တရုတ်ကြီးတို့ ကြောက်ဒူးတုန်စရာ တောင်တရုတ်ပင်လယ်မှာ အမေရိကန်နှင့် နိုင်ငံပေါင်းစုံ ပူးပေါင်းပြီ…

တရုတ်ကြီးတို့ ကြောက်ဒူးတုန်စရာ တောင်တရုတ်ပင်လယ်မှာ အမေရိကန်နှင့် နိုင်ငံပေါင်းစုံ ပူးပေါင်းပြီ…

ပင်လယ်ပြင်စစ်ရေးလေ့ကျင့်ခန်းကြီးနှစ်ခုကို တောင်တရုပ်ပင်လယ်ပြင်မှာ အမေရိကန်နဲ့အပေါင်းပါတွေ တပြိုင်နက်တည်းလုပ်နေကြပါတယ်.. အမေရိကန်နဲ့ပြိုင်ဘက်တရုပ်တို့စစ်ရေးတင်းမာနေကြတုန်း တရုပ်တို့နဲ့ဒေသတွင်းကနိုင်ငံတွေ အငြင်းပွားနေဆဲဖြစ်တဲ့ တောင်တရုပ်ပင်လယ်အတွင်းမှာ တရုပ်တို့ကသူတို့အချုပ်အခြာအာဏာပိုင်ပါတယ်ဆိုတဲ့ ပိုင်နက်ပင်လယ်ကြေညာချက်ကို အမေရိကန်က တရားမဝင်ကြောင်းပယ်ချအပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ရေးလေ့ကျင့်ခန်းတွေစလုပ်နေတာဖြစ်ပါတယ်…

အမေရိကန်ဟာ တောင်တရုပ်ပင်လယ်ပြင်မှာ တရုပ်တို့ရဲ့ချဲ့ထွင်ဖန်တီးလာတဲ့ ပင်လယ်ပြင်ပိုင်နက် ကြေညာမှုကို ကာလအတန်ကြာကတည်းက အစဥ်တစိုက်ကန့်ကွက်လာခဲ့တာဖြစ်ပြီး ဒေသတွင်းက မဟာဗျူဟာမြောက်ရေလမ်းကြောင်းရှိရာနေရာတွေကို သူတို့ရဲ့စစ်သင်္ဘောတွေ ပုံမှန်စေလွှတ်ပြီး နိုင်ငံတကာပင်လယ်ပြင်အတွင်းလွတ်လပ်စွာခုတ်မောင်းသွားလာမှုကို နမူနာပြဆောင်ရွက်နေကျဖြစ်ပါတယ်…

တရုပ်ကတော့အခုလို စစ်ရေးလေ့ကျင့်ခန်းတွေလာလုပ်နေတာကို ဆန့်ကျင်ပြောဆိုလိုက်ပါတယ်.. သူတို့ရဲ့ ပင်လယ်ပြင်ပိုင်နက်ကြေညာမှုကို ပယ်ချခြင်းဟာ တောင်တရုပ်ပင်လယ်ဒေသတွင်းမှာ ပိုမိုတင်းမာမှုဖြစ်လာစေပြီး တည်ငြိမ်မှုကိုပျက်ပြားအောင်လုပ်နေတာပဲလို့ ပြောလိုက်ပါတယ်…

အမေရိကန်နျူကလီးယားပါဝါလေယာဥ်တင်သင်္ဘော နင်းမစ်နဲ့ ရော်နယ်ရီဂင်တို့ဟာ ဒီအပါတ်မှာ တောင်တရုပ်ပင်လယ်အတွင်းကိုတပ်ဖြန့်လာပြီး နင်းမစ်ဟာ အိန္ဒိယသမုဒ္ဒရာအတွင်းကိုရောက်နေပါတယ်.. အိန္ဒိယရေတပ်နဲ့ စစ်ရေးလေ့ကျင့်ခန်းတွေလေ့ကျင့်သွားမှာဖြစ်ပါတယ်.. နှစ်နိုင်ငံရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်လာနိုင်စေဖို့ နားလည်မှုပိုရှိလာစေဖို့ဖြစ်တယ်လို့ အမေရိကန်ရေတပ်ကပြောတယ်…

တနင်္လာနေ့ (၂၀/၇/၂၀၂၀)က အိန္ဒိယရေတပ်နဲ့အတူလုပ်တဲ့စစ်ရေးလေ့ကျင့်ခန်းတွေဟာ ရေတပ်အချင်းချင်း ပူးပေါင်းစစ်ဆင်ရေးအတွက် တိုးတက်မှုတွေပိုဖြစ်ထွန်းလာစေဖို့အထောက်အပံ့ဖြစ်စေပါတယ် လို့ လေယာဥ်တင်သင်္ဘောရဲ့စစ်ရေယာဥ်မှူး ဗိုလ်ချုပ် Jim Kirk ကပြောလိုက်ပြီး

“အတူတူလေ့ကျင့်ခန်းလုပ်ကြတဲ့အခါ အိန္ဒိယနဲ့ကျွန်တော်တို့ဟာ အမြင့်မားဆုံးလေ့ကျင့်ရေးနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေအတွက်ပုံဖော်ထားပြီး လေကြောင်းရန်ကာကွယ်ရေးတွေပါ လို့ဆိုပါတယ်”

အိန္ဒိယနဲ့တရုပ်ပါဝင်တဲ့စစ်ရေးလေ့ကျင့်ခန်းတွေလုပ်နိုင်ခဲ့တယ်ရုပ်တို့ဟာလည်း ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ ဟိမဝန္တာတောင်တန်းဒေသက နယ်စပ်ပြဿနာမှာ ကြီးကျယ်တဲ့ရန်ပွဲတွေဖြစ်ပွားခဲ့ပြီး အဲ့ဒီနောက်ပိုင်းကစလို့ ဆက်ဆံရေးတင်းမာလာပြီး အိန္ဒိယဟာ အမေရိကန် ဂျပန်စတာတို့နဲ့ ပိုလို့နီးကပ်သွားခဲ့ပါတယ်..

အခုပြုလုပ်တဲ့စစ်ရေးလေ့ကျင့်ခန်းဟာ အိန္ဒိယပိုင် အန်ဒမန်နဲ့နီကိုဘာကျွန်း အနီးက ပင်လယ်ပြင်မှာပြုလုပ်တာဖြစ်ပြီး မလက္ကာရေလက်ကြားရဲ့ မြောက်ဖက်ထိပ်စွန်းလောက်မှာကျရောက်နေတဲ့နေရာဖြစ်ပါတယ်..

မလက္ကာရေလက်ကြားဆိုတာဟာကမ္ဘာမှာ အသွားအလာအများဆုံး ကုန်သွယ်ရေကြောင်းနဲ့ လောင်စာဆီတင်ပို့ရာ လမ်းမတစ်ခုဖြစ်ပါတယ်.. အန်ဒမန်နဲ့နီကိုဘာကျွန်းတန်းပေါ်မှာ အိန္ဒိယရေတပ်စခန်းဌာနချုပ် (ANC HQ) တစ်ခုရှိပါတယ်..

အမေရိကန်ရေတပ်က လေယာဥ်တင်သင်္ဘောနင်းမစ်နဲ့တိုက်ခိုက်ရေးအုပ်စုဟာ အိန္ဒိယသမုဒ္ဒရာမှာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒိုပစိဖိတ်ဒေသကို အထောက်အကူပြုနိုင်ဖို့ရှိနေတာဖြစ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်..

တဖက်မှာလည်းဖိလစ်ပိုင်ပင်လယ်ထဲမှာ လေယာဥ်တင်သင်္ဘော ရောနယ်ရီဂင်နဲ့တိုက်ခိုက်ရေးအုပ်စုဟာ ဂျပန် သြစတေလျ ရေတပ်တို့နဲ့အတူတူ လေ့ကျင့်ခန်းပြုလုပ်နေပါတယ်..

ပင်လယ်ပြင်စစ်ရေးလေ့ကျင့်ခန်းတွေဟာ ဇူလိုင်လ ၂၃ ရက်နေ့အထိပြုလုပ်မှာပါ.. ဒီနှစ်ထဲမှာ အမေရိကန်ရေတပ်ဟာ အိန္ဒိယ ဂျပန်တို့နဲ့အတူ ဘင်္ဂလားပင်လယ်အော်ထဲမှာ စစ်ရေးလေ့ကျင့်ခန်းတွေထပ်လုပ်ဖို့လည်းရှိနေပါသေးတယ်.. အဲ့ဒိအချိန်ကျရင် သြစတေလျရေတပ်ဟာ လာရောက်ပူးပေါင်းပြီး လေ့ကျင့်ခန်းထဲပါဝင်နိုင်ကောင်းပါဝင်လာပါလိမ့်မယ်…

တောင်တရုပ်ပင်လယ်ကစလိုက်တဲ့ ဒေသတွင်းတင်းမာမှုတွေကနေ အမေရိကန်ရဲ့ နျူကလီးယားပါဝါလေယာဥ်တင်သင်္ဘောကြီးတွေပါတဲ့ တိုက်ခိုက်ရေးအုပ်စုကြီး နှစ်စုဟာ လက်တန်ဆန့်ရင်း ဆန့်ရင်းကနေ အန်ဒမန်နီကိုဘာကျွန်းစုအနားထိရောက်လာနေပါပြီ.. ကျွန်တော်တို့နဲ့နီးလာပါပြီ.. အန်ဒမန်နီကိုဘာကျွန်းဆိုတာဟာ ကျွန်တော်တို့ရဲ့ရန်ကုန်တိုင်းထဲကမြို့နယ်တစ်ခုဖြစ်တဲ့ ကိုကိုးကျွန်းမြို့နယ် နဲ့ တဆက်ထဲဖြစ်တဲ့ကျွန်းတန်းပါပဲ…

အခုလေ့ကျင့်ခန်းပြီးရင် ထပ်လုပ်မယ့်နေရာကတော့ ဘင်္ဂလားပင်လယ်အော်ဖြစ်ပါသတဲ့.. ကျွန်တော်တို့ဘက်နားကို ပိုကပ်လာပါလိမ့်မယ်.. ရခိုင်ကမ်းရိုးတန်းအနားကိုရောက်လာပါလိမ့်မယ်…

စစ်သင်္ဘောကြီးတွေရဲ့အရွေ့တွေ အင်အားပြခရီးစဥ်တွေ လေ့ကျင့်ခန်းတွေဟာ အဓိပ္ပာယ်အမျိုးမျိုး ဖော်ဆောင်ပါတယ်.. နီးနီးလာသလိုပါပဲ…

(Pi Lon)

======================

တရုတ်ကြီးတို့ ကြောက်ဒူးတုန်စရာ တောင်တရုတ်ပင်လယ်မှာ အမေရိကန်နှင့် နိုင်ငံပေါင်းစုံ ပူးပေါင်းပြီ…

ပင်လယ်ပြင်စစ်ရေးလေ့ကျင့်ခန်းကြီးနှစ်ခုကို တောင်တရုပ်ပင်လယ်ပြင်မှာ အမေရိကန်နဲ့အပေါင်းပါတွေ တပြိုင်နက်တည်းလုပ်နေကြပါတယ်.. အမေရိကန်နဲ့ပြိုင်ဘက်တရုပ်တို့စစ်ရေးတင်းမာနေကြတုန်း တရုပ်တို့နဲ့ဒေသတွင်းကနိုင်ငံတွေ အငြင်းပွားနေဆဲဖြစ်တဲ့ တောင်တရုပ်ပင်လယ်အတွင်းမှာ တရုပ်တို့ကသူတို့အချုပ်အခြာအာဏာပိုင်ပါတယ်ဆိုတဲ့ ပိုင်နက်ပင်လယ်ကြေညာချက်ကို အမေရိကန်က တရားမဝင်ကြောင်းပယ်ချအပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ရေးလေ့ကျင့်ခန်းတွေစလုပ်နေတာဖြစ်ပါတယ်…

အမေရိကန်ဟာ တောင်တရုပ်ပင်လယ်ပြင်မှာ တရုပ်တို့ရဲ့ချဲ့ထွင်ဖန်တီးလာတဲ့ ပင်လယ်ပြင်ပိုင်နက် ကြေညာမှုကို ကာလအတန်ကြာကတည်းက အစဉ်တစိုက်ကန့်ကွက်လာခဲ့တာဖြစ်ပြီး ဒေသတွင်းက မဟာဗျူဟာမြောက်ရေလမ်းကြောင်းရှိရာနေရာတွေကို သူတို့ရဲ့စစ်သင်္ဘောတွေ ပုံမှန်စေလွှတ်ပြီး နိုင်ငံတကာပင်လယ်ပြင်အတွင်းလွတ်လပ်စွာခုတ်မောင်းသွားလာမှုကို နမူနာပြဆောင်ရွက်နေကျဖြစ်ပါတယ်…

တရုပ်ကတော့အခုလို စစ်ရေးလေ့ကျင့်ခန်းတွေလာလုပ်နေတာကို ဆန့်ကျင်ပြောဆိုလိုက်ပါတယ်.. သူတို့ရဲ့ ပင်လယ်ပြင်ပိုင်နက်ကြေညာမှုကို ပယ်ချခြင်းဟာ တောင်တရုပ်ပင်လယ်ဒေသတွင်းမှာ ပိုမိုတင်းမာမှုဖြစ်လာစေပြီး တည်ငြိမ်မှုကိုပျက်ပြားအောင်လုပ်နေတာပဲလို့ ပြောလိုက်ပါတယ်…

အမေရိကန်နျူကလီးယားပါဝါလေယာဉ်တင်သင်္ဘော နင်းမစ်နဲ့ ရော်နယ်ရီဂင်တို့ဟာ ဒီအပါတ်မှာ တောင်တရုပ်ပင်လယ်အတွင်းကိုတပ်ဖြန့်လာပြီး နင်းမစ်ဟာ အိန္ဒိယသမုဒ္ဒရာအတွင်းကိုရောက်နေပါတယ်.. အိန္ဒိယရေတပ်နဲ့ စစ်ရေးလေ့ကျင့်ခန်းတွေလေ့ကျင့်သွားမှာဖြစ်ပါတယ်.. နှစ်နိုင်ငံရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်လာနိုင်စေဖို့ နားလည်မှုပိုရှိလာစေဖို့ဖြစ်တယ်လို့ အမေရိကန်ရေတပ်ကပြောတယ်…

တနင်္လာနေ့ (၂၀/၇/၂၀၂၀)က အိန္ဒိယရေတပ်နဲ့အတူလုပ်တဲ့စစ်ရေးလေ့ကျင့်ခန်းတွေဟာ ရေတပ်အချင်းချင်း ပူးပေါင်းစစ်ဆင်ရေးအတွက် တိုးတက်မှုတွေပိုဖြစ်ထွန်းလာစေဖို့အထောက်အပံ့ဖြစ်စေပါတယ် လို့ လေယာဉ်တင်သင်္ဘောရဲ့စစ်ရေယာဉ်မှူး ဗိုလ်ချုပ် Jim Kirk ကပြောလိုက်ပြီး

“အတူတူလေ့ကျင့်ခန်းလုပ်ကြတဲ့အခါ အိန္ဒိယနဲ့ကျွန်တော်တို့ဟာ အမြင့်မားဆုံးလေ့ကျင့်ရေးနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေအတွက်ပုံဖော်ထားပြီး လေကြောင်းရန်ကာကွယ်ရေးတွေပါ ပါဝင်တဲ့စစ်ရေးလေ့ကျင့်ခန်းတွေလုပ်နိုင်ခဲ့တယ် လို့ဆိုပါတယ်”

အိန္ဒိယနဲ့တရုပ်တို့ဟာလည်း ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ ဟိမဝန္တာတောင်တန်းဒေသက နယ်စပ်ပြဿနာမှာ ကြီးကျယ်တဲ့ရန်ပွဲတွေဖြစ်ပွားခဲ့ပြီး အဲ့ဒီနောက်ပိုင်းကစလို့ ဆက်ဆံရေးတင်းမာလာပြီး အိန္ဒိယဟာ အမေရိကန် ဂျပန်စတာတို့နဲ့ ပိုလို့နီးကပ်သွားခဲ့ပါတယ်..

အခုပြုလုပ်တဲ့စစ်ရေးလေ့ကျင့်ခန်းဟာ အိန္ဒိယပိုင် အန်ဒမန်နဲ့နီကိုဘာကျွန်း အနီးက ပင်လယ်ပြင်မှာပြုလုပ်တာဖြစ်ပြီး မလက္ကာရေလက်ကြားရဲ့ မြောက်ဖက်ထိပ်စွန်းလောက်မှာကျရောက်နေတဲ့နေရာဖြစ်ပါတယ်..

မလက္ကာရေလက်ကြားဆိုတာဟာကမ္ဘာမှာ အသွားအလာအများဆုံး ကုန်သွယ်ရေကြောင်းနဲ့ လောင်စာဆီတင်ပို့ရာ လမ်းမတစ်ခုဖြစ်ပါတယ်.. အန်ဒမန်နဲ့နီကိုဘာကျွန်းတန်းပေါ်မှာ အိန္ဒိယရေတပ်စခန်းဌာနချုပ် (ANC HQ) တစ်ခုရှိပါတယ်..

အမေရိကန်ရေတပ်က လေယာဉ်တင်သင်္ဘောနင်းမစ်နဲ့တိုက်ခိုက်ရေးအုပ်စုဟာ အိန္ဒိယသမုဒ္ဒရာမှာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒိုပစိဖိတ်ဒေသကို အထောက်အကူပြုနိုင်ဖို့ရှိနေတာဖြစ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်..

တဖက်မှာလည်းဖိလစ်ပိုင်ပင်လယ်ထဲမှာ လေယာဉ်တင်သင်္ဘော ရောနယ်ရီဂင်နဲ့တိုက်ခိုက်ရေးအုပ်စုဟာ ဂျပန် သြစတေလျ ရေတပ်တို့နဲ့အတူတူ လေ့ကျင့်ခန်းပြုလုပ်နေပါတယ်..

ပင်လယ်ပြင်စစ်ရေးလေ့ကျင့်ခန်းတွေဟာ ဇူလိုင်လ ၂၃ ရက်နေ့အထိပြုလုပ်မှာပါ.. ဒီနှစ်ထဲမှာ အမေရိကန်ရေတပ်ဟာ အိန္ဒိယ ဂျပန်တို့နဲ့အတူ ဘင်္ဂလားပင်လယ်အော်ထဲမှာ စစ်ရေးလေ့ကျင့်ခန်းတွေထပ်လုပ်ဖို့လည်းရှိနေပါသေးတယ်.. အဲ့ဒိအချိန်ကျရင် သြစတေလျရေတပ်ဟာ လာရောက်ပူးပေါင်းပြီး လေ့ကျင့်ခန်းထဲပါဝင်နိုင်ကောင်းပါဝင်လာပါလိမ့်မယ်…

တောင်တရုပ်ပင်လယ်ကစလိုက်တဲ့ ဒေသတွင်းတင်းမာမှုတွေကနေ အမေရိကန်ရဲ့ နျူကလီးယားပါဝါလေယာဉ်တင်သင်္ဘောကြီးတွေပါတဲ့ တိုက်ခိုက်ရေးအုပ်စုကြီး နှစ်စုဟာ လက်တန်ဆန့်ရင်း ဆန့်ရင်းကနေ အန်ဒမန်နီကိုဘာကျွန်းစုအနားထိရောက်လာနေပါပြီ.. ကျွန်တော်တို့နဲ့နီးလာပါပြီ.. အန်ဒမန်နီကိုဘာကျွန်းဆိုတာဟာ ကျွန်တော်တို့ရဲ့ရန်ကုန်တိုင်းထဲကမြို့နယ်တစ်ခုဖြစ်တဲ့ ကိုကိုးကျွန်းမြို့နယ် နဲ့ တဆက်ထဲဖြစ်တဲ့ကျွန်းတန်းပါပဲ…

အခုလေ့ကျင့်ခန်းပြီးရင် ထပ်လုပ်မယ့်နေရာကတော့ ဘင်္ဂလားပင်လယ်အော်ဖြစ်ပါသတဲ့.. ကျွန်တော်တို့ဘက်နားကို ပိုကပ်လာပါလိမ့်မယ်.. ရခိုင်ကမ်းရိုးတန်းအနားကိုရောက်လာပါလိမ့်မယ်…

စစ်သင်္ဘောကြီးတွေရဲ့အရွေ့တွေ အင်အားပြခရီးစဉ်တွေ လေ့ကျင့်ခန်းတွေဟာ အဓိပ္ပာယ်အမျိုးမျိုး ဖော်ဆောင်ပါတယ်.. နီးနီးလာသလိုပါပဲ…

(Pi Lon)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top