“မြန်မာနိုင်ငံမှာသာ ဖူးမြှော်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး အင်ကြင်းစေတီတော်”

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ဆင်ဂေါင်းတောင် သာသနာ့နယ်မြေအတွင်းမှာ ကမ္ဘာ့ပထမဆုံးသော “အင်ကြင်းစေတီတော်” ကို တည်ထားပူဇော်လျက်ရှိတယ်လို့ ဂေါပကအဖွဲ့ကပြောပါတယ်။

အင်ကြင်းကျောက်တွေနဲ့ တည်ထားတဲ့

“မဟာနာဂဒီပ အေးငြိမ်းချမ်းသာ” ဘွဲ့အမည်ရှိ “အင်ကြင်းစေတီတော်” ကို ၂၀၁၅ ခုနှစ် မေလအတွင်းက စတင်တည်ထားခဲ့ပြီး လက်ရှိမှာတော့ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီး ကုန်ကျငွေအနေနဲ့ ကျပ်သိန်း နှစ်သောင်းခန့် ကုန်ကျမယ်လို့ တည်ဆောက်ရေးဂေါပကအဖွဲ့ ဥက္ကဌ ဦးမြင့်သိန်းက ပြောပါတယ်။
”အင်ကြင်းစေတီတော်မြတ်ကြီးဟာ မြန်မာနိုင်ငံတင်မဟုတ်ပါဘူး ကမ္ဘာ့မှာတင် တစ်ဆူထဲပဲ ရှိပါတယ်။

အခု တည်ထားလျက်ရှိတာ ငါးနှစ်ရှိပါပြီ၊ ပုဂံက အာနန္ဒာစေတီတော် ပုံစံတူတည်ထားလျှက်ရှိပါတယ်။ ကျန်စစ်သားမင်းသားက ကျွန်တော်တို့ မြောင်မြို့နယ်၊ ပရိမ္မရွာမှာ မွေးဖွားတဲ့အတွက် ကျန်စစ်သားမင်းကြီးကို ဂုဏ်ပြုသောအားဖြင့် အင်ကြင်းစေတီတော်မြတ်ကြီးကို တည်းထားကိုးကွယ်ပါတယ်။

ဒီအင်ကြင်းစေတီတော်ကို လာရောက်ဖူးမျှော်တဲ့အခါမှာ အေးမြသာယာတယ် ကျန်းမာဝဖြိုးတယ် အနှောက်အယှက်ရောဂါခပ်သိမ်းကင်းငြိမ်းတဲ့ အင်ကြင်းရဲ့ တန်းခိုးက အဲ့တာရှိတဲ့အတွက် တည်ထားကိုးကွယ်ခြင်းဖြစ်ပါတယ်။” လို့ ‌ဦးမြင့်သိန်းကပြောပါတယ်။

မဟာနာဂဒီပအေးငြိမ်းချမ်းသာ အင်ကြင်းစေတီတော်မြတ်ကြီးကို အင်ကြင်းကျောက်တွေနဲ့ကပ်လှူပူဇော်ရာမှာ အင်ကြင်းကျောက်တန်ချိန် (၁၀၀၀) ခန့် အသုံးပြုပူဇော်လျက်ရှိပြီး စေတီတော်ရဲ့ ဉာဏ်တော်အမြင့် (၄၅) တောင် ၊အလျားပေ (၉၀) ပတ်လည်ရှိပါတယ်။

စေတီရဲ့ လှိုင်အမြင့် (၂၅) ပေ ထုထည်ရှိပြီး စေတီတော်အတွင်းမှာ အလျားပေ (၂၀)၊ လုံးပတ် ၆ ပေ ခန့်ရှိတဲ့ အင်ကြင်းသားတွေကို အသုံးပြုကာ ပွင့်တော်မူပြီးသော ဘုရားလေးဆူကို ရည်းစူးကာ ရပ်တော်မူရုပ်ပွားတော်တွေ၊ထိုင်တော်မူ ရုပ်ပွားတော်တွေကို ထုဆစ်ပူဇော်ထားရှိထားတယ်တာဖြစ်တယ်လို့ ဦးမြင့်သိန်းကရှင်းပြပေးခဲ့တာဖြစ်ပါတယ်။

Photo – Kyaw Swar Soe

#Credit – voiceofmyanmar

#CloudWave Travels & Tours

#2020

==========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top