အစားအသောက်အကြွင်းအကျန်တွေဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေနိုင်တဲ့အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ Boston Consulting Group ရဲ့ တင်ပြချက်အရဆိုရင် နှစ်တိုင်း စွန့်ပစ်အစားအသောက်တန်ပေါင်း ဘီလျံနဲ့ချီ အလဟဿဖြစ်နေတာပါ။
အစားအသောက်အကြွင်းအကျန်တွေ၊ စွန့်ပစ်အစားအသောက်တွေကျန်နေတယ်ဆိုတာဟာ ဒီအတိုင်းဆိုရင် တော့ အသေးအမွှားကိစ္စလိုပါပဲ။ ဒါပေမဲ့ သေချာမစီမံနိုင်ဘူးဆိုရင်တော့ အစာအဆိပ်သင့်တာမျိုးတင်မက လေထုညစ်ညမ်းမှုကိုတောင် ဖြစ်စေနိုင်ပါတယ်။
Image Credit: Chef J Gourmet
ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ စူပါမားကတ်တွေကနေ နေ့စဉ်အစားအသောက်များစွာ ထုတ်လုပ်နေပါ တယ်။ အစားအစာတွေကို နေ့စဉ်ပြုလုပ်နေပေမဲ့ တစ်နေ့တာကုန်သွားတိုင်း အစားအသောက်တွေအမြဲကျန်နေ တာကြောင့် လွှင့်ပစ်ရလေ့ရှိပါတယ်။ Abu Dhabi မှာရှိတဲ့ ဟိုတယ်တစ်ခုကတော့ အဲဒီပြဿနာကို အကောင်းဆုံးဖြေရှင်းနေပါတယ်။
Image Credit: Chef J Gourmet
အဲဒါကတော့ လမ်းဘေးခွေးလေးတွေအတွက် recycle ပြန်လုပ်ပြီး ကျွေးမွေးတာဖြစ်ပါတယ်။ အဲဒီလို နှစ်ဖက် လုံးကျိုးရှိစေတဲ့အကြံကို ဖန်တီးခဲ့သူကတော့ စာဖိုးမှူးကြီး J Gourmet ပါပဲ။ သူဟာ Abu Dhabi က ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဖြစ်တဲ့ Hotel Fairmont မှာ Head Chef အဖြစ် တာဝန်ထမ်းဆောင်နေသူပါ။
Image Credit: Chef J Gourmet
Doggy Bag Initiative လို့ခေါ်တဲ့ ပရိုဂရမ်ဟာ နေ့စဉ်အစားအသောက်အကြွင်းအကျန်တွေကို စုဆောင်းပြီး လမ်းဘေးခွေးလေးတွေကို ကျွေးမွေးတာဖြစ်ပါတယ်။ အဲဒီအစားအသောက်တွေကို လမ်းဘေးခွေးတွေ စောင့်ရှောက်ထားတဲ့ ဂေဟာတွေဆီမပို့ခင်မှာ စာဖိုမှူးကြီးကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ပေးပါတယ်။
နေ့စဉ်နေ့တိုင်း ဟိုတယ်က သူ့ရဲ့အကူဝန်ထမ်းတွေရဲ့ အကူအညီနဲ့ အသား၊ ပေါင်မုန့်နဲ့ ဟင်းသီးဟင်းရွက်တို့လို အစားအသောက်တွေကို သေချာပြန်ကြိတ်ပြီး ခွေးစားအဖြစ်ပြန်လည်ပြောင်းလဲပါတယ်။
Image Credit: Chef J Gourmet
စာဖိုမှူးကြီးက သူ့ရဲ့ပရိုဂရမ်ကနေတဆင့် တခြားဟိုတယ်နဲ့စားသောက်ဆိုင်တွေအနေနဲ့လည်း အစားအသောက် အကြွင်းအကျန်တွေကို အလဟဿဖြစ်စေမယ့်အစား လမ်းဘေးခွေးလေးတွေအတွက် အစာ အဖြစ် ပြောင်းလဲဖန်တီးကြဖို့ မျှော်လင့်ထားပါတယ်။
သူမျှော်လင့်သလိုပဲ Hotel Al Wahda Grand Millenium နဲ့ Hotel Crowne Plaza တို့ဟာလည်း သူရဲ့ လမ်းစဉ်အတိုင်းလိုက်ပြီး အစားအသောက်အကြွင်းအကျန်တွေကို စီမံခန့်ခွဲခဲ့ကြပါတယ်။ အဲဒီနည်းအတိုင်း ပိုများတဲ့ တခြားစားသောက်ဆိုင်နဲ့ဟိုတယ်တွေကလည်း လုပ်လာကြမယ်ဆိုရင် သူတို့ကိုယ်တိုင်အတွက် တင်မက သဘာဝပတ်ဝန်းကျင်အတွက်ရော လမ်းဘေးခွေးလေးတွေအတွက်ပါ အဆင်ပြေစေမှာပါ။
Katie Scarlett
We Media
Source: Good Times