ရေကြီးရေလျှံမှုက သက်သာစေရေးအတွက် ရေကာတာ တခုကို တနင်္ဂနွေနေ့က ဖောက်ခွဲပြီး ဖွင့်ချလိုက်သလို Xiangjiaba ဆည်က ရေလွှဲပေါက်တွေကိုလည်း တနင်္လာနေ့မှာ ဖွင့်ချလိုက်ပါပြီ။ ၁၉၅၃ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Xiangjiaba ဆည်ကြီးရဲ့ ဂိတ်တွေ ဖွင့်ချတာဟာဆိုရင် အခုတကြိမ်နဲ့ ဆို ၁၅ ကြိမ်သာ ရှိခဲ့တာပါ။
တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ရေကာတာတွေ ကျိုးပေါက်မှုကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် ပိတ်မိနေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံတဝန်းမှာ ရေကြီးမှုက ပိုပြီး ဆိုးလာနေပြီး Anhui ပြည်နယ် Guzhen မြို့တဝိုက်မှာ တနင်္ဂနွေနေ့က ရေကာတာတွေကနေ ကျော်ပြီး ရေတွေ ဝင်လာပါတယ်။ ဇွန်လတွင်း ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁၄၁ ယောက်ထက် မနည်း သေဆုံး ပျောက်ဆုံးနေပြီး အိမ် ၁၅၀,၀၀၀ လောက် ပျက်စီးခဲ့ပါတယ်။ ဆုံးရှုံးမှုက အမေရိကန် ဒေါ်လာ ၉ သန်းလောက် ရှိပါတယ်။
မြစ်ဝါမြစ်နဲ့ Huai မြစ်ကြောင်း တလျှောက်မှာတော့ သောကြာနေ့ အထိ မိုးရေချိန် မြင့်တက်လာမယ်လို့ တရုတ် မိုးလေဝသနဲ့ ဇလဗေဒ ဌာနက ထုတ်ပြန်ထားပါတယ်။ မိုးသည်းထန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နေပေမယ့်လည်း တရုတ် အစိုးရပိုင် မီဒီယာတွေကတော့ ၂၀၂၀ ပြည့်နှစ် အတွင်း တရုတ်နိုင်ငံတွင်း သေဆုံးမှုနှုန်းနဲ့ စီးပွားရေးအရ ဆုံးရှုံးရမှုက နှစ်စဉ် ပျမ်းမျှနှုန်းအောက်မှာဘဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။
Ref – CDN
===========================