သိန်း ၃ ရာကျော်ကုန်ကျကာ ကျောက်ကပ်လဲရမယ်ဆိုတဲ့ နှစ်ယောက်လုံး အံ့မခန်းပျောက်ကင်းသွားတဲ့ နည်းလမ်းလေး

ဝမ်းသာစရာ သတင်းလေးပါ.. သူငယ်ချင်း တယောက် ကျောက်ကပ်လဲရမယ် တဲ့ သိန်း ၃ ရာကျော်ကုန် မယ် ဆိုလို့ သူ့ခြံလေး ကို ရောင်းနေတာ အခုကျောက်ကပ်ဆေးနေ ရ တယ်.. အခု ဒီဆေးနည်းလေး ကိုသောက်တာ မဆေးရတော့ဘူး အမတယောက် က ကျောက်ကပ်ရောဂါဖြစ်နေ တာ ကြာပီ

အခု ခံတက်ခေါက်ရယ် သံပုရာသီး ရယ် သွေးသောက် တာ ၂ ယောက် လုံး အံ့မခန်းပျောက်ကင်းသွား ပါပီ… ကုသိုလ်ဖြစ်ရှဲပေးကြ ပါ

သူငယ်ချင်းများ အားလုံး share ပေး ကြဖို့ မေတ္တာရပ်ခံ ချင် ပါတယ် ။

(ကွမ်းစားတဲ့သူ ကားသမား အချင်းချင်းမို့ လက်တို့လိုက်တာပါ ။) ကွမ်းစားသူများ ခဏခဏ ကျောက်ကပ်ဆေးနေ ရ တဲ့ ဝေဒနာရှင်များ ကျောက်ကပ်လဲရမည့်သူများ ကတက်ခေါက်ကို သတိရပါလေ သူငယ်ချင်းများ အားလုံး share ပေး ကြဖို့ မေတ္တာရပ်ခံ ချင်ပါတယ် ကျနော်ရဲ့ ဖခင်ဟာ ကျောက်ကပ် ပျက်စီးသွားသောကြောင့် ကျောက်ကပ်တု သွေးသန့်စင်ခန်း မှာ သုံးရက် လျင် တစ်ကြိမ် ၅၀၀၀၀ ခန့် ကုန်ကျ နေပါ တယ်လေး ရက်မြောက် ဆေးမဲ့ နေ့ ည မှာ လုံးဝ အိပ်စက်ဖို့ အဆင်မပြေ ဖြစ်လာရှာပါတယ် အရမ်းအမောလာ ပါတယ်။

သိန်း ၃ ရာကျော်ကုန်ကျကာ ကျောက်ကပ်လဲရမယ်ဆိုတဲ့ နှစ်ယောက် လုံး အံ့မခန်းပျောက်ကင်းသွား တဲ့ နည်းလမ်းလေး
ယ္ခု အခါ (ကုန်းကတက် ) ပင် ရဲ့အခေါက် ကို သွေး ပြီး သံပုရာသီးအစစ်နဲ့ တစ်နေ့ တစ်ကြိမ် သောက်သုံး လာခဲ့ရာခြောက်ရက်လျင် တစ်ကြိမ်သာကျောက်ကပ်ဆေး ခြင်း ပြုလုပ် နေရပြီး ညစဉ်တိုင်းမှာလည်း လုံးဝ မမောတော့ပါ။

အခြားအမော ရောဂါသည် များလည်း သိသာစွာ သက်သာ လာပါတယ် မန္တလေးတိုင်း အတွင်းမှာပင်ကျောက်ကပ် ပျက်စီးသူ ၁၀၀၀၀ ခန့့်ရှိနိုင် ပြီးတစ်နိုင်ငံလုံး အတိုင်းတာဖြင့် ဆိုလျှင် များစွာ ရှိနေပါလိမ့် မယ် ထိုရောဂါ စွဲကပ်လာပါက မည်သူမဆို တစ်လ လေးသိန်း ငါးသိန်းခန့်ကုန်ကျပါမှ အသက်ရှင် နေထိုင်ခွင့်ရသလို မိသားစု လိုက် ဆင်းရဲမွဲတေစေတဲ့ ရောဂါ တစ်ခု ဖြစ်ပါတယ် သို့ပါ သောကြောင့် ထိုဆေးနည်း ဖြင့်ဖြစ်ပြီးသား ဝေဒနာ ရှင်များ သက်သာပါစေကြောင်း နှင့် ဖြစ်ခါစ ဝေဒနာ ရှင်များ ပျောက် ကင်း ပါစေကြောင်း

စေတနာ စစ်စစ်ဖြင့် ဖော်ပြ ပေး လိုက်ပါတယ်။ credit by original writer

=========================

သိန်း ၃ ရာကျော်ကုန်ကျကာ ကျောက်ကပ်လဲရမယ်ဆိုတဲ့ နှစ်ယောက် လုံး အံ့မခန်းပျောက်ကင်းသွား တဲ့ နည်းလမ်းလေး
ကျောက်ကပ် ထိခိုက်နေပြီလို့ သတိပေးနေတဲ့ ရောဂါလက္ခဏာများ။…..

ကျနော်တို့ခန္ဒာကိုယ်က အဂါ ၤအစိတ်အပိုင်း ဟာ ရောဂါတစ် ခုခု ခံစားနေရပြီဆို လူကို ရှေ့ပြေးလက္ခဏာများ နဲ့ သတိပေး တတ် ပါတယ် ။ သူတို့ကိုသတိမမှုပဲ ပေါ့ပေါ့နေ မယ် ဆိုရင်တော့ ရောဂါတေ ကြီးထွားလာချိန် မှ သိပြီး ကုသမှု နောက်ကျ နိုင် ပါတယ် ။

ဆေးရုံတင် ရရင် အိမ်နေ မိသားစုတွေ လူအင်အား ငွေအင်အား အချိန်အားနဲ့ လုပ်အားတွေ မလိုအပ်ပဲ ဆုံးရှုံးတတ် တာကြောင့် မို့ ကျနော်တို့ခန္ဒာကိုယ် က သတိပေးနေတဲ့ ရှေ့ပြေးလက္ခဏာများ ကို သတိမှုမိ ဖို့ ဖတ်ကြည့်ရ အောင် ။

ဒီနေ့ မောင်ဖြိုး တို့ပြောပြ မှာကတော့..ကျောက်ကပ် ရဲ့ ရှေ့ပြေး ရောဂါ လက္ခဏာ များ ပါပဲ ။

အိပ်မပျော်ခြင်း

ကျောက်ကပ်တွေက ခန္ဒာကိုယ်ရဲ့ အဆိပ်အတောက်တွေ ကို ဆီးထဲ ကနေစွန့် ထုတ်ပေးရတဲ့ အလုပ် ကိုလုပ် ပါတယ် ။ အားလုံးမြင်သာအောင် ပြောရရင် ကျောက်ကပ်ဟာ ခန္ဒာကိုယ်အတွက် အမှိုက်သိမ်း သမားလေးတယောက် ပါပဲ ။

ဆိုတော့ ကျောက်ကပ်ကကောင်းကောင်း အလုပ် မလုပ်ရင် အဆိပ်အတောက် အညစ်အကြေးတွေက ခန္ဒာကိုယ် သွေးလှည့်ပတ် စနစ်ထဲ မှာ ပဲရှိနေကြ မှာပါ..။

အဆိပ်တွေကသွေးထဲမှာ များနေပြီဆို သင်အိပ်ပျော်တော့မှာ မဟုတ်ပါဖူး ကော်ဖီတွေ သောက်ထားတာ စိတ်လှုပ်ရှားစရာ.. စိတ်ဖိစီးမှု အစရှိ တဲ့ အကြောင်းရင်းတိတိကျကျ မရှိပဲရက်ရှည် အိပ်မပျော်ဖူး ဆိုရင် တော့ ကျောက်ကပ် ကို ဂရုစိုက်ဖို့အချိန်ရောက်ပြီဆို တဲ့ လက္ခဏာ ပါပဲ ။

သိန်း ၃ ရာကျော်ကုန်ကျကာ ကျောက်ကပ်လဲရမယ်ဆိုတဲ့ နှစ်ယောက် လုံး အံ့မခန်းပျောက်ကင်းသွား တဲ့ နည်းလမ်းလေး
ကျောက်ကပ်ရောဂါ တစ်ချို့ ဟာ အိပ်စက်နေရင်း အသက်ရှုခတ္တခဏ ရပ်သွားတတ်တဲ့ sleep apnea ဆိုတဲ့ရောဂါတစ်မျိူးကိုပါဖြစ်စေတတ်ပါတယ် ။ အိပ်နေရင်းနဲ့ အကျယ်ကြီးဟောက် တတ်တဲ့ လက္ခဏာ ကိုလဲပြသတတ်ပါတယ်။

ခေါင်းကိုက်ခြင်းနှုံးချိခြင်းနှင့် ခွန်အားမရှိ သလို ခံစားရခြင်း

သွေးနီဥတွေ က သွေးလှည့်ပတ်မှုစနစ်တလျှောက် မှာ လှည့်ပတ်ပြီး အောက်ဆီဂျင် ကို အဆုပ်ကနေ ဆဲလ်တွေဆီကို သယ်ဆောင်ပေးပါတယ် ။ သွေးနီဥတွေနဲလေလေ လူဟာ ပိုပြီး မောလွယ် ပင်ပန်း လွယ်ပြီး နှူံးချိနေတတ် ပါတယ် ။

EPO (Erythropoietin) လို့ခေါ်တဲ့ ဟော်မှုန်း တမျိူးဟာ ရိုးတွင်းချဉ်ဆီကနေ သွေးနီဥ ထုတ်လုပ်မှု ကို အားပေးပါတယ် EPO ကိုတော့ ကျောက်ကပ်ကနေ ထုတ်လုပ် ပါတယ်။

ကျန်းမာနေတဲ့ အချိန် မှာ ကျောက်ကပ် ဟာ ခန္ဒာကိုယ် ထဲက Vitamin D ကိုထိမ်းသိမ်းကြီး အရိုးရဲ့ကြံခိုင်မှုနဲ့ EPO ထုတ်လုပ်ပေးမှုကို လုပ်ဆောင်နိုင်ပါတယ် ။ အရမ်းကို နှုံးချိမောလွယ် ပင်ပန်းလွယ် နေရင်တော့ဆရာဝန်ပြသင့် ပါတယ် ။

ကြာရှည် ကျောက်ကပ်ရောဂါ ခံစားနေ ရသူတွေ အဖြစ်များတဲ့ လက္ခဏာ ကတော့ Anaemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါပါပဲ ကျောက်ကပ် လုပ်ငန်းဆောင်တာရဲ့ ၅၀ % ပဲအလုပ်လုပ်တော့တဲ့ လူနာများမှာတွေ့ရတတ် ပါတယ် ။

သင်အနေနဲ့ လုံလောက်အောင် အနားယူ အိပ်စက်ပေ မဲ့ အမြဲပင်ပန်းနွမ်းနယ် နှုန်းချိလွယ် နေပြီဆို ရင်တော့ ဆရာဝန်ဆီသာပြေးတိုင်ပင် ပါတော့..။

ခြောက်သွေ့ပြီးယားလွယ်တဲ့ အရေပြား

ကျောက်ကပ်ဟာ ဗီတာမင် နဲ့သတ္တုဓာတ်တွေ ကို စီမံခန့်ခွဲရတဲ့ အင်္ဂါ အစိတ်အပိုင်းလဲ ဖြစ် ပါတယ် ။ ပိုလျှံနေတဲ့ အရည်ဓာတ်တွေ ကို ဖယ်ရှားမယ် သွေးနီဥထုတ်လုပ်မှု ကိုမြင့်တင်မယ် ဆိုတဲ့အလုပ်တွေလဲ လုပ်ပါတယ် ။

သင်အရေပြားက လိုအပ်တဲ့ စိုစွတ်မှုမရှိဖူး ခြောက်သွေ့ပြီးယားယံနေရင်တော့ သတ္တုဓာတ်မလုံလောက် မမျှတတဲ့ ကျောက်ကပ်ပြဿနာ ပဲလို့သိလိုက်ပါ ဒါဟာ အရိုးရောဂါတွေကိုလဲ နောက်ဆက်တွဲ ဖြစ်စေနိုင် ပါတယ် ။

ရေများမျျားသောက်ပါ ကြာရှည်ခံစားနေ ရတဲ့ လက္ခဏာ တွေအတွက်ဆိုရင် တော့ဆရာဝန်သာပြသပါ..ကိုယ့်စိတ် အထင်နဲ့ဆေးတွေ လျှောက်မသောက် ပါနဲ့…ဆေးဝါးတွေဟာ အသဲနဲ့ကျောက်ကပ်ကို ပိုပြီး အလုပ်ပေးတတ် ပါတယ် ။

ခံတွင်းအနံ့ဆိုးဝါးပြီးပါးစပ်ထဲတွင်သံဓာတ်အရသာခံစားနေရခြင်း

သင့်သွေးထဲမှာ အဆိပ်အတောက်တွေများနေပြီဆိုရင်တော့ ဒီလက္ခဏာပြပါလိမ့်မယ် ။ ငယ်တုန်းက ကလေးသဘာဝ သံပိုက်လုံးကိုရက်မိသလို စိမ်းရွှေရွှေဖန်တန်တန်ငန်သလိုလို အရသာကြီးပါ ဒေါက်တာငဖြိုးတို့ ငယ်တုန်းကတော့

ပါးစပ်ထဲဘယ်လိုသံချောင်းဝါးမိတယ် မမှတ်မိတော့ဖူး.အရသာဆိုးဆိုးကြီးကိုတော့ မှတ်မိနေပါသေးတယ် လေ။ ကျောက်ကပ်သမားဟာ အစားစားတဲ့အခါမှာလဲ ဒီသံ အရသာကြီးဖြစ်နေတတ် ပါသတဲ့ နောက်ပြီး ခံတွင်းအနံ့ဆိုးဝါးခြင်း ဟာလဲ ကျောက်ကပ်ရဲ့ လက္ခဏာ တစ်ခုပါပဲ

သွေးလှည့်ပတ်မှုစနစ်တလျှောက် မှာ အဆိပ်အတောက်တွေ များနေပြီ ဆိုတဲ့အချက်ပြမှုပဲလိုသိထား ပါတော့.။

နောက်ဆက်တွဲ လက္ခဏာကတော့ အစားစာချင် စိတ်မရှိတာ အထူးသဖြင့် အသားငါးမစားချင်တဲ့ခံစားချက်ပါပဲ ဒါဟာ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ ကိုယ်အလေးချိန်ကျဆင်းမှု (unhealthy weight loss )ကိုဖြစ်စေတတ် ပါတယ် ။

ပုံမှန်အားဖြင့်တော့ သံအရသာကြီးဟာ အလာဂျစ်သမားတွေ နဲ့ ခံတွင်းသန့်ရှင်းမှု နည်းပါးတဲ့လူတွေမှာတွေ့ရတတ်ပါတယ် ဒါပေမဲ့.. ရက်ရှည်လများ ဒီလက္ခဏာခံစားနေရရင်တော့ ဆရာဝန် နဲ့သာ ပြသပေတော့ဗျို ု

အသက်ရှုမြန်ခြင်း(ကျပ်ခြင်း)

စာဖတ်သူ မိတ်ဆွေအပေါင်း အသက်ရှုကျပ်ရတာ မောတာမြန်တာနဲ့ကျောက်ကပ်နဲ့ မဆိုင်ဖူးလို့တွေးထင်ကြမှာပေါ့ အဓိကနှစ်ချက်ရှိပါတယ် ပထမအချက်ကတော့ ကျောက်ကပ်ကမစွန့်ထုတ်နိုင်တဲ့ အရည်ဓာတ်အပိုတွေဟာ ခန္ဒာကိုယ်ထဲမှာစုပုံနေမိပြီးအဆုပ်ထဲကို အလွယ်တကူရောက်လာရှိနိုင်လို့ပါပဲ။

နောက်တချက် ကတော့ ကျောက်ကပ်မကောင်းတဲ့ အတွက်ကြောင့် anaemia ဖြစ်ပြီးခန္ဒာကိုယ်ရဲ့ ဆဲလ်တွေဟာ အောက်ဆီဂျင် လုံလောက်စွာမရရှိလို့ ပါပဲ ဒီနှစ်ချက်ကြောင့်မောတာ အသက်ရှုမြန်တာ..ဖြစ်တတ် ပါတယ် ။

ဒါပေမဲ့ လည်း တခြား ပန်းနာရင်ကျပ်လို အဆုပ်ကင်ဆာလိုမျိုး နဲ့ နှလုံးရောဂါတွေကြောင့်လဲ အသက်ရှုမဝ အသက်ရှုမြန်တာ ဖြစ်တတ်ပါသေးတယ်။

အသက်ရှူမဝတာတဲ့ တန်းပြီးကျောက်ကပ်ကြောင့်လို့ ထင်လို့မရပေမဲ့ သူဟာလဲအကြောင်းရင်းထဲကတစ်ခုပဲလို့ သတိထားသင့်ပါတယ်။

အိမ်ခန်းထဲကနေမီးဖိုအသွား တို့ လှေကားလေ ၃ ထစ်လောက်တက်ရုံနဲ့တင်မောနေပြီဆိုရင်တော့.. မိတ်တွေတို့ရေဆရာဝန်ဆီသာပြေးပေတော့။..

လက်ကောက်ဝတ်ခြေမျက်စိတဝိုက်ခြေနဲ့လက်တွေဖောယောင်ခြင်း

ကျောက်ကပ်အလုပ်မလုပ်လို့ ခန္ဒာကိုယ်မှာအရည်တွေစုပုံပြီးများလာပြီဆိုရင် ဒီရေတွေဟာ sodium retention ကိုဖြစ်စေပါတယ် ဒါဟာသင့်လက်ကောက်ဝတ် ခြေကျဉ်းဝတ် လက်နဲ့ ခြေထောက်တွေမှာ အရည်တွေစုပြီးဖောယောင်စေတတ်ပါတယ်။

ခြေထောက်တွေနဲ့ ခန္ဒာကိုယ်အောက်ပိုင်း ဖောယောင်ခြင်းဟာ အခြား နှလုံး အသည်းနဲ့ ခြေထောက်အတွင်းက သွေးပြန်ကြောတွေ တခုခု ချွတ်ယွင်းလို့လဲ ဖြစ်နိုင်ပါတယ်။

ဆေးတွေကလဲအယောင်ကျအောင်လုပ်နိုင်ပေမဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသောက်သ င့်ပါတယ် ။ ကိုယ့်ဖာသာထင်ရာဆေးတွေသောက်ပြီးမှ ဆရာဝန်နဲ ပြသတာသာ ဆရာဝန်အနေနဲ ဒါဟာ့ရောဂါ လက္ခာလား ဆေးရဲ့သက်ရောက်မှုလား စဉ်းစားရကျပ်စေ ပါတယ် ။

ကျောဘက်နာကျင်ခြင်း

ကျောက်ကပ်ကြောင့်ဖြစ်တဲ့ နာကျင်မှုဟာနက်ရှိုင်းပြီး နံရိုးတွေရဲ့အောက်ကပ်ရပ်ဖက်မှာဖြစ်တတ်ပါတယ်။ ဒါပေမဲ့တခါတလေ ခါးအရှေ့ ဆီးစပ်နားတဝိုက်နဲ့ တင်ပါးမှာပါ နာကျင်တတ်ပါတယ်။

ဒီနာကျင်မှုဟာ polycystic kidney disease လိုမျိုးအရေအိတ်ကလေးတွေ ကကျောက်ကပ်မှာဖြစ်တည်နေတဲ့ အတွက်ကြောင့်ပါ၊ ကျောက်ကပ်ကြောင့်ုဖစ်တဲ့ နောက်ကျောကနာကျင်မှုဟာ တခါနရံ ကိုယ်ပူကြီးခြင်း အော့အန်ခြင်းနဲ့ ဆီးခဏခဏ သွားခြင်းတို့နဲ့ပါ ပူးတွဲလာတတ်ပါတယ်။

ဒီလိုတွေတွဲမလာသေးဖူး ဆို ရင်တော့ ကျောကပ်ကဟုတ်ပါတခြားအကြောင်းအရာတွေကြောင့်နာကျင်တာပါ ။ သူတို့ဟာနောက်ကျောမှာနေရာတိတိကျကျနာတတ်တယ် အဖျားမရှိတတ်ဖူး ရုတ်တရက် လဲ ဖြစ်တတ် ပါတယ် ။

မကြာခဏ ခါးနာပြီး အထက်ကလိုလက္ခဏာတွေနဲ့ တွဲလာရင် သာမာန်အကိုက်အခဲပျောက်ဆေးနဲ့မသက်သာရင် တော့ ဒေါက်တာကိုကို တွေစီသွားဖို့အချိန်ရောက်ပါပြီ မိတ်တွေတို့..။

မျက်လုံးနား တဝိုက်ရောင်ရမ်းခြင်း(puffy eye)

မျက်လုံးနား တဝိုက်ရောင်ရမ်းခြင်း မို့ဖောင်းခြင်းဟာလဲ ကျောက်ကပ်ကျန်းမာရေး ရဲ့ရှေ့ပြေးလက္ခဏာများ တဲ့ကတစ်ခုပါပဲ ကျောက်ကပ်ရဲ့စစ်ကြောတဲ့ စနစ် filtration system ပျက်နေတဲ့ အခါ protein အသားဓာတ်များကို ခန္ဒာကိုယ် ထဲကိုမျှဝေရမဲ့အစား

ဆီးထဲမှာပါဝင်သွားစေတတ် ပါတယ် ဒါဟာမျက်လုံးတဝိုက်မှာ ဖောင်းကြွရောင်ရမ်းခြင်း ကိုဖြစ်စေပါတယ် ။ အိပ်ရေးဝအောင်လဲအိပ်တယ် ငိုလဲငိုမထားပဲနဲ့ မျက်လုံးတစ်ဝိုက်ရောင်ရမ်းနေပြီဆို ရင်တော့ ကျောက်ကပ် ပဲလို့သတိထားလိုက်ပါတော့။

သွေးဖိအား(သွေးပေါင်)တက်နေခြင်း

သွေးလှည့်ပတ် အဖွဲ့ အစည်း နဲ့ကျောက်ကပ်က ယင်နဲ့ယန်ဓာတ်လို့ တစ်ခုနဲ့တစ်ခုအမှီသဟဲပြုနေပြီးအပြန်အလှန်အကျိုးပြုနေတဲ့စနစ်နှစ်ခုပါပဲ။ ကျေုာက်ကပ်ထဲက nephron လိူ့ခေါ်ထဲအစိတ်အပိုင်း ငယ်လေးတွေက အဆိပ်အတောက်တွေနဲ့အညစ်အကြေးတွေကိုသွေးကြောတွေထဲကနေ စစ်ထုတ်ပေးပါတယ်။

သွေးကြောလေးတွေက ပျက်စီးနေတဲ့ အခါ nephron လေးတွေက အောက်ဆီဂျင် နဲ့အာဟာရတွေကို လုံလောက်အောင်မရတော့ပါဖူး။

ဒါကြောင့်သွေးဖိအားမြင့်ခြင်း ဟာလဲ ကျောက် ပျက်စီးစေရတဲ့ အချက်အလက်တစ်ခုပါပဲ။ ဂေါ်ဖီထုပ် စလပ်ရွက်လိုအစိမ်းရောင်ရှိတဲ့စားစရာများ…

ချည်သောအသီးအနှံများနဲ့အစေ့အဆံများ ဆန် အစရှိတဲ့folic acid ကြွယ်ဝတဲ့အစားအစာများကို ထည့်သွင်းစားသုံးပေးကြပါ။

ဆီးပေါက်တဲ့အချိန်အခါပုံစံပြောင်းသွားခြင်း

မိမိဆီးပေါက်တဲ့ ကြိမ်ရေ အနံ့ အရောင်နဲ့ သွင်ပြင်လက္ခဏာ သိသိသာသာကြီးပြောင်းလဲသွားရင် တော့ မပေါ့ပါနဲ့ အထူးသဖြင့် တော့ ညအခါမှာ ဆီးအလွန်သွားခြင်းပါပဲ ၃ကြိမ်အထက်ကနေဆယ်ကြိမ်လောက်အထိ သွားနေရရင်တော့မရေးကြီးပါပြီ ။

နောက်တစ်ခုကတော့ ဆီးထဲသွေး ပါတာပါပဲ ဟုတ်ပါတယ် ဆီးထဲမှာသွေးဟာပါ စရာ မဟုတ်ပါဖူး.. ။

ကျန်းမာတဲ့ ကျောက်ကပ်ဟာ သွေးထဲကအညစ်အကြေးတွေကို စစ်ထုတ်ပြိး ဆီးအဖြစ်စွန့်ထုတ် ပါတယ် ။

ဒါပေမဲ့စစ်ထုတ်တဲ့စနစ်က ပျက်ယွင်း နေပြီ ဆို ရင်တော့ သွေးဆဲလ်တွေဟာ ယိုစိမ့်ပြီးဆီးထဲပါလာတတ်ပါတယ် ။

နောက်ဆုံးကတော့ ဆီးထဲမှာလိုအပ်တာ ထက် ပိုပြီးအမြှုပ်ထနေတာ ပါပဲ နှစ်ခါသုံးခါ ရေဆွဲချ တာတောင်ဆီး အမြှုပ်ကကျန်နေသး တာ တို့ လိုမျိုးပါ ဒီအချက်ဟာ မလိုလားတဲ့ protein တွေ ဆီးထဲပါဝင်နေခြင်း ကိုပြနေတာ ပါ ။

အထက်က အချက်အလက်တွေ ရက်ရှည်ကြာဖြစ်နေပြီဆိုရင်တော့ မိတ်ဆွေ တို့ အနီးဆုံး ဆရာဝန်နဲ့ပြသဖို့လိုနေပြီနော့်…

ဒေါက်တာဖြိုးဇော်အောင်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top