ဗိုလ်ချုပ်အောင်ဆန်း ငွေစက္ကူ၏ နိမိတ်ပုံအဟောနှင့်မြန်မာပြည်အနာဂတ်

ဗိုလ်ချုပ်အောင်ဆန်း ငွေစက္ကူ ၏ နိမိတ် ပုံ အဟော နှင့် မြန်မာ ပြည် အနာဂတ်

တရားဝင်ငွေကြေး အဖြစ် သုံးစွဲ မည့် တစ်ထောင်တန် ငွေစက္ကူ သင်္ကေတ နိမိတ်ပုံအကြောင်း မဟောပြောမီ ယခင်ဟောပြောခဲ့ သည် များ မှ သာဓက တစ်ခု ကို တင်ပြလို ပါတယ်။

-၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ( ၃၁ ) ရက်နေ့ မန္တလေးမြို့ တွင် ကိန်းဝပ် ဆံပါယ်လျက်ရှိသည့် မဟာမြတ်မုနိဘုရားကြီးဝန်း ရှိ တံခွန်တိုင် မီးခတဲ့ ဖြစ်ရပ် တစ်ခုဖြစ် ပေါ်ခဲ့ ပါတယ်။ ဘုရား ဇရပ် ကျောင်းကြီး နန်းပြသာဒ် တံခွန်စ တဲ့ အဆောက် အဦးတွေ မီးခခြင်း သည် အယူတော် မင်္ဂလာ ပညာရပ်အလို (ဘဝေါ) နိမိတ်ဟု ယူဆကာ တိုင်းရေး ပြည်ရေး နိုင်ငံ့အရေး ကို ဟောဆိုကြ ပါတယ်။

ထို့ကြောင့် တံခွန် မီးခခြင်း နှင့်အတူ ဟော့လာသော အကြောင်းတရား များကြောင့် ၂၀၁၉/၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ရခိုင်ပြည်နယ် ရဲ့ အထင်ကရ မြို့များ ခြောက်ကပ်ရခြင်း များ ၊ ရခိုင်ပြည်သူများမြေဇာ ပင်ဖြစ်ကြုံရခြင်းများ ဖြစ်မည့်အကြောင်း ကြိုတင် ဟောပြောမှန်ကန်ခဲ့ ပါတယ်။

-အဘယ်ကြောင့် ဟော ပါသလဲ… ? အတိတ်ဖြစ်ရပ် သမိုင်း အကိုးကား ကို ပြန် လည် နှိုင်းညှိပြီး ဟောခဲ့တာဖြစ် ပါတယ် ။

-ဘယ်လိုယူဆပါသလဲ? ဒီဇင်ဘာ ( ၃၁ ) ရက် ဟာ သမိုင်းတွေ ထဲ မှာ ထူးခြားတဲ့ ဖြစ်ရပ်တွေကြုံခဲ့ ပါတယ် ။ ထိုဖြစ်ရပ်ထဲ မှ နှစ် ခု ကို စဉ်းစား မိပါတယ်..

(၁)ဘိုးတော်ဘုရား လက်ထက်တော် အခါက ဒီဇင် ဘာလ ( ၃၁ ) ရက်နေ့ မှာ မဟာသမ္မတရာဇာမင်းလက် ထက်မြောက်ဦး နန်းတော်ကျဆုံးခဲ့ပါတယ်။

(၂)မြန်မာတို့၏ ရတနာပုံနေပြည်တော် နှင့်အချုပ် ခြာ အာဏာ တိုင်းပြည်တစ်ခုလုံး ကို အင်္ဂလန်ဘုရင် မကြီးထံ နှစ်သစ်ကူးလက်ဆောင်ပေးသောနေ့ဟာ ဒီဇင်ဘာလ(၃၁)ရက် ဖြစ်ပါတယ်။

တံခွန်မီးခ တဲ့ ဖြစ်ရပ် နိမိတ်ဘဝေါဟာ မန္တလေးမှာ ဖြစ်တယ် ဆိုပေမယ့် ။ ဖြစ်တဲ့နေရာ က မဟာမြတ်မုနိ ဘုရားကြီးဝန်းထဲမှာ မို့ အဓိက ဘုရားကြီးနဲ့ဆက်စပ်နေတယ် လို့ ယူဆခဲ့ ပါတယ်။

မဟာမြတ်မုနိဘုရားကြီး နဲ့ ဆက်စပ်နေတယ် ဆိုရင် ဘုရားကြီးက ဘိုးတော်ဘုရားလက်ထက်တော် ရခိုင်စစ်ပွဲမှာ ပင့်ဆောင်လာခဲ့တာဖြစ်လို့ အတိတ် သမိုင်းကို အခြေခံကာ ရခိုင်ပြည်နယ်အရေးကို ဟောဆိုခဲ့တာဖြစ် ပါတယ် ။

အခု ငွေစက္ကူ အသစ် ပေါ်လာခြင်း နဲ့ ထိုငွေ စက္ကူရုပ်ပုံ သင်္ကေတ နှင့် ဆက်စပ်သော နိမိတ် ကိုယူဆ ဟောရာတွင်လည်း… ဘာကြောင့် ငွေစက္ကူ အသစ်ထုတ်ခြင်းနဲ့ နိမိတ် ဘဝေါနဲ့ ဘာသက်ဆိုင်ပါ သလဲ..?

-ငွေစက္ကူ တစ်ထောင်တန် အသစ် မှာ ပါ တဲ့ ဗိုလ်ချုပ် အောင်ဆန်း သခင်အောင်ဆန်း ပုံ ဟာ အတော်ကြာ ကြာ ပျောက်ကွယ် နေသည့် ကြားမှ ပြန်လည်ပေါ် ပေါက်လာခြင်း—

-ငွေစက္ကူ တစ်ထောင်တန် / ငါးရာတန် ပေါ်ပေါက် လာသော သင်္ကေတပုံသည် ဗိုလ်ချုပ်ဝတ်စုံ ယူနီဖောင်း မှ အရပ်ဘက်သို့ ကူးပြောင်း လာသော ပုံဖြစ်နေခြင်း–

-ထိုငွေစက္ကူ သင်္ကေတ သခင်အောင်ဆန်း ပုံနှင့် ၁၉၈၇ ခုနှစ် စတင်ဘာလ ( ၅ )ရက် စနေနေ့ နံနက်( ၁၁.၀၀ ) နာရီ တရားဝင်ငွေအဖြစ်မှ ရပ် စဲ လိုက်သည့် …

-၂၅ကျပ်တန် -၃၅ကျပ်တန် -၇၅ကျပ် တန် သုံးမျိုးထဲမှ ၇၅ ကျပ်တန် ငွေစက္ကူ ပုံ ကဲ့ သို့ ဆင် တူ နေသော ပုံသဏ္ဍာန် ကိုတွေ့ ရခြင်း ထိုအချက်များကြောင့် သခင်အောင်ဆန်း ပုံပါငွေ စက္ကူ ပေါ်ပေါက် လာရခြင်း သည် တိုင်းပြည်၏ အနာဂါတ် နိမိတ် ဖြစ်နိူင်ကြောင်း ယူဆ ခြင်းဖြစ် ပါတယ်။ ဤနေရာတွင်ကြားဖြတ် အမြင်ကို ပြောချင်တာက မြန်မာနိူင်ငံသည် ဗမာလူမျိုးကိုရည်ညွှန်းထားခြင်း မဟုတ် မွန် ရခိုင် ရှမ်း ကချင် ကရင် စတဲ့ လူမျိုးနွယ် များနေထိုင်သော နိkင်ငံ ကိုသာ ရည်ညွှန်း တယ် ဆိုတာပဲ ဖြစ် ပါတယ်။

ငွေစက္ကူ အသစ်များ ပေါ်လာခြင်း နဲ့ ဆက်စပ်တဲ့ မြန်မာနိုင်ငံ ရဲ့ အနာဂါတ် ဖြစ်လတ္တံသော အကြောင်းရာ များကတော့ ….

( ၁ ) မြန်မာနိုင်ငံသည် ဒီမိုကကရေစီ စံနစ် အဖြစ် ဆက်လက် သွားရ ပါမယ်…. ( ၂ ) တိုင်းသူပြည်သားများ ရဲ့ စီးပွားရေး ဦးမော့ လာမယ်..။ မြန်မာ တွေ ကြီးပွား ချမ်းသာ လာ မယ်။ (၃) စစ်ယူနီဖောင်းချွတ် အချို့ ရွေးကောက်ပွဲ မှာ ပါဝင် လာမယ် ။ ( ၄ ) မင်းကောင်း အုပ်ချုပ်သူ သမ္မတကောင်း ကို ကမ္ဘာ့နိုင်ငံ ကြီးတွေက ဦးညွှတ် လာရမယ် ။

နိမိတ် ဘဝေါ က ညွှန်းဆိုနေ ပါတယ်။ ဘာကြောင့် ထိုသို့ ဟော ပါသလဲ…? ယခုထုတ်ဝေ သုံးစွဲ ငွေစက္ကူသည် ဗိုလ်ချုပ်အောင်ဆန်း ပုံ မဟုတ်ဘဲ သခင်အောင် ဆန်းပုံဖြစ်ခြင်းကြောင့် နံပါတ် (၁ )အဟောနဲ့ ( ၃ )ကို ဟောပါတယ်။

နံပါတ်( ၂ )အေဟာ က ….

၁၉၈၇ ခုနှစ် စက်တင်ဘာလ (၅)ရက် စနေနေ့ တရားဝင် ငွေအဖြစ်မှ ရပ်စဲ ခံလိုက်ရသည့် ၇၅ ကျပ်တန် သခင်အောင်ဆန်း ငွေစက္ကူ ပုံနဲ့ အခု ထုတ်ဝေ သည့် သခင်အောင်ဆန်းပုံချင်း ဆင်တူ နေခြင်း ကြောင့် … ၁၉၈၇ ခု ထို သင်္ကတပုံပါ ငွေ ကို ရပ်စဲလိုက်ခြင်း ရဲ့ နောက် သမိုင်း နောက်ခံ မြန်မာ တွေ ဆင်း ရဲ အကြပ်တည်း သေကြေ ပျက်ဆီးမှု ဆိုတဲ့ နိမိတ် ဆိုးတွေ ကြုံ လာခဲ့ ရတယ်။

ယခင် က ထိုသင်္ကေတပုံ ငွေမည်းတာ နဲ့ အခု ထို သင်္ကေတပုံ ငွေဖြူ လာတာ ကိုသုံးသပ်ကြည့်ရင် ပြောင်းပြန် သဘော မို့ ပြောင်းပြန် အဟော အနေဖြင့် အနာဂါတ် မြန်မာပြည်အတွက်ဟော လိုက်တာ ဖြစ် ပါတယ်။….

( ၄ ) အချက် အဟောက သခင်အောင်ဆန်း ဆိုတာ ကျွန်ဘ ဝမှ သခင်ဖြစ်အောင် စွမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် ကမ္ဘာ့ အင်းအားကြီး စစ်တပ်နဲ့ နိုင်ငံတွေ ကို အောင်နိုင် ခဲ့တဲ့ ခေါင်းဆောင်ကောင်း ခေါင်းဆောင်မြတ် ပြန်ပေါ်လာခြင်း ကြောင့် ဟောခဲ့တာ ဖြစ် ပါတယ်။

ထိုအတူ ဘုရား ဗျာဒိတ် ကျမ်းတွင် … (“သာသနာတစ်ထောင် ကြာစွာဆောင် ရာဇအမောင်..) လို့ မိန့်တော်မူခဲ့ ပါတယ်။ အဓီပ္ပါယ်က သာသနာ နှစ်တစ်ထောင် ပြည့်သည် ကာလလကြာတိုင်း၊ မင်းကောင်း မင်းမြတ်ပေါ်မည့် ဟု မိန့်ခဲ့တာဖြစ် ပါတယ်။

ပထမ မြန်မာ့နိုင်ငံတော် ကို ထူထောင် ခဲ့သည့် သာသနာ့ပြု ဘုန်းလက်ရုံး နှင့်ပြည့်စုံသော အနော်ရထာ ကို ကျောက်ဖြူမင်းနှင့် မြောက် ဆောင်မဖုရား တို့မှ ၁၀၁၄ ခုနှစ် ဖွားခဲ့သဖြင့် အခုဆိုလျင် သက္ကရာဇ် ၂၀၂၀ ဖြစ်၍ သာသနာတော်နှစ် တစ်ထောင်ပြည့်ဝန်းကျင် ဖြစ်နေသည့် အတွက် မင်းကောင်းဆက် ရမည်ဖြစ်ပါတယ်..

တစ်ထောင်တန် / ငါးရာတန် ငွေစက္ကူ နိမိတ် က ရည်ညွှန်း နေ ပါတယ်… အချို့က ကျစွာမင်း မှ စယူကြသော်လည်း အနော်ရထာ မှသာ ယူသင့် အပ် ပါတယ် ။ ထိုသို့သော ဖြစ်ရပ်များကို ရက်အားဖြင့် ရက် တစ်ထောင် နှစ်အားဖြင့် ဗိုလ်ချုပ်ပိုက်ဆံ စထုတ်သည့် ရက် ၂၀၂၀ ဇန်နဝါရီလ လ( ၄ ) ရက်မှ ၃ နှစ်ကျော် ကာလ အတွင်းဖြစ် ပါလိမ့်မယ် ။

Dr.ရဲဇော်(ဇီးကုန်း)

အယူတော်မင်္ဂလာ သုတေသနကျမ်းပြု

============================

Zawgyi

ယခင် က ထိုသင်္ကေတပုံ ငွေမည်းတာ နဲ့ အခု ထို သင်္ကေတပုံ ငွေဖြူ လာတာ ကိုသုံးသပ်ကြည့်ရင် ပြောင်းပြန် သဘော မို့ ပြောင်းပြန် အဟော အနေဖြင့် အနာဂါတ် မြန်မာပြည်အတွက်ဟော လိုက်တာ ဖြစ် ပါတယ်။

( ၄ ) အချက် အဟောက သခင်အောင်ဆန်း ဆိုတာ ကျွန်ဘ ဝမှ သခင်ဖြစ်အောင် စွမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် ကမ္ဘာ့ အင်းအားကြီး စစ်တပ်နဲ့ နိုင်ငံတွေ ကို အောင်နိုင် ခဲ့တဲ့ ခေါင်းဆောင်ကောင်း ခေါင်းဆောင်မြတ် ပြန်ပေါ်လာခြင်း ကြောင့် ဟောခဲ့တာ ဖြစ် ပါတယ်။

ထိုအတူ ဘုရား ဗျာဒိတ် ကျမ်းတွင် … (“သာသနာတစ်ထောင် ကြာစွာဆောင် ရာဇအမောင်..) လို့ မိန့်တော်မူခဲ့ ပါတယ်။ အဓီပ္ပါယ်က သာသနာ နှစ်တစ်ထောင် ပြည့်သည် ကာလလကြာတိုင်း၊ မင်းကောင်း မင်းမြတ်ပေါ်မည့် ဟု မိန့်ခဲ့တာဖြစ် ပါတယ်။

ပထမ မြန်မာ့နိုင်ငံတော် ကို ထူထောင် ခဲ့သည့် သာသနာ့ပြု ဘုန်းလက်ရုံး နှင့်ပြည့်စုံသော အနော်ရထာ ကို ကျောက်ဖြူမင်းနှင့် မြောက် ဆောင်မဖုရား တို့မှ ၁၀၁၄ ခုနှစ် ဖွားခဲ့သဖြင့် အခုဆိုလျင် သက္ကရာဇ် ၂၀၂၀ ဖြစ်၍ သာသနာတော်နှစ် တစ်ထောင်ပြည့်ဝန်းကျင် ဖြစ်နေသည့် အတွက် မင်းကောင်းဆက် ရမည်ဖြစ်ပါတယ်..

တစ်ထောင်တန် / ငါးရာတန် ငွေစက္ကူ နိမိတ် က ရည်ညွှန်း နေ ပါတယ်… အချို့က ကျစွာမင်း မှ စယူကြသော်လည်း အနော်ရထာ မှသာ ယူသင့် အပ် ပါတယ် ။ ထိုသို့သော ဖြစ်ရပ်များကို ရက်အားဖြင့် ရက် တစ်ထောင် နှစ်အားဖြင့် ဗိုလ်ချုပ်ပိုက်ဆံ စထုတ်သည့် ရက် ၂၀၂၀ ဇန်နဝါရီလ လ( ၄ ) ရက်မှ ၃ နှစ်ကျော် ကာလ အတွင်းဖြစ် ပါလိမ့်မယ် ။

Dr.ရဲဇော်(ဇီးကုန်း)

အယူတော်မင်္ဂလာ သုတေသနကျမ်းပြု

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top