အေးနေဝင်းနဲ့တွဲနေတယ်ဆိုတဲ့ ဓာတ်ပုံတွေနဲ့ပတ်သတ်ပြီး ဖြေရှင်းလာတဲ့ မင်းသမီးလေး ပိုးကြာဖြူခင်

သရုပ်ဆောင်မင်းသမီးချော ပိုးကြာဖြူခင်ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေကနေ ပရိသတ်ချစ်တဲ့ အနုပညာရှင်မင်းသမီးတစ်ယောက်အဖြစ် တောက်ပလာခဲ့တာဖြစ်ပြီးရုပ်သံဇာတ်လမ်းတွဲပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိထားသူတစ်ဦးပါ။ အခုရက်ပိုင်းမှာတော့ ဆယ်လီစုံထောက်လို့ လူတွေကင်ပွန်းတပ်ကြတဲ့ ဟန်ငြိမ်းဦးအကောင့်ပိုင်ရှင်ရဲ့ အေးနေဝင်းနဲ့ တွဲနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင်လာခဲ့ရတာဖြစ်ပါတယ်။ဟန်ငြိမ်းဦးအကောင့်မှာ တင်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ဖော်ပြချက်တွေကိုတော့ ပိုးကြာဖြူခင်က ပရိသတ်ကြီးအတွက် အခုလိုပဲ ပြန်လည်ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်။

ကိုအေး နဲ့ အပြင်မှာ တွေ့ဖူးတာ (၆) ကြိမ်ပဲ ရှိသေးတယ်။ သူက ညီမ ကြိုက်တဲ့ အဆင်လည်း မဟုတ်ပါဘူး။ အသက်လည်း အရမ်း ကွာပါတယ်။ ကိုယ် မကြိုက်တဲ့ လူတစ်ယောက် နဲ့ အထင်ခံရတော့ အရမ်း ရယ်ချင်မိတယ်။ သူ နဲ့ သတင်းတွေ ထွက်ထားတော့ ဘူပိတ်သွားတယ် လို့ ပြန်လည်ရှင်းပြခဲ့တာပါ။

ပိုးကြာဖြူခင်က ညီမ မဟာမြိုင်ခရီးစဉ်ကအပြန်မှာ အတူပါလာတဲ့ အန်တီတွေက ပုဂံမှာတညအိပ်မယ်ဆိုလို့ အိပ်ဖြစ်ရင်းက ကိုအေးတို့နဲ့ တွေ့တာပါ။သူက ပုဂံကမြေကွက်တွေကို အဲ့ဒီအန်တီတွေကိုလိုက်ပြတာပေါ့၊ဒီတိုင်းခင်ကြရုံပါပဲ။ကိုယ်နဲ့လည်းအသက်အရမ်းကွာပါတယ်။၂၀၁၇ Aroma Show ပွဲမှာ ကိုအေးနေဝင်းနဲ့စသိခဲ့တာပါ။သူငယ်ချင်းမိတ်ဆက်ပေးလို့ မြင်ဖူးရုံလောက်ပါပဲ။ပုံထဲမှာ အပြာရောင်အကျီချင်းတူနေတယ်ဆိုတာကလည်း တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတာပေါ့နော်။အဲ့ဒါကို မသိတဲ့သူတွေက ဒီလိုပဲ ယုန်ထင်ကြောင်ထင်ဖြစ်အောင် ဓာတ်ပုံတွေ တင်လိုက်တဲ့သဘောပါပဲ

တကယ်တော့သူတင်တဲ့ဓာတ်ပုံတွေဆိုတာကလည်း ကိုယ်တွေ Public မှာတင်ထားတဲ့ Video တွေ ဓာတ်ပုံတွေပါ ဘာမှထူးဆန်းနေတာမဟုတ်ဘူးပေါ့နော်။သာမန်ရိုးရိုးသားသားခင်မင်မှုပါပဲ။ ပရိသတ်တွေအထင်မမှားအောင် အခုတခါတည်းရှင်းပြပေးလိုက်တာပါ လို့ ပြောလာခဲ့တာဖြစ်ပါတယ်။ ဒါကတော့ အေးနေဝင်းနဲ့တွဲနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ပိုးကြာဖြူခင်က ပြန်လည်ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်။အခုလို ပိုးကြာဖြူခင်ရဲ့ ဖြေရှင်းချက်တွေ ထွက်ပေါ်လာပြီးနောက်မှာတော့ ဟန်ငြိမ်းဦးအကောင့် မှာတင်ထားတဲ့ ပိုးကြာဖြူခင်နဲ့ အေးနေဝင်းရဲ့ပို့စ်တွေကို ပြန်လည်ဖြုတ်ချသွားခဲ့ကြောင်း သိရပါတယ်နော်။

=========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top