ပြင်းထန်ကုန်ပြီ …တရုတ်ကောင်စစ်ဝန်ရုံး အား (၇၂) နာ ရီ အ တွင်း အမေရိကန် ပိတ် ခိုင်း ၊ ရုံး ထဲ ရှိ အေ ရးကြီး စာရွက် များ ကို မီး ရှို့ ဖျက် ဆီးနေ

ပြင်းထန် ကုန်ပြီ …တရုတ်ကောင်စစ်ဝန်ရုံး ကို (၇၂) နာ ရီ အတွင်း အမေရိကန် ပိတ် ခိုင်း ၊ ရုံးထဲ ရှိ အရေးကြီး စာရွက် များ ကို မီးရှို့ဖျ က်ဆီးနေ

အမေရိက န် အစိုးရ က ဟော့စတန် မှာရှိတဲ့ တရုတ်ကောင်စစ် ဝန်ရုံး ကို ၇၂ နာရီ အတွင်း ပိတ်ပစ်ဖို့ ညွှန်ကြားလိုက်တဲ့ အတွက် တရုတ်ဘက် က လက်တုန့်ပြန်သွား မယ်လို့ ပြောကြားလိုက် ပါတယ်။ ဟော့စတန်ကောင်စစ် ဝန်ရုံး ပိတ်ပင်ခံရမှုဟာ နှစ်နိုင်ငံ ဆက်ဆံရေး ကို ပိုမို ဆိုးဝါးစေပြီး တရုတ်နိုင်ငံအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အမေရိကန်ဘက်ကတော့ တရုတ်ကောင်စစ်ဝန်ရုံးဟာ အမေရိကန်ပြည်သူတွေ နဲ့ အမေရိက န်အကျိုးစီးပွား ကို ထိခိုက်စေ တယ် လို့ ပြော ပါ တယ်။

ထရန့်အစိုးရရဲ့ ကောင်စစ်ဝန်ရုံး ပိတ်သိမ်း ဖို့ ညွှန်ကြားချက်ထုတ်ပြန်အပြီးမှာ တရုတ်ကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေက ရုံးနောက်မှာ အရေးကြီး စာရွက်စာတမ်းတွေကို မီးရှို့ပစ်ခဲ့ကြပါတယ်။ ဒီလိုမီးရှို့မှုတွေကြောင့် ဟော့စတန် ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ် ဖွဲ့တွေက ကောင်စစ်ဝန်ရုံးအပြင်ဘက် မှာ အသင့်စောင့်ဆို င်းနေကြ ရပါ တယ်။

သို့သော် တရုတ်ကောင်စစ်ဝန်ရုံးဖြစ်နေ တာကြောင့် ဝင်ရောက်ခြင်း မပြုဘဲအပြင် ဘက်ကသာ စောင့်ဆိုင်းနေတာတွေ့ရပါတယ်။ ဟော့စတန်တရုတ်ကောင် စစ်ဝန်ရုံးအပိတ်ခံရမှုကြောင့် တရုတ်သံတမန်များ၊ ဂျာနယ်လစ်များနဲ့ ကျောင်းသားများ အတွက် ကြီးမားသော အခက်အခဲဖြစ်ေ စခဲ့ ပါတယ် ။

အမေရိကန်အစိုးရရဲ့လုပ်ဆောင်မှုတွေဟာ စစ်အေးခေတ်တုန့်ပြန်မှုပုံစံမျိုးဖြစ်နေတယ်လို့ လေ့လာသူတွေက ဆိုပါတ ယ်။ ဒါ့အပြင် အမေရိကန် အစိုးရက တရုတ်ကွန်မြူနစ်ပါတီဝင်များ၊ မိသားစုဝင်များအပါအဝင် တရုတ်နိုင်ငံသားအများစုကို ပြည်ဝင်ခွင့် ဗီဇာကန့်သတ် ဖို့လည်း စီစဉ်မှုတွေပြုလုပ်နေပါ တယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်က အမေရိကန် အစိုးရ ရဲ့ဆုံးဖြတ်ချက် ကို ပြန်လည် ရုတ်သိမ်းပေးရန် တောင်းဆိုလိုက်ပါတယ်။ တစ်ကယ်လို့ အမေရိကန်ဘက်က ရပ်တန့်ခြင်းမပြုရင် ဥပဒေအရ လုပ်သင့်တာတွေဆက်လုပ်မယ်လို့ တရုတ်အစိုးရ ဘက်က ပြောပါတယ် ။ တရုတ်ဘက် ကလည်း အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်နိုင်တယ်လို့ သတိေ ပးနေ ပါတယ်။

ဒီလို အရေးကြီး စာရွက်တွေ ကို မီးရို့တဲ့ အပြုအမူမျိုးဟာ ပုလဲဆိပ်ကမ်း ကို ဂျပန်တွေ ဝင်မတိုက်ခင် အပြုအမူမျိုးနဲ့တူညီ နေတယ် လို့ လေ့လာသူတွေက ပြော ပါတယ် ။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့ ( ပုလဲဆိပ် ကမ်း တိုက်ခိုက်ခံရတဲ့နေ့) မနက် က အမေရိကန်ဆိုင်ရာ ဂျပန်သံရုံး ဟာ အရေးကြီး တဲ့ စာရွက်စာတမ်းတွေ ကို မီးရှို့ဖျက်ဆီးခဲ့ဖူး ပါတယ်။

Post navigation
အိမ်အကူမိန်းကလေး ရဲ့ နာမည်အရင်း ကို မီဒီယာေ တွေ ရှ့ မှာ ထု တ်ပြော လိုက်ေ သာကြောင့် ထပ် မံ တ ရား စွဲ ဆို ခံ ရနို င်ခြေ ရှိ တဲ့ မင်းရာဇာ

ကိုယ်နဲ့မဆိုင်ပဲ သူများဘဲ ဟာကို ဘာလို့ ကြည့်ချင်ကြတာ လဲ ကြည့် ချင်ရ င် နိုင်ငံခြား ကားေ တွ တစ် ပုံ ချည်း လို့ ပြော လိုက် တဲ့ ထက်ထက် ထွန်း (ရုပ်သံ)

Search for:

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top