ကင်ဆာရောဂါသည်မိခင်ကိုအချိန်ပြည့်ပြုစုပေးဖို့ ကျောင်းထွက်လိုက်တဲ့ အသက် ၂၀ အရွယ်လူငယ်လေး

မိဘတိုင်းက မိမိရဲ့သားသမီးတွေအတွက် အစစအရာရာအနစ်ခံ ပေးဆပ်ခဲ့သလို၊ မိဘကျေးဇူးကို ပြန်သိတတ် ပြီး မိဘအတွက် အနစ်နာခံ ပေးဆပ်ကြတဲ့ သားလိမ္မာ၊ သမီးလိမ္မာတွေလည်း ရှိပါတယ်။ ထိုင်ဝမ်က Liu Xinhong လို့ နာမည်ရတဲ့ အသက် ၂၀ အရွယ်လူငယ်လေး တစ်ယောက်ဟာလည်း ကင်ဆာရောဂါသည်မိခင်ကို ပြုစုပေးဖို့ ကျောင်းထွက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းကတော့ Liu Xinhong ဟာ ထိုင်ဝမ်က Yulin စီရင်စုမှာရှိတဲ့ တက္ကသိုလ်တစ်ခုမှာ ပထမနှစ်တက်ရောက်ခဲ့တဲ့ ကျောင်းသားလေး ဖြစ်ပါတယ်။ ဒါပေမဲ့နောက်တစ်နှစ်မှာပဲ သူ့ရဲ့ဘဝပြောင်းလဲသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်လယ်လောက်ကစလို့ သူ့မိခင်ရဲ့ကင်ဆာရောဂါဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာပျံ့နှံ့နေတာကို သိလိုက်ရ ပြီးနောက်မှာတော့ Liu Xinhong တစ်ယောက် အကောင်းဆုံးဖြစ်မယ်လို့ထင်တဲ့ ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ချလိုက်ပါတယ်။ ကျောင်းတက်ရမယ့် ငယ်ငယ်ရွယ်ရွယ်အချိန်ကောင်းမှာ ကျောင်းထွက်ပြီး ရောဂါသည်မိခင်ကို ပြုစု ပေးဖို့ ကျောင်းထွက်လိုက်ပါတယ်။

သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ Liu Xinhong က “ကျွန်တော့်မှာအမေဆိုတာတစ်ယောက်ပဲ ရှိတာပါ။ ကျောင်းတက်တာက နောက်မှ ပြန်တက်လို့ရပါတယ်” လို့ ပြောခဲ့ပါတယ်။ သူဟာ ကျောင်းကထွက်ပြီး ဆေးရုံက သူ့အမေအနားမှာ အချိန်ပြည့်နေပြီး ပြုစုပေးနေတာ ဖြစ်ပါတယ်။ သားတစ်ယောက်အနေနဲ့ အခုလိုမိခင်ကို ပြုစု ပေးဖို့ဆိုတာ တော်ရုံသိတတ်လိမ္မာမှုမျိုးလောက်နဲ့တော့ မဖြစ်နိုင်ပါဘူး။

Liu Xinhong အနေနဲ့ သူ့အမေကိုအချိန်ပြည့်ပြုစုပေးနိုင်ဖို့ အခုလိုကျောင်းထွက်လိုက်ရတဲ့အတွက် လုံးဝ နောင်တမရဘူးလို့လည်း ဆိုပါတယ်။ အဲဒီအတွက်လည်း သူ့မှာလုံလောက်ပြည့်စုံတဲ့ အကြောင်းပြချက်ရှိနေပါတယ်။

“အမေက ကျွန်တော့်ကိုပြုစုပျိုးထောင်ပေးဖို့အတွက် အချိန်တွေ၊ ခွန်အားတွေအများကြီး ကုန်ခဲ့ရတာ။ သူ ကျွန်တော့်အတွက်လုပ်ပေးခဲ့တာတွေ အများကြီးပဲလေ။ ဒါပေမဲ့ ကျွန်တော်ကတော့ သူနဲ့အတူများများမနေပေး ဖြစ်ခဲ့ဘူး။” လို့ မျက်ရည်ဝဲရင်း ပြောခဲ့ပါတယ်။ သူ့အမေကျန်းမာစဉ်က အမေ့ဘေးမှာ အချိန်ကြာကြာမနေပေး ဖြစ်ခဲ့တာကို နောင်တရနေခဲ့တာပါ။

“အခု အမေ့ကို ပြုစုပေးဖို့လိုလာပြီ။ ကျွန်တော့်အနေနဲ့ ဒီတာဝန်ကိုယူဖို့ အပြည့်အဝတာဝန်ရှိပါတယ်။” လို့လည်း သူကဆိုထားပါတယ်။ တကယ်ကိုသိတတ်လိမ္မာတဲ့ သားလေးပါပဲနော်။

Liu Xinhong အတွက် ကံကောင်းတာကတော့ သူ့ရဲ့ညီဖြစ်သူကလည်း ကျောင်းကပြန်လာတိုင်း မိခင်ကိုပြုစုဖို့ သူ့ကို လာကူညီပေးလေ့ရှိပါတယ်။ ဖခင်ဖြစ်သူကတော့ သူတို့မိသားစုရဲ့ဆိုင်အတွက် တာဝန်ယူလုပ်ကိုင်နေရ တာကြောင့် ဆေးရုံကိုသိပ်မလာနိုင်ပါဘူး။ သူ့အနေနဲ့လည်း Liu Xinhong လိုသားမျိုးရှိနေတဲ့အတွက် တကယ် ကို ကျေးဇူးတင်ဝမ်းမြောက်နေပါတယ်။

Katie Scarlett
We Media

Source: Good Times

============================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top