ခြေသလုံးကြော တောင့်တင်းသူများ ၂ ချက် ဆောင်ရွက်ပေးပါ ။ ရေချိုးခါနီး ခြေဖဝါးဆားပွတ်ပြီး မှ ရေချိုးပါ။ (အပူထုတ် ရေချိုးနည်း လမ်းညွှန်ချက်ကို အောက်မှာဖော်ပြထားပါတယ်) တောင့်တင်းတဲ့နေရာကို မန်ကျည်းရေ ကျဲကျဲ နဲ့ လက်နှစ်ဖက်နဲ့ ညှပ်ပြီး ပွတ်ပေးပါ။ ခြေပေးပါ။ ခြေပြီးမှ ရေချိုးပါ။
အရွက် သုံးရွက်အနက် ကြိုက်တဲ့အရွက် တစ်ရွက်ကို သုံးပါ ။ ၁ = ကိုရံကြီးရွက်။ ၂ = ဗာဒံရွက်။ ၃ = ငှက်ပျောရွက် ။ ညအိပ်တဲ့အခါ သိပ်တင်းတဲ့နေရာကို ပတ်ပြီး အိပ်ပါ။ အရွက်ပတ်တဲ့အခါမှာ နေရောင်ထိတဲ့ဘက်၊ ချောတဲ့ဘက် နဲ့ အသား ကို ထိရပါမယ် ။ သူ့ကို ပတ်တော့မယ် ဆိုရင် အဘွား အသက် ကရမက်၊ အမျိုးသမီး အသက် ကရမက် ဆိုတဲ့အတိုင်း ကရမက်လိမ်းပါ။ ကရမက်က အပူစုပ်မယ် ။ ပြီး မှ အရွက်ပတ်ပါ။
အရွက်ကလည်း အပူစုပ်မယ် ။ တောင့်တာ တင်းတာ အကြောင်းခံက ပူလွန့်လို့ ။ ရာနှုန်းလျော့သွားပါလိမ့်မယ်။
“ အပူထုတ် ရေချိုးနည်း”
လူတွေ မှာ ငုပ်လှောင်အောင်း တဲ့ အပူတွေ ရှိပါတယ်။ ဒီအပူတွေကို ရေချိုးပြီးမထုတ်ရင် အန္တရာယ်ရှိပါတယ်။ အောင်းပူတွေကို စံနစ်တကျမထုတ်ဘဲ ကန်ထွက်စေမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ဒါကြောင့်ရေချိုးနည်း မှန်ဖို့ လိုပါ တယ်။ ရောဂါရှိ သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတိုင်း အတွက် အောင်းပူတွေ ထွက်စေမယ့် ( အနှိပ်မခံဘဲ ) အပူထုတ်တဲ့နည်းကို ပြောြ ပပါ့မယ်။
၁ = ရေမချိုးခင် အပူ ထုတ်နည်း – မန်ကျည်းရေ ခပ်ကျဲကျဲ ခပ်ပါးပါးလေး ခန္တာကိုယ် တစ်ခုလုံးကို ပွတ်ပါ။ ၂ = ဆားနည်းနည်းဖြင့် ဘယ်ခြေဖဝါးကို ညာလက်ဖဝါးနဲ့၊ ညာခြေဖဝါးကို ဘယ်ဘက် လက် ဖဝါးနဲ့ အလျား လိုက် အကြိမ် ၅၀ – ခန့် ပွတ်ပါ။ ၃ = ၁၀ – မိနစ်ကြာမှ ရေချိုးပါ
၄ = ရေချိုးရာ မှာ ရေ ကို ဝုန်းကနဲ တန်းမချိုးပါနဲ့၊ ခြေရေ လက်ရေကို ဖြစ်သလို စ မလောင်းပါနဲ့၊ ပေါင်အလယ်၊ လက်မောင်းအလယ်၊ အဆီရှိတဲ့နေရာမှာ အပူခိုတာမို့ ပေါင်အလယ် လက်မောင်း အလယ် က စလောင်းပြီး အစွန်အဖျားတွေ ကိုလောင်းပါ ။
ပြီးတော့ မျက်နှာသစ်မယ်။ တစ်ကိုယ်လုံးချိုးမယ်။ ဒီလို စိတ်ရှည် လက်ရှည် ချိုးပေး ရင် အပူတွေ တစိမ့်စိမ့်ထွက်စေ ပါတယ်။
အထူးမှတ်သားရမှာက ဆားပွတ်ပြီး ရေချိုးပါ။ ရေမချိုးဖြစ်ဘဲ ဆားမပွတ်ပါနဲ့။ ည အခါညစ်ပေလို့ ခြေထောက်ကို ရေဆေးရင်လည်း ခြောက်အောင်ပြန်သုတ်ပါ။ ဒီလိုမဟုတ်ရင် မျက်စိနာတတ်တယ်၊ မျက်ဝတ်တွေ ထွက်တတ်ပါတယ်။
ဆရာကြီးဦးရန်အောင် (သြ/သု)
=======================
Unicode
ခြေသလုံးကြော တောင့်တင်းသူများ ၂ ချက် ဆောင်ရွက်ပေးပါ ။ ရေချိုးခါနီး ခြေဖဝါးဆားပွတ်ပြီး မှ ရေချိုးပါ။ (အပူထုတ် ရေချိုးနည်း လမ်းညွှန်ချက်ကို အောက်မှာဖော်ပြထားပါတယ်) တောင့်တင်းတဲ့နေရာကို မန်ကျည်းရေ ကျဲကျဲ နဲ့ လက်နှစ်ဖက်နဲ့ ညှပ်ပြီး ပွတ်ပေးပါ။ ခြေပေးပါ။ ခြေပြီးမှ ရေချိုးပါ။
အရွက် သုံးရွက်အနက် ကြိုက်တဲ့အရွက် တစ်ရွက်ကို သုံးပါ ။ ၁ = ကိုရံကြီးရွက်။ ၂ = ဗာဒံရွက်။ ၃ = ငှက်ပျောရွက် ။ ညအိပ်တဲ့အခါ သိပ်တင်းတဲ့နေရာကို ပတ်ပြီး အိပ်ပါ။ အရွက်ပတ်တဲ့အခါမှာ နေရောင်ထိတဲ့ဘက်၊ ချောတဲ့ဘက် နဲ့ အသား ကို ထိရပါမယ် ။ သူ့ကို ပတ်တော့မယ် ဆိုရင် အဘွား အသက် ကရမက်၊ အမျိုးသမီး အသက် ကရမက် ဆိုတဲ့အတိုင်း ကရမက်လိမ်းပါ။ ကရမက်က အပူစုပ်မယ် ။ ပြီး မှ အရွက်ပတ်ပါ။
အရွက်ကလည်း အပူစုပ်မယ် ။ တောင့်တာ တင်းတာ အကြောင်းခံက ပူလွန့်လို့ ။ ရာနှုန်းလျော့သွားပါလိမ့်မယ်။
“ အပူထုတ် ရေချိုးနည်း”
လူတွေ မှာ ငုပ်လှောင်အောင်း တဲ့ အပူတွေ ရှိပါတယ်။ ဒီအပူတွေကို ရေချိုးပြီးမထုတ်ရင် အန္တရာယ်ရှိပါတယ်။ အောင်းပူတွေကို စံနစ်တကျမထုတ်ဘဲ ကန်ထွက်စေမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ဒါကြောင့်ရေချိုးနည်း မှန်ဖို့ လိုပါ တယ်။ ရောဂါရှိ သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတိုင်း အတွက် အောင်းပူတွေ ထွက်စေမယ့် ( အနှိပ်မခံဘဲ ) အပူထုတ်တဲ့နည်းကို ပြောြ ပပါ့မယ်။
၁ = ရေမချိုးခင် အပူ ထုတ်နည်း – မန်ကျည်းရေ ခပ်ကျဲကျဲ ခပ်ပါးပါးလေး ခန္တာကိုယ် တစ်ခုလုံးကို ပွတ်ပါ။ ၂ = ဆားနည်းနည်းဖြင့် ဘယ်ခြေဖဝါးကို ညာလက်ဖဝါးနဲ့၊ ညာခြေဖဝါးကို ဘယ်ဘက် လက် ဖဝါးနဲ့ အလျား လိုက် အကြိမ် ၅၀ – ခန့် ပွတ်ပါ။ ၃ = ၁၀ – မိနစ်ကြာမှ ရေချိုးပါ။
= ရေချိုးရာ မှာ ရေ ကို ဝုန်းကနဲ တန်းမချိုးပါနဲ့၊ ခြေရေ လက်ရေကို ဖြစ်သလို စ မလောင်းပါနဲ့၊ ပေါင်အလယ်၊ လက်မောင်းအလယ်၊ အဆီရှိတဲ့နေရာမှာ အပူခိုတာမို့ ပေါင်အလယ် လက်မောင်း အလယ် က စလောင်းပြီး အစွန်အဖျားတွေ ကိုလောင်းပါ ။
ပြီးတော့ မျက်နှာသစ်မယ်။ တစ်ကိုယ်လုံးချိုးမယ်။ ဒီလို စိတ်ရှည် လက်ရှည် ချိုးပေး ရင် အပူတွေ တစိမ့်စိမ့်ထွက်စေ ပါတယ်။
ထူးမှတ်သားရမှာက ဆားပွတ်ပြီး ရေချိုးပါ။ ရေမချိုးဖြစ်ဘဲ ဆားမပွတ်ပါနဲ့။ ည အခါညစ်ပေလို့ ခြေထောက်ကို ရေဆေးရင်လည်း ခြောက်အောင်ပြန်သုတ်ပါ။ ဒီလိုမဟုတ်ရင် မျက်စိနာတတ်တယ်၊ မျက်ဝတ်တွေ ထွက်တတ်ပါတယ်။
ဆရာကြီးဦးရန်အောင် (သြ/သု)