ချစ်ရတဲ့ တူလေး မြတ်သောမောင်စားဖို့အတွက် တစ်ခါစားဟော့ပေ့ါဗူးလေးကို ကိုယ်တိုင်လုပ်ပေးနေတဲ့ စန္ဒီမြင့်လွင်

ပြည့်စုံသာယာစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ အဆိုတော်မလေး စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်တွင်သာမကဘဲ အဆိုဘက်မှာပါ ထူးချွန်လွန်းသူ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုဘက်ကိုသာ အဓိကထား လုပ်ဆောင်နေတာလည်း ဖြစ်ပြီး သူမရဲ့ သီချင်းဟောင်းလေးတွေဟာလည်း ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုအထူး ရရှိထားတာလည်း ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း အဆိုတော် အောင်လနဲ့အတူ ချိန်ခွင် ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ထွက်ရှိထားတာပဲ ဖြစ်ပြီး ဒီသီချင်းလေးဟာ လတ်တလောမှာ ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များနေတာပဲ ဖြစ်ပါတယ်။

ဒီးဒီဟာ အနုပညာအလုပ်တွေကိုသာမက စိုးညီအစ်မတွေနဲ့အတူ ပိုးထည်ဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။ အခုမှာလေး ဒီဆိုင်လေးမှာ ချစ်ရတဲ့ အစ်မဖြစ်တဲ့ စိုးမြတ်နန္ဒာနဲ့အတူ Live လေးလွှင့်ထားတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ချစ်ရတဲ့ တူလေး မြတ်သောမောင်စားဖို့အတွက် တစ်ခါစား ဟော့ပေ့ါဗူးလေးကို ကိုယ်တိုင်လုပ်ပေးနေသေးတာပဲ ဖြစ်ပါတယ်။ သူမတို့ ညီအစ်မတွေဟာ အမြဲလိုလို စည်းစည်းလုံးလုံးနေတတ်တဲ့ပုံစံလေးတွေဟာလည်း မြင်ရသူတိုင်းကို ပိုပိုပြီး အချစ်ပိုစေနေရတာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် စန္ဒီမြင့်လွင်တို့ ညီအစ်မတွေရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top