ဗိုလ်ချုပ်ရုပ်ပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူနှင့် ၁၀၀၀ ကျပ်တန် ငွေစက္ကူ များကို လိုချင်သူများက တစ်ရွက်လျှင် ကျပ် ၁၀၀ အလိုက်ပေးလဲလှယ်

…………………………………………………

ရန်ကုန်၊ ဇူလိုင် ၂၃

ဗိုလ်ချုပ်ရုပ်ပုံပါ ၅၀၀ ကျပ်တန်ငွေစက္ကူနှင့် ၁၀၀၀ ကျပ်တန်ငွေစက္ကူများကို လိုချင်သူများက တစ်ရွက်လျှင် ကျပ် ၁၀၀ အလိုက်ပေး လဲလှယ်မှုတို့ရှိနေကြောင်းသိရသည်။

ဇူလိုင် ၂၃ ရက် ရန်ကုန်မြို့ရှိ ကုန်သည်လမ်း ဗဟိုဘဏ်ခွဲအနီး people media သတင်းဌာနမှ စုံစမ်းမေးမြန်းရာ တွင် အလိုက်ပေးလဲသူအချို့၏ ပြောကြားချက်အရသိရသည်။

“တရား၀င်တော့ မဟုတ်ဘူးပေါ့။ တချို့က ဗိုလ်ချုပ်ရုပ်ပုံပါတယ်။ လိုချင်တယ်။ သိမ်းထားချင်တယ်ဆိုရင် တစ် ရွက်ကို တစ်ရာ အလိုက်ပေးလဲလှယ်ပေးတယ်။ တစ်နေ့ကို ဆယ်ရွက်၊ အရွက်နှစ်ဆယ်လာလဲတဲ့သူလည်း ရှိပါတယ်။ တချို့ကတော့ အရွက်နည်းနည်းပဲဆိုရင် မြန်မာ့စီးပွားရေးဘဏ်တွေမှာ တစ်ဦးကိုနှစ်ရွက်နှုန်းနဲ့ သွား လဲတယ်။ သူကတော့ပိုက်ဆံမပေးရဘူး။ မတ်တပ်ရပ်တန်းစီရတာပေါ့။ ဘဏ်ဖွင့်ချိန်အထိလေ’’ဟု အမည် မဖော်လိုသူ ငွေလဲလှယ်သူတစ်ဦးကပြောသည်။

ဗိုလ်ချုပ်ရုပ်ပုံပါ ၅၀၀ ကျပ်တန်ငွေစက္ကူများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဇူလိုင် ၁၉ ရက်တွင် ထုတ်ဝေ၍ မြန်မာ့စီးပွားရေးဘဏ်များမှ ဇူလိုင် ၂၁ ရက်တွင် လူတစ်ဦး နှစ်ရွက်နှုန်းဖြင့် ဘဏ်ဖွင့်ချိန် မနက် ၉ နာရီခွဲတွင် လဲလှယ်ပေးခဲ့ကြောင်းသိရသည်။

“အဓိကတန်းစီစောင့်ရတာပေါ့။ ဘဏ်ဖွင့်ချိန်မှဆိုတော့ တချို့လည်းမစောင့်နိုင်ဘူးလေ။ ဦးတို့ကတော့ သိမ်းထားဖို့ပဲ ဘဏ်ကလဲပေးသလောက် လူတစ်ဦးဗိုလ်ချုပ်ပိုက်ဆံနှစ်ရွက်ဆိုတာကိုလာလဲတာပါ’’ဟု မြန်မာစီးပွားရေးဘဏ်တွင် လာရောက်ငွေလဲလှယ်သူ ဦးတိုးကလည်းဆိုသည်။

#PeopleMedia

=======================

(unicode)
ဗိုလ်ချုပ်ရုပ်ပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူနှင့် ၁၀၀၀ ကျပ်တန် ငွေစက္ကူ များကို လိုချင်သူများက တစ်ရွက်လျှင် ကျပ် ၁၀၀ အလိုက်ပေးလဲလှယ်
…………………………………………………

ရန်ကုန်၊ ဇူလိုင် ၂၃

ဗိုလ်ချုပ်ရုပ်ပုံပါ ၅၀၀ ကျပ်တန်ငွေစက္ကူနှင့် ၁၀၀၀ ကျပ်တန်ငွေစက္ကူများကို လိုချင်သူများက တစ်ရွက်လျှင် ကျပ် ၁၀၀ အလိုက်ပေး လဲလှယ်မှုတို့ရှိနေကြောင်းသိရသည်။

ဇူလိုင် ၂၃ ရက် ရန်ကုန်မြို့ရှိ ကုန်သည်လမ်း ဗဟိုဘဏ်ခွဲအနီး people media သတင်းဌာနမှ စုံစမ်းမေးမြန်းရာ တွင် အလိုက်ပေးလဲသူအချို့၏ ပြောကြားချက်အရသိရသည်။

“တရားဝင်တော့ မဟုတ်ဘူးပေါ့။ တချို့က ဗိုလ်ချုပ်ရုပ်ပုံပါတယ်။ လိုချင်တယ်။ သိမ်းထားချင်တယ်ဆိုရင် တစ် ရွက်ကို တစ်ရာ အလိုက်ပေးလဲလှယ်ပေးတယ်။ တစ်နေ့ကို ဆယ်ရွက်၊ အရွက်နှစ်ဆယ်လာလဲတဲ့သူလည်း ရှိပါတယ်။ တချို့ကတော့ အရွက်နည်းနည်းပဲဆိုရင် မြန်မာ့စီးပွားရေးဘဏ်တွေမှာ တစ်ဦးကိုနှစ်ရွက်နှုန်းနဲ့ သွား လဲတယ်။ သူကတော့ပိုက်ဆံမပေးရဘူး။ မတ်တပ်ရပ်တန်းစီရတာပေါ့။ ဘဏ်ဖွင့်ချိန်အထိလေ’’ဟု အမည် မဖော်လိုသူ ငွေလဲလှယ်သူတစ်ဦးကပြောသည်။

ဗိုလ်ချုပ်ရုပ်ပုံပါ ၅၀၀ ကျပ်တန်ငွေစက္ကူများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဇူလိုင် ၁၉ ရက်တွင် ထုတ်ဝေ၍ မြန်မာ့စီးပွားရေးဘဏ်များမှ ဇူလိုင် ၂၁ ရက်တွင် လူတစ်ဦး နှစ်ရွက်နှုန်းဖြင့် ဘဏ်ဖွင့်ချိန် မနက် ၉ နာရီခွဲတွင် လဲလှယ်ပေးခဲ့ကြောင်းသိရသည်။

“အဓိကတန်းစီစောင့်ရတာပေါ့။ ဘဏ်ဖွင့်ချိန်မှဆိုတော့ တချို့လည်းမစောင့်နိုင်ဘူးလေ။ ဦးတို့ကတော့ သိမ်းထားဖို့ပဲ ဘဏ်ကလဲပေးသလောက် လူတစ်ဦးဗိုလ်ချုပ်ပိုက်ဆံနှစ်ရွက်ဆိုတာကိုလာလဲတာပါ’’ဟု မြန်မာစီးပွားရေးဘဏ်တွင် လာရောက်ငွေလဲလှယ်သူ ဦးတိုးကလည်းဆိုသည်။

#PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top