ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေးခင်ဝင့်ဝါကတော့ အလှမယ်သရဖူကိုဆောင်းခဲ့ပြီး အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ကာ နိုင်ငံတကာစင်မြင့်ထက်တွေမှာလည်း သွားရောက်ယှဉ်ပြိုင်လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ခင်ဝင့်ဝါက နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားမှာပါဝင်သရုပ်ဆောင်လာပြီး ပရိသတ်တွေကလည်း သူမရဲ့အနုပညာကို အပြည့်အဝအားပေးကြတာဖြစ်ပါတယ်။
အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်နေပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ သူမဟာ အပြုံးချိူချိူလေးတွေရယ် ချစ်စရာဟန်ပန်လေးတွေရယ်နဲ့ အမြဲတမ်း သရုပ်ဆောင်တတ်တာကြောင့် ပရိသတ်တွေက အသဲစွဲနေရခြင်းလည်းဖြစ်ပါတယ်။
လတ်တလောမှာလည်း ဆွဲဆောင်မှုရှိရှိ ချစ်စရာဟန်ပန်လေးတွေနဲ့ ပုံလေးတွေကို တင်လေ့ရှိပါသည်။
ယခုမှာတော့ အရမ်းချစ်ဖို့ကောင်းတဲ့ ပုံလေးတွေနဲ့ “ရင့်ကျက်တဲ့မမ တော့မဟုတ်ဘူး “ချစ်တတ် တဲ့ကလေးမ ” ဆိုပြီး တင်ပေးလာပဲဖြစ်ပါတယ် ။ဘယ်လိုဝတ်စုံဒီဇိုင်းလေးနဲ့ပဲဖြစ်ဖြစ် အမြဲလိုက်ဖက်ကာ ချစ်စရာကောင်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကြောင့်ပဲ ပရိသတ်တွေအချစ်ပိုနေရတာအမှန်ပဲဖြစ်ပါတယ်။
ချစ်ပရိသတ်ကြီးတွက် ခေးရဲ့ ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ် ။ခင်ဝင့်ဝါလည်း ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။
RELATED POSTS