လမ်းပေါ်မှာ ပန်းရောင်းတဲ့ ပန်းသည်ဖခင်အပေါ် ကျေးဇူးမမေ့ခဲ့တဲ့ ဘွဲ့ရကျောင်းသား…

ထိုင်းနိုင်ငံမှာ ဘွဲ့ရကျောင်းသားတစ်ဦးက ပန်းကုံးတွေ ရောင်းကာ ဝမ်းစာရှာဖွေရတဲ့ ဖခင်ရဲ့ ခြေရင်း ဝပ်တွားကန်တော့ခဲ့တဲ့ ဓါတ်ပုံဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဘွဲ့ရ ပညာတတ်တစ်ယောက်ဖြစ်သွားပေမယ့် ဘဝမမေ့ခဲ့ဘဲ ပန်းရောင်း ငွေရှာရင်း ကျောင်းထားပေးခဲ့တဲ့ ဖခင်အပေါ် ကျေးဇူးသိတတ်ခဲ့တာကြောင့် လူများစွာက သူ့ကို ချီကျူးခဲ့ကြပါတယ်။

ဖခင် ပန်းသည်ကြီးထံမှာ လူအဖြစ် မွေးဖွားလာခဲ့ရတာ သူ့အတွက်တော့ ကံကောင်းခဲ့ပါတယ်လို့အသက် ၂၂ နှစ်အရွယ် ဘွဲ့ရကျောင်းသား ဖာရူးဟတ်စ် က သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့ပါတယ်။

မိမိတို့အနေနဲ့ မိမိတို့မိဘတွေရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်နဲ့ ပတ်သက်လို့ လုံး၀ မရှက်သင့်ကြောင်း၊ လူတိုင်းလူတိုင်းဟာ သူတို့အိပ်မက်တွေကို အောင်မြင်စွာဖန်တီးပုံဖော်နိုင်တယ်လို့ မိမိ ယုံကြည်ပါကြောင်း သူက ပြောဆိုပါတယ်။

ဒါ့အပြင် ကျောင်းသားတွေ အနေနဲ့ ပညာသင်ကြားရတာ ပင်ပန်းငြီးငွေ့လို့ယူဆရင် မိမိတို့တွေကို ခက်ခဲကြမ်းတမ်းစွာ လုပ်ကိုင်ရင်း ကျောင်းထားပေးခဲ့တဲ့ မိဘအုပ်ထိန်းသူတွေကို ပထမဦးစွာ သတိရစဉ်းစားသင့်ကြောင်း သူက တိုက်တွန်းခဲ့ပါတယ်။

သူ့ရဲ့ ပို့စ်ကို share သူများစွာရှိခဲ့သလို သူ့ရဲ့ စိတ်ထားနဲ့ လုပ်ရပ်အပေါ် ချီးကျူး ဂုဏ်ယူကြောင်း မှတ်ချက်တွေလည်း ပေးခဲ့ကြပါတယ်။

======================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top