22နှစ်အရွယ်ကောလိပ်ကျောင်းသူကို ပြန်ပေးဆွဲပြီး 3ရက်ခန့်အုပ်စုဖွဲ့မုဒိမ်းပြုကျင့်ပြီးနောက် သတ်ပစ်ခဲ့လို့ အမျိုးသား 5ယောက်ဟာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။ Cao Thi My Duyen အမည်ရှိတဲ့ ကောလိပ်ကျောင်းသူဟာ ဗီယက်နမ်နိုင်ငံ ၊ Dien Bien မြို့မှာနေထိုင်သူဖြစ်ပါတယ် ။
သူမရဲ့ရုပ်အလောင်းကိုတော့ အင်္ကျီလက်ရှည် နှင့် အတွင်းခံ တို့ကိုသာဝတ်ဆင်ထားလျက်တွေ့ရှိခဲ့ပြီး သူမရဲ့ခေါင်းတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်းထားလျက်ဖြင့်တွေ့ရှိခဲ့တာပါ ။ Duyen ဟာ မိခင်ဖြစ်သူရဲ့ဈေးဆိုင်လေးကို ကူညီရောင်းချပေးနေသူဖြစ်ပြီး ၊
ပျောက်ဆုံးသွားတဲ့နေ့က ကြက်အရှင်တစ်ကောင်ပို့ပေးဖို့ဖုန်းလက်ခံရရှိပြီး ကြက်သွားပို့ဖို့ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီးထွက်သွားတာကို နောက်ဆုံးတွေ့ရှိခဲ့ရတာဖြစ်ကြောင်း မိခင်ဖြစ်သူက တိုင်ကြားခဲ့ပါတယ် ။
3ရက်အကြာမှာတော့ သူမတို့နေအိမ်ကနေ တစ်နာရီဝန်းကျင်ခန့်အထိမောင်းနင်သွားရတဲ့ အိမ်အပျက်ကြီးမှာ သူမရဲ့ရုပ်အလောင်းကိုစွန့်ပစ်ထားခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ် ။ သူမဟာ 3ရက်ခန့် မုဒိမ်းပြုကျင့်ခံရပြီးမှ အသတ်ခံခဲ့ရတာဖြစ်ပါတယ် ။
ထို့အပြင် သံသယရှိသူအနေဖြင့်ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမျိုးသား 5ဦးဟာလည်း ပြစ်မှုကျူ းလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ် ။ ပြစ်မှုကျူ းလွန်သူများထဲမှ တစ်ဦးကတော့ Duyen ကို ကြက်အရှင်တစ်ကောင် လူကိုယ်တိုင်လာရောက်ပို့ဆောင်ဖို့ ဖုန်းဆက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ် ။ လက်ရှိမှာတော့ အဆိုပါကိစ္စရပ်ကို ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိပါတယ် ။
Unicode
ညဖက်ပစ္စည်းသွားပို့မိလို့ အမျိုးသား5ယောက်ရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ကျောင်းသူလေး