အမေရိကန်နဲ့ တရုတ်တို့ ကောင်စစ်ဝန်ရုံးတွေကို အပြန်အလှန်ပိတ်၊ အခြေအနေတင်းမာ…

အမေရိကန်၏ ဉာဏပိုင်ဆိုင်မှုကို ကာကွယ်ရန် အကြောင်းပြချက်ဖြင့် ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး လာမည့် သောကြာနေ့မှစကာ ပိတ်သိမ်းသွာရန် အမေရိကန်က အမိန့်ပေးလိုက်သည်။ ထိုသို့ကြေညာပြီးနောက် တရုတ် ကောင်စစ်ဝန်ရုံးဝန်ထမ်းအချို့ ရုံးဝင်းအတွင်း စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးနေသည်ကိုလည်း တွေ့ရသည်ဟု သိရသည်။

ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ချက်ချင်းဆိုသလိုပဲ တရုတ်ဘက်နေပြီး ဝူဟန်မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒါဟာအမေရိကန်ရဲ့ လုပ်ရပ်ကို တုံ့ပြန်လိုက်တာလို့လဲ ပြောပါတယ်။

အစောပိုင်းက ထုတ်ပြန်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စာတမ်းထဲမှာလဲ လက်တုံ့ပြန်မယ်လို့ ပါဝင်ပါတယ်။ ဆက်လက်ပြီး အမေရိကန်ရဲ့လုပ်ဆောင်ချက်ဟာ ရက်စက်ရွံရှာဖွယ်ကောင်းတယ် လို့လဲ အဆိုပါထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

တစ်ဖန် တရုတ်နိုင်ငံဟာ အမေရိကန်တို့ရဲ့ နည်းပညာတီထွင်မှုတွေကို ခိုးယူနေပြီး၊ လျှို့ဝှက်သတင်းအချက်အလက်တွေကို ခိုးယူနေတယ်လို့ အမေရိကန်ဘက်ကနေလဲ စွပ်စွဲထားပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်နဲ့အမေရိကန် ဆက်ဆံရေးဟာ အင်မတန်ထိလွယ်ရှလွယ်ဖြစ်နေပြီး ပေါက်ကွဲတော့မဲ့ ဗုံးတစ်လုံးပမာဖြစ်နေပါတယ်။
(သက်ထက်)

=======================

မေရိကန်နဲ့ တရုတ်တို့ ကောင်စစ်ဝန်ရုံးတွေကို အပြန်အလှန်ပိတ်၊ အခြေအနေတင်းမာ…

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top