ပါကစ္စတန်မှ နှစ် ၁၇၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးခဲ့သူ များအား ဖမ်းဆီးအရေးယူ

ပါကစ္စတန်မှ နှစ် ၁၇၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးခဲ့သူ များအား ဖမ်းဆီးအရေးယူ
…………………………………………………

ပက်ရ်ှဝါ၊ ဇူလိုင် ၂၁

ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှ ရဲတပ်ဖွဲ့၀င်များက မာဒန်မြို့တွင်တွေ့ရှိခဲ့သည့် ၃ ရာစုမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ကို ဖျက်ဆီးမှုနှင့် ဆက်စပ်နေသည့် လူ ၄ ယောက်ကို ဖမ်းဆီးခဲ့သည်။

ဒေသဘာသာရေးခေါင်းဆောင်တစ်ယောက်နှင့်အတူ ဆောက်လုပ်ရေးလုပ်သားများက ရုပ်ပွားတော်ကို တူဖြင့် ရိုက်နှက်ဖျက်ဆီးခဲ့သည်ဖြစ်ရပ်ကို ရုပ်သံမှတ်တမ်းတင်ထားပြီး လူမှုကွန်ရက်များတွင် ထိုဗီဒီယိုပျံ့နှံ့ခဲ့သည်။

စနေနေ့တွင် ထိုသူများကို နှစ်ရာစုချီသက်တမ်းရှိနေသည့်ရုပ်ထုကို ဖျက်ဆီးခဲ့သည်ဟုဆိုကာ ရှေးဟောင်း ပစ္စည်းများဆိုင်ရာဥပဒေအရ ဖမ်းဆီးခဲ့သည်ဟု Khyber Pakhtunkhwa ရဲတပ်ဖွဲ့ကပြောသည်။

“မာဒန်မြို့က ရှေးဟောင်းဂန္ဓာရန်ဗုဒ္ဓ္ဂရုပ်ပွားတော်ကိုဖျက်ဆီးခဲ့တယ်လို့မြင်ရတဲ့လူတွေကို Khyber Pakhtun khwa ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်”ဟု ပါကစ္စတန်ပြန်ကြားရေး၀န်ကြီး၏အထူးလက်ထောက် Kamran Bangash က တွစ်တာတွင်ပြောသည်။

ရှားပါးရုပ်ပွားတော်ကို ပါကစ္စတန်ဖြစ်လာသည့်နေရာတွင် အစ္စလာမ်ဘာသာစတင်လွှမ်းမိုးလာသည့် ၈ ရာစုနှင့် ၉ ရာစုမတိုင်ခင် ဗုဒ္ဓဘာသာထွန်းကားခဲ့သည့်ဂန္ဓာရန်ယဉ်ကျေးမှုထွန်းကားခဲ့သည့်နေရာထဲတွင်ပါ၀င်ပြီး ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ UNESCO ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ရှေး ဟောင်းဗုဒ္ဓဘာသာထွန်းကားရာအထင်ကရနေရာတခုဖြစ်သည့် Takht-i-Bahi အနီးရှိရွာတစ်ရွာတွင် ဆောက် လုပ်ရေးလုပ်ငန်းတစ်ခုအတွင်းတွေ့ခဲ့ခြင်းဖြစ်သည်။

ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၅ နှစ် နှင့် ငွေဒဏ် အမေရိကန် ဒေါ်လာ ၁၂၀၀၀ ခန့်ပေးဆောင်ရနိုင်ကြောင်း သိရသည်။

Ref : Pakistan makes arrests over destruction of 1700-year-old Buddha statue

#PeopleMedia

======================

(Unicode)
ပါကစ္စတန်မှ နှစ် ၁၇၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးခဲ့သူ များအား ဖမ်းဆီးအရေးယူ
…………………………………………………

ပက်ရှ်ဝါ၊ ဇူလိုင် ၂၁

ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှ ရဲတပ်ဖွဲ့ဝင်များက မာဒန်မြို့တွင်တွေ့ရှိခဲ့သည့် ၃ ရာစုမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ကို ဖျက်ဆီးမှုနှင့် ဆက်စပ်နေသည့် လူ ၄ ယောက်ကို ဖမ်းဆီးခဲ့သည်။

ဒေသဘာသာရေးခေါင်းဆောင်တစ်ယောက်နှင့်အတူ ဆောက်လုပ်ရေးလုပ်သားများက ရုပ်ပွားတော်ကို တူဖြင့် ရိုက်နှက်ဖျက်ဆီးခဲ့သည်ဖြစ်ရပ်ကို ရုပ်သံမှတ်တမ်းတင်ထားပြီး လူမှုကွန်ရက်များတွင် ထိုဗီဒီယိုပျံ့နှံ့ခဲ့သည်။

စနေနေ့တွင် ထိုသူများကို နှစ်ရာစုချီသက်တမ်းရှိနေသည့်ရုပ်ထုကို ဖျက်ဆီးခဲ့သည်ဟုဆိုကာ ရှေးဟောင်း ပစ္စည်းများဆိုင်ရာဥပဒေအရ ဖမ်းဆီးခဲ့သည်ဟု Khyber Pakhtunkhwa ရဲတပ်ဖွဲ့ကပြောသည်။

“မာဒန်မြို့က ရှေးဟောင်းဂန္ဓာရန်ဗုဒ္ဓ္ဂရုပ်ပွားတော်ကိုဖျက်ဆီးခဲ့တယ်လို့မြင်ရတဲ့လူတွေကို Khyber Pakhtun khwa ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်”ဟု ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး၏အထူးလက်ထောက် Kamran Bangash က တွစ်တာတွင်ပြောသည်။

ရှားပါးရုပ်ပွားတော်ကို ပါကစ္စတန်ဖြစ်လာသည့်နေရာတွင် အစ္စလာမ်ဘာသာစတင်လွှမ်းမိုးလာသည့် ၈ ရာစုနှင့် ၉ ရာစုမတိုင်ခင် ဗုဒ္ဓဘာသာထွန်းကားခဲ့သည့်ဂန္ဓာရန်ယဉ်ကျေးမှုထွန်းကားခဲ့သည့်နေရာထဲတွင်ပါဝင်ပြီး ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ UNESCO ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ရှေး ဟောင်းဗုဒ္ဓဘာသာထွန်းကားရာအထင်ကရနေရာတခုဖြစ်သည့် Takht-i-Bahi အနီးရှိရွာတစ်ရွာတွင် ဆောက် လုပ်ရေးလုပ်ငန်းတစ်ခုအတွင်းတွေ့ခဲ့ခြင်းဖြစ်သည်။

ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၅ နှစ် နှင့် ငွေဒဏ် အမေရိကန် ဒေါ်လာ ၁၂၀၀၀ ခန့်ပေးဆောင်ရနိုင်ကြောင်း သိရသည်။

Ref : Pakistan makes arrests over destruction of 1700-year-old Buddha statue

#PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top