တရုတ် လက် ဝါးကြီး အုပ်ေ နေ သာ တောင် တရုတ် ပင်လယ် အရေး တင်း မာ မှု အရှိန် မြင့်တက်လာ..

ဇူလိုင်လ ၁၃ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယို က တောင်တရုတ်ပင်လယ်ပြင် တွင် တရုတ်တို့မှ ပိုင်ဆိုင်သည် ဟု ပြောနေသော Nine-dash-line သည် နိုင်ငံတကာ ဥပဒေများ အရ မည်သို့မျှ အဓိပ္ပါယ် မရှိဟု ဆိုကာ ပယ်ချ လိုက်သော ကြေငြာချက် ထုတ်ပြန် လိုက်ခြင်းဖြင့် လက် ရှိ တင်းမာနေသည့် အနေအထား ကို ထပ်မံ တိုးမြှင့်လိုက်ပြီ ဖြစ် ပါ တယ် ။

တောင်တရုတ် ပင်လယ် သည် အမေရိကန် ၏ ပေါ်လစီ ဖြစ်သော အင်ဒို-ပစိဖိတ် မဟာဗျူဟာ အတွက် လွန်စွာ အရေးပါသော ဒေသဖြစ်သဖြင့် မိမိတို့ အနေအထားကို အခိုင်အမာ ရပ်တည်ပြလိုက်ခြင်း ဖြစ်သည်ဟု လည်း ၎င်း ၏ ကြေငြာချက် တွင် ဖေါ်ပြထား ပါတယ်။
တောင်တရုတ် ပင်လယ် အတွင်း တရုတ်နိုင်ငံ သည် ၎င်း၏ပိုင်နက် ဖြစ်သော ရေမိုင် ၁၂ မိုင်ကို ကျော်လွန်ပြီး ငါးဖမ်းခြင်း၊ ရေနံတူးဖေါ်ခြင်း အစရှိသည့် လုပ်ရပ်များသည် တဖက်သတ် ဖြစ်ပြီး တရားမဝင်ဟုလည်း ဆို ပါ တယ် ။

ယခင် အမေရိကန် အစိုးရ အဆက်ဆက် က တောင်တရုတ် ပင်လယ် အတွင်း တရုတ်တို့ ၏ ပိုင်နက် အဖြစ် ကြေငြာထားမှု ကို တရားဝင် သဘောထား ထုတ်ပြန်ခဲ့ခြင်း မရှိပဲ နေခဲ့ရာမှ ယခုအခါ ပထမဆုံးအကြိမ် အဖြစ် ပြောလာတာ ဖြစ်လို့ ထူးခြားနေ ပါတယ် ။ ယခုလို ပြောလာတာ ကိုလည်း ကာယကံရှင် နိုင်ငံများက ကြိုဆိုခဲ့ကြပြန် ပါတ ယ် ။

လက်ရှိ တွင် တရုတ်သည် အမေရိကန် တို့ ကပ်ရောဂါဘေးကြောင့် အာရုံများနေ သည် ကို အခွင့်ကောင်းယူကာ ဟောင်ကောင်၊ တောင်တရုတ် ပင်လယ်နှင့် အိန္ဒိယ တို့ အပေါ် အတော် လွန်လွန်ကျူးကျူးတွေ လုပ်လာ နေ၍ ဖြစ်ကြောင်း လေ့လာသူတွေ က သုံးသပ်ခဲ့ကြ ပါတယ် ။

တရုတ်၏ နိုင်းဒက်ရှ်မျဉ်း ဆိုသည် ကား တောင်တရုတ် ပင်လယ်အတွင်း dash လို့ ခေါ်တဲ့ မျဉ်းကြောင်းပြတ် ကိုးခု အား မြေပုံပေါ်တွင် ဟိုမှသည်မှ ပြန့်ကျဲကာ ပိုင်ဆိုင်မှု အဖြစ် ကြေငြာခဲ့ခြင်းမျိုး ဖြစ်တဲ့ အတွက် ဖိလစ်ပိုင်၊ ဗီယက်န မ်၊ မလေးရှား၊ ဘရူနိုင်းနှင့် အင်ဒိုနီရှား ရေပိုင်နက်များ အထိ ပါ ရောက်ရှိနေ ပါတယ်။

စိတ်ဝင်စားဖို့ ကောင်းနေရသည် က တရုတ် သည် ၎င်းတို့၏ ကမ်းရိုးတန်းမှ မိုင် ၂,၀၀၀ ကျော် အကွာမှာရှိတဲ့ နိုင်းဒက်ရှ်မျဉ်းကို ဘယ်က ဘယ်လို ရလာကြောင်း ဥပဒေကြောင်း အရ ခိုင်ခိုင်မာမာ ရှင်းပြခဲ့တာမျိုး မရှိပဲ သမိုင်း အစဉ်အဆက် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော်ကတည်းက ၎င်းတို့ ပိုင်ဆိုင် ကြောင်းသာ ပြောနေ ပါတယ်၊ ဒီလို စပြောလာတာကလည်း ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ဂျပန်တို့လက်နက်ချအပြီး နယ်မြေများကို သူပိုင် ကိုယ်ပိုင် ခွဲခြမ်းလာချိန် ၁၉၄၇ ခုနှ စ်တွင် ထိုအချိန် က ကူမင်တန် အစိုးရမှ စတင် ချပြလာခြင်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တွင် ကုလသမဂ္ဂသို့ တရားဝင် အကြောင်းကြားလာမှသာ နိုင်ငံအများအပြားနဲ့ ဥပဒေကြောင်းအရ အငြင်းပွားမှု ဖြစ်လာခဲ့ပြီး ဖိလစ်ပိုင် မှ နိုင်ငံတကာ တရားရုံး ကို ဝင်ရောက် ဆုံးဖြတ်ပေး ရန် တင်ပြလာခဲ့တာ ဖြစ်ပါတယ်။

ဟိဂ် ရှိ နိုင်ငံတကာ ခုံရုံးမှ ၂၀၁၆ တွင် ဖိလစ်ပိုင် ကို တရားဝင် အနိုင်ပေးထားခဲ့ပြီး ဖြစ်သော်လည်း တရုတ်က လက်မခံဘဲ ပယ်ချခဲ့ ပါတယ် ။

မကြာမီကမှ တရုတ်သည် တောင်တရုတ် ပင်လယ်ရှိ ကျွန်းနှစ်ကျွန်း ကို ခရိုင် နှစ်ခု အဖြစ် သတ်မှတ်ပြီး အမျိုးအမည် သဏ္ဍာန် ၉၀ ကို လည်း အမည်များ ပေးလာခဲ့တဲ့ အတွက် ဖိလစ်ပိုင် နှင့် ဗီယက်နမ်တို့မှ အပြင်းအထန် ကန့်ကွက်လာ ခဲ့ပါတ ယ်။

ဖိလစ်ပိုင်သည် ယခင် က အမေရိကန်တပ် များ လာရောက် လည်ပတ်မှု သဘောတူညီချက် ကို ဖျက်သိမ်း ဖို့ စီစဉ်ထားတာကို နောက်ဆုတ်လိုက်ပြီ ဖြစ် ပါတယ်။

အင်ဒိုနီရှား ကလည်း တရုတ် လုပ်ရပ် သည် မိမိ တို့ အကျိုးစီးပွား ကို ထိခိုက်နေတယ် လို့ ကုလသမဂ္ဂ ကို တိုင်တန်းစာ ပေးပို့ခဲ့ပြန် ပါတယ်။

ဝါရှင်တန် ရှိ တရုတ် သံရုံးမှ ကြေငြာချက် ထုတ်ပြန်ရာတွင် အမေရိကန်သည် ချဲ့ကား ပြောဆိုနေပြီး မိမိတို့နှင့် သက်ဆိုင်ရာ နိုင်ငံများ အကြား ရန်တိုက်ပေးနေခြင်း သက်သက် ဟု ပြောဆိုခဲ့ ပါ တယ်။

အမေရိကန် မှ လက်ရှိ ဂျာမဏီ တွင် စခန်းချထား သည့် အမေရိကန် တပ်များ ကို ဂူအမ်၊ ဟာဝိုင်အီ၊ အယ်လာစကား၊ ဂျပန်နှင့် ဩစတေးလျှ သို့ စေလွှတ်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။

စစ်အေး တိုက်ပွဲ အတွင်း အမေရိကန်တို့၏ မဟာဗျူဟာ သည် ဆိုဗီယက် တို့ ကို ဦးတည်ခဲ့ပြီး ၊ သက္ကရာဇ် ၂၀၀၀ ကျော်တွင် အရှေ့အလယ်ပိုင်း ရှိ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကို အာရုံစိုက်ခဲ့ပေ မယ့် ယခုအခါ တရုတ် အရေးက ထိပ်တန်း ရောက်လာနေပြီ ဖြစ် ပါတယ်။

ဒုတိယ မဟာ ဗျူဟာကတော့ လေကြောင်း ရေကြောင်း တိုက်ပွဲတွေ ဆင်နွှဲဖို့ ဖြစ်ပြီး တရုတ် ရဲ့ A2/AD (Anti-Access/Area Denial) ‘ အဝင်အထွက် ပိတ်၊ အခြေချနိုင်ခွင့် တားမြစ်” ဗျူဟာ ဖြင့် တရုတ် ကမ်းရိုးတန်း ပတ်ပတ်လည် သို့ အမေရိကန် တို့ ဝင်ရောက်မလာရေး အတွက် တရုတ်တို့၏ စီမံချက်များကို၊ တာဝေးသွား နိုင်တဲ့ ဗုံးကြဲလေယာဉ်များ ရေငုပ်သင်္ဘောများ အသုံးပြုပြီး တန်ပြန်နိုင် ဖို့ ဖြစ်ပါတယ် ။ ဒီနေရာမှာ အီလက်ထရောနစ် နဲ့ ဆိုက်ဘာ နည်းလမ်းများဖြင့် တရုတ်တို့၏ ဆက်သွယ်ရေး လမ်းကြောင်းကို ကမောက်ကမ ဖြစ်အောင် လုပ်နိုင်ဖို့ပါ ပြင်ဆင်လာနေ ပါ တယ်။

တတိယ ဗျူဟာကတော့ ကာကွယ်ရေး အသုံးစရိတ် ကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေးပဲ ဖြစ်တယ် လို့ ဆိုပါ တယ် ။

လက်ရှိ မှာ အာရှ-ပစိဖိတ် ဒေသတွင် အမေရိကန် စစ်သည် အင်အား မှာ ၁၃၁,၀၀၀ အထိ ရှိနေဆဲ ဖြစ်ပါတယ်။

လောလောဆယ် အမေရိကန် စစ်အင်အား တိုးချဲ့ ဖြန့် ကျက်ချထားရေး အတွက် စရိတ်စက ကျခံရန် ထရန့် အစိုးရ နဲ့ တောင်ကိုရီယား၊ ဂျပန်တို့ စေ့စပ်ဆွေးနွေးနေဆဲ ဖြ စ်ပါတယ် ။ ယခင်က ဂျပန်သည် ‘ဒိုင်း” အဖြစ် ရှိနေပြီး အမေရိကန် တို့အား ‘လှံတံ’ အဖြစ် အသုံးပြုရေး မှ သည် ယခုအခါ မိမိတို့ကိုယ်တိုင် လှံတံ ကို ကိုင်စွဲဖို့ စဉ်းစားလာနေပြီ လို့ ဆို ပါ တယ် ။

မည်သို့ပင် ဆိုစေ တရုတ် တို့ ကာလကြာမြင့်စွာ ကြွေးကြော်နေ တဲ့ ‘ငြိမ်းချမ်းစွာ ဦးမော့လာရေး ” ဆိုသည် အပေါ် နိုင်ငံများက မိန်းမောမနေကြတော့ ပဲ သတိဝီရိယ ကြီးစွာ ထားပြီး တုန့်ပြန်လာကြ တဲ့ အတွက် တင်းမာမှုတွေ ဆက်လက် မြင့်တက်လာ ဖို့ ရှိနေ ပါ တယ် ။

လှစိုးဝေ

( ဂျပန်နိုင်ငံထုတ် Nikkei Asia Review စာစောင်ပါ ဆောင်းပါးများ မှ ကောက်နုတ် တင်ပြသည် )

Post navigation

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top