TTC ကျောင်းက ကျောင်းသား သစ်များ ကျောင်းအပ် လက်မခံ၊ ကိုဗစ်ကာလ အတွင်း စာသင်ခန်းအရေအတွက် သုံးဆတိုးလာ
ရန်ကုန်မြို့ နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်သော လေ့ကျင်ရေး အထက်တန်းကျောင်း TTC တွင် ကိုဗစ်နိုင် တင်း ကပ်ရောဂါကြောင့် ကျောင်းသားများအတွက် နေရာနှင့်ဆရာ၊ဆရာမလိုချက်များရှိသဖြင့် ၂ဝ၂ဝ-၂ဝ၂၁ ယခု ပညာသင်နှစ်အတွင်း ပြင်ပကျောင်းသားသစ်များကို လက်မခံဘဲ ယခင် နှစ်စာမေး ပွဲအောင်မြင် သော ကျောင်းသား ဟောင်းများကိုသာ ကျောင်းအပ်လက်ခံကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းနွယ်က ပြောသည်။
ကျောင်းအပ်နှံရက်ပြီးချိန်တွင် ကျောင်းအပ်ရန် ကျောင်းသား ၁ဝဝ ဝန်းကျင် ကျန်ရှိနေသေးပြီး ကျန်ရှိနေ သော ကျောင်းသားများက ကျောင်းတက်ရင်း ကျောင်းအပ်ကြသောကြောင့် ယခုတစ်ပတ် အတွင်းပြီး စီးမည်ဟု ဒေါ်ဝင်းဝင်းနွယ်ကပြောသည်။
“အရင်တုန်းက ကလေး ၆ဝလောက်ကို တစ်ခန်းထားရတာလေ။ခုက တစ်ခန်း ကို ကလေး ၂ဝပဲထားရ တယ်ဆိုတော့ အခန်းအရေအတွက်က သုံးဆလောက်တိုးသွားတယ်။အခန်းတိုးသွားတော့ အတန်းပိုင် အရေအ တွက်လည်း တိုးသွားတဲ့အတွက် ကျောင်းသားသစ်တွေကို လက်ခံတာဖြစ်ပါတယ်”ဟု ဒေါ်နွယ်နွယ်ဝင်က ပြော သည်။
TTCကျောင်းသည် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ကျောင်း အုပ်စု ၄မျိုးတွင် အုပ်စု (C)စီ၊ လေးသုတ် တက်တစ်ပတ်ခြား ကျောင်းဖြစ်သည်။ ဇူလိုင် ၂၁ရက်တွင် အထက်တန်းအဆင့်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရာ၌ Grade-11အတန်းနှင့် Grade-10တန်းကို တစ်ပတ်စီတက်ရန်ညွှန်ကြားထားသည်။
ပထဆုံးကျောင်းဖွင့်သည့်ရက်တွင်Grade-11အတန်းကို နံနက် ၇နာရီမှ ၁၁နာရီအထိ တစ်ရက် ၄နာရီ တစ်ပတ် တိတိသင်ကြားပြီး နောက်တစ်ပတ်တွင် Grade-10အတန်းတက်ရန် အချိန်ဇယားများ ရေဆွဲထားကြောင်း ကျောင်းအုပ်ဆရာမကြီး ကပြော သည်။
“အရင် တစ်သုတ်တက်ကျောင်း တုန်းက ဆရာ၊ဆရာမအရေအတွက်လုံလောက်ပါတယ်။အခုကလည်း ဆရာ၊ ဆရာမ မလောက်တာမဟုတ်ဘူး။လောက်ပါတယ် ဘာလို့လည်းဆိုတော့ ကျွန်မတို့ကျောင်းမှာရှိတဲ့ဆရာ၊ ဆရာမ အင်အားကို ချိန်ပြီး Group C အုပ်စု ဖြစ်သွားတာပေါ့”ဟု ကျောင်းအုပ်ဆရာမကြီးကပြောသည်။
TTCကျောင်းတွင် အထက်တန်းအဆင့်တက်မည့်ကျောင်းသား ၁၃ဝဝ ဝန်ကျင်း ရှိပြီး မူလတန်း၊အလယ်တန်း နှင့် အထက်တန်းဆင့်ကျောင်းသားအားလုံး ကျောင်းပြန်တက်ပါက ကျောင်းသားပေါင်း ၆၆ဝဝကျော်သည်။
Zawgyi

Credit