အလွမ်းသီချင်းလေးတစ်ပုဒ်ကို ပရိသတ်တွေရှေ့ချပြတော့မည့် နန်းစုရတီစိုး

ဖြူဝင်းတဲ့အသားအရေနဲ့အရုပ်မလေးလိုလှနေတဲ့ နန်းစုရတီစိုးကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့အဆိုတော်တစ်ယောက်အနေနဲ့ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားသလိုသရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။

တေးစီရီးအယ်ဘမ်တွေကိုလည်းများစွာထွက်ရှိထားပြီး ထွက်သမျှသီချင်းတိုင်းကလည်းလူငယ်တွေရဲ့ပါးစပ်ဖျားမှာရေပန်းစားနေရာယူထားနိုင်ခဲ့ပါတယ်။နန်းစုရတီစိုးဟာ သီချင်းတိုင်းကိုလည်းအသံချိုချိုလေးဖြင့် ခံစားအပြည့်နဲ့သီဆိုကာပရိသတ်တွေရင်ထဲကိုအရောက်ပို့ပေးနိုင်သူတစ်ယောက်ပါ။ လက်ရှိမှာလည်းသူမကသီချင်းအသစ်လေးတစ်ပုဒ်ကိုပရိသတ်တွေရှေ့ချပြနိုင်အောင်ကြိုးစားဖန်တီးနေတာဖြစ်ပါတယ်။

သီချင်းအသစ်လေးရဲ့အမည်ကိုတော့ “အလွမ်းရာသီ”လို့ပေးထားပြီး music videoလေးကိုတော့ နူတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် မင်းသွေးခန့်နဲ့အတူရိုက်ကူးနေတာဖြစ်ပါတယ်။ပရိသတ်တွေအားလုံးကလည်းအဆိုပါသီချင်းလေးကိုစောင့်မျှော်နေကြောင်း သူမတင်ထားတဲ့postလေးအောက်မှာရေးသားထားကြတာကိုတွေ့ရပါတယ်။

Source:Nansu Yati Soe

Zawgyi

အလွမ်းသီချင်းလေးတစ်ပုဒ်ကို ပရိသတ်တွေရှေ့ချပြတော့မည့် နန်းစုရတီစိုး

ဖြူဝင်းတဲ့အသားအရေနဲ့အရုပ်မလေးလိုလှနေတဲ့ နန်းစုရတီစိုးကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့အဆိုတော်တစ်ယောက်အနေနဲ့ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားသလိုသရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။

တေးစီရီးအယ်ဘမ်တွေကိုလည်းများစွာထွက်ရှိထားပြီး ထွက်သမျှသီချင်းတိုင်းကလည်းလူငယ်တွေရဲ့ပါးစပ်ဖျားမှာရေပန်းစားနေရာယူထားနိုင်ခဲ့ပါတယ်။နန်းစုရတီစိုးဟာ သီချင်းတိုင်းကိုလည်းအသံချိုချိုလေးဖြင့် ခံစားအပြည့်နဲ့သီဆိုကာပရိသတ်တွေရင်ထဲကိုအရောက်ပို့ပေးနိုင်သူတစ်ယောက်ပါ။ လက်ရှိမှာလည်းသူမကသီချင်းအသစ်လေးတစ်ပုဒ်ကိုပရိသတ်တွေရှေ့ချပြနိုင်အောင်ကြိုးစားဖန်တီးနေတာဖြစ်ပါတယ်။

သီချင်းအသစ်လေးရဲ့အမည်ကိုတော့ “အလွမ်းရာသီ”လို့ပေးထားပြီး music videoလေးကိုတော့နူတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် မင်းသွေးခန့်နဲ့အတူရိုက်ကူးနေတာဖြစ်ပါတယ်။ပရိသတ်တွေအားလုံးကလည်းအဆိုပါသီချင်းလေးကိုစောင့်မျှော်နေကြောင်း သူမတင်ထားတဲ့postလေးအောက်မှာရေးသားထားကြတာကိုတွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top