ပရိသတ်ကြီးရေရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်ကတော့ အနုပညာရှင်မင်းသမီးတွေများစွာထဲကမှ အိမ်ထောင်ရေးကံကောင်းလွန်းတဲ့ အနုပညာရှင်မင်းသမီးတစ်ဦးလို့ဆိုရမှာပါ။ အမြဲပျော်ရွှင်စိတ်ချမ်းမြေ့စရာမိသားစုလေးကိုပိုင်ဆိုင်ထားပြီး အလှူအတန်းဆိုလည်းလက်မနှေးဘဲ ဘာသာရေးမှာလည်း ထိပ်ဆုံးကပါဝင်ကာ ဦးဆောင်လုပ်တတ်တဲ့မင်းသ@မီးလေးတစ်လက်ပါ။
အမြဲတမ်း ခင်ပွန်းသည်ရဲ့သည်းသည်းလှုပ်အချစ်ခံရတဲ့ စမိုင်းလ်ကတော့ အမျိုးသမီးတိုင်းအားကျနေရတာပါပဲနော်။တနေ့တခြားပိုပိုလှလာတဲ့ စမိုင်းလ်ကတော့ မကြာသေးခင်ကလည်း ခင်ပွန်းသည်နဲ့အတူ သာသနာ့ဘောင်ကိုဝင်ရောက်ခဲ့ပါသေးတယ်။
ဒီနေ့မှာတော့” ဝါလည်းဝင်ခါနီးပြီဆိုတော့ Smile ဝါတွင်းလုပ်မဲ့အဓိဌာန်နဲ့ဘုရားရှစ်ခိုးပုတီးစိတ်လေးတွေကို Sharing လုပ်ပေးပါ့မယ် တူတူဘုရားရှစ်ခိုးအဓိဌာန်ဝင်ကြတာပေါ့နော်။ Smile ကတော့ဒီဝါတွင်းမှာ သက်သက်လွတ်စားပါမယ်ရှင့်”ဆိုတဲ့စာလေးနဲ့ သူမ
ရဲ့လူမှုကွန်ရက်စာမျက်နှာ မှာ ဖော်ပြခဲ့တာပါ။ တကယ့်ကိုဘာသာရေးကို ထိထိရောက်ရောက်လုပ်ကိုင်တတ်တဲ့စမိုင်းလ်ပါပဲနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။