ထွက်လာတယ်။ အခြေအနေကောင်းတယ် ငါတို့တွေရတယ် အဲဒီအချိန်မှာ ကြွေးကြော်လိုက်ပါတယ် အဲဒါNLDအစိုးရပဲ NLDဟာပြည်သူနဲ့တစ်သားတည်းပဲ ပြည်သူ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးရမှာ NLDဟာဘယ်သူ့အကျိုးအတွက်မှ မပါဘူး ငါ့အကျိုးအတွက်မပါဘူး အများအကျိုးပဲ အဲလိုပြောတဲ့အချိန်မှာ နောက်က ပါလာတဲ့ကလေးတွေက ဆရာရယ် ကျတော်တို့လည်း NLDပါတီဝင်ချင်လိုက်တာတဲ့ အဲဒီကနေ ဇာတ်လမ်းဖြစ်တည်လာပါတယ်”လို့ ရပ်ကျေးဉက္ကဌ မီးလင်းရေးကိစ္စဖြင့် တိုင်းအစိုးရဖြင့် ထိတွေ့ဆက်ဆံရပြီးနောက်
ဒေသခံများပါတီဝင်လာချင်လာသည့်ကိစ္စနှင့်ဆက်စပ်၍ ပြောကြားသည်။
၎င်းမှ “NLDရဲ့မူရင်း မူဝါဒက တစ်ပြေးညီတစ်သားတည်းဖြစ်ရေးမူတည်ပါတယ်။ ဘယ်သူ့မျက်နှာမှလည်း ဘယ်သူ့အတွက်မှလည်း လုပ်နေတာမဟုတ်ပါဘူး အများအကျိုးအတွက်လုပ်နေတာပါ။ အားလုံးအတွက် ပရဟိတနိူင်ငံရေးလို့လည်း ဆိုလို့ရပါတယ်။ ဒါကြောင့်အခုလို မိမိအသိနဲ့ NLDပါတီကို ဝင်ရောက်လာတဲ့အတွက် ကျတော့်တို့ခမုံဆိပ်ကျေးရွာအုပ်စု NLDပါတီအနေနဲ့ ကြိုဆိုကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပါတီ ဉက္ကဌ/ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ- ဦးခင်မောင်ရင်မှ တတ်ရောက်လာသူ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်စကားပြောကြားခဲ့ပြီး ဒေသခံပြည်သူများ၏ တောင်းဆိုချက်အား မှတ်သားသွားခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ပါတီဝင်အဆိုပြုလွှာ(၃၀၀)အား ပေးအပ်ခဲ့ပြီး အခန်းအနားအောင်အောင်မြင်မြင် ပြီးဆုံးခဲ့ကြောင်းရာ အဆိုပါ မြစ်သာယာကျေးရွာသည် ခမုံဆိပ်ကျေးရွာအုပ်စုတွင်တည်ရှိပြီး လက်ပံတန်းမြို့နယ် (၁ဝ)မိုင်ကျော်ကွာဝေးကာ မြစ်သာယာကျေးရွာအဖြစ် ပြည်ထဲရေးအမည်ပေါက် လျှောက်ထားထားကြောင်းလည်းသိရသည်။
သတင်း ငြိမ်းချမ်း(လက်ပံတန်း)
#Bago Weekly Journal
ZN.H ????????
P&L