တက္ကသိုလ်ကျောင်းသူလေး မအေးချမ်းမွန် ဆိုင်ကယ်လု၊ အသတ်ခံရပီး အလောင်းဖျောက်မှု

လူသတ်မှုကျူးလွန်ပြီးဆိုင်ကယ်လုယူရောင်းစားခဲ့သည်ဟုစွဲချက်တင်ထားသောတပ်ကြပ်ကြီးဈန်မင်းထက်အား၂၄.၇.၂၀၂၀ရက်နေ့တွင်စီရင်ချက်ချတော့မည်။

ကလေးမြို့တွင် တက္ကသိုလ်ကျောင်းသူ မအေးချမ်းမွန် အားသတ်ဖြတ်အလောင်းဖျောက်ဖျက်ပြီး မအေးချမ်းမွန်၏ scoppy ဆိုင်ကယ်အားယူဆောင်ရောင်းစားခဲ့သော တပ်ကြပ်ကြီး ဈန်မင်းထက် (Kwee Zingyi) အား ကလေးခရိုင်တရားရုံးတွင်စွဲချက်တင်လိုက်ပြီးအမှုစစ်ဆေးခဲ့ရာ ဆယ်လခန့်အကြာ ယခုလာမည့် ၂၄.၇.၂၀၂၀ ရက်နေ့တွင် နောက်ဆုံးအပြီးသတ်အမိန့်ချမှတ်တော့မည်ဖြစ်ကြောင်းသိရပါသည် ။

လူသတ်တရားခံဈန်မင်းထက်သည် တပ်မတော်သားတဦးဖြစ်သည့်အတွက် စစ်ခုံရုံးတွင်အရင်စစ်ဆေးခဲ့ရပြီး အင်းဒင်ကျေးရွာ မှ ရွှေလုံး(စိုးသီဟ) ဆိုင်ကယ်အားခိုးယူရောင်းစားမှုဖြင့် စစ်ထောင်နှစ်နှစ်ချမှတ်ခဲ့ပြီး အရပ်ဖက်တရားရုံးသို့အမှုဆက်လက်စွဲဆိုနိုင်ရန် လွှဲအပ်ပေးခဲ့ခြင်းဖြစ်ပြီး ကလေးခရိုင်တရားရုံးတွင် မအေးချမ်းမွန်အားသတ်ခဲ့မှု အလောင်းဖျောက်ဖျက်ခဲ့မှု ဆိုင်ကယ်ခိုးယူရောင်းစားမှုတို့ဖြင့်စွဲချက်တင်နိုင်ခဲ့ခြင်းဖြစ်ပါသည် ။

ကလေးတက္ကသိုလ်ကျောင်းသူတဦးဖြစ်သည့် မအေးချမ်းမွန်အားတက္ကသိုလ်စာမေးပွဲများပြီးသည့် ၂၅.၉.၂၀၁၉ရက်နေ့တွင်သတ်ဖြတ်ခဲ့သည့်အတွက် ဈန်မင်းထက်အား ကလေးမြို့မရဲစခန်းတွင် (ပ)၂၁၄၆/၂၀၁၉ ရာဇသတ်ကြီးဥပဒေ လူသတ်မှု ပုဒ်မ ၃၀၂ အလောင်းဖျောက်ဖျက်မှုပုဒ်မ ၂၀၁ တို့ဖြင့် အမှုဖွင့်ထားခဲ့ကြောင်းသိရပါသည် ။

မိန်းကလေးတဦး အားရက်စက်စွာသတ်ဖြတ်ခဲ့သော ဈန်မင်းထက်အား ပြီးခဲ့သည့် ၁၆.၁.၂၀၂၀ ရက်နေ့တွင် အမှုစတင်စစ်ဆေးရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ။

မအေးချမ်းမွန်ရက်စက်စွာသတ်ဖြတ်ခံခဲ့ရခြင်းကြောင့်ဖခင်ကြီး ဦးမောင်မောင်မှာလည်းအစားအသောက်မဝင်တော့လောက်အောင်စိတ်ထိခိုက်မှုဖြစ်ပြီး ၆.၅.၂၀၂၀ ရက်နေ့ကဆုံးပါးကွယ်လွန်သွားခဲ့ရပါသည် ။

မိမိတို့မြို့သူကျောင်းသူလေးတစ်ဦးရက်စက်စွာသတ်ဖြတ်ခံရသဖြင့်ယူကြုံးမရဝမ်းနည်းကြေကွဲကြရပြီး ပြစ်မှုကျူးလွန်သောတရားခံအား တရားရုံးမှ ထိုက်သင့်သောပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် စိတ်ဝင်စားမှုများမြင့်တက်နေပြီး အမှုစီရင်ဆုံးဖြတ်မည့် ၂၄.၇.၂၀၂၀ ရက်နေ့တွင်တရားရုံးသို့သွားရောက်ပြီးစီရင်ချက်ချမှုအားကြည့်ရှုကြမည်ဖြစ်ကြောင်းလည်းသိရပါသည် ။ ။

မြို့စောင့်နတ်

unicode

တက္ကသိုလ်ကျောင်းသူလေး မအေးချမ်းမွန် ဆိုင်ကယ်လု၊ အသတ်ခံရပီး အလောင်းဖျောက်မှု

လူသတ်မှုကျူးလွန်ပြီးဆိုင်ကယ်လုယူရောင်းစားခဲ့သည်ဟုစွဲချက်တင်ထားသောတပ်ကြပ်ကြီးစျန်မင်းထက်အား၂၄.၇.၂၀၂ဝရက်နေ့တွင်စီရင်ချက်ချတော့မည်။

ကလေးမြို့တွင် တက္ကသိုလ်ကျောင်းသူ မအေးချမ်းမွန် အားသတ်ဖြတ်အလောင်းဖျောက်ဖျက်ပြီး မအေးချမ်းမွန်၏ scoppy ဆိုင်ကယ်အားယူဆောင်ရောင်းစားခဲ့သော တပ်ကြပ်ကြီး စျန်မင်းထက် (Kwee Zingyi) အား ကလေးခရိုင်တရားရုံးတွင်စွဲချက်တင်လိုက်ပြီးအမှုစစ်ဆေးခဲ့ရာ ဆယ်လခန့်အကြာ ယခုလာမည့် ၂၄.၇.၂၀၂၀ ရက်နေ့တွင် နောက်ဆုံးအပြီးသတ်အမိန့်ချမှတ်တော့မည်ဖြစ်ကြောင်းသိရပါသည် ။

လူသတ်တရားခံစျန်မင်းထက်သည် တပ်မတော်သားတဦးဖြစ်သည့်အတွက် စစ်ခုံရုံးတွင်အရင်စစ်ဆေးခဲ့ရပြီး အင်းဒင်ကျေးရွာ မှ ရွှေလုံး(စိုးသီဟ) ဆိုင်ကယ်အားခိုးယူရောင်းစားမှုဖြင့် စစ်ထောင်နှစ်နှစ်ချမှတ်ခဲ့ပြီး အရပ်ဖက်တရားရုံးသို့အမှုဆက်လက်စွဲဆိုနိုင်ရန် လွှဲအပ်ပေးခဲ့ခြင်းဖြစ်ပြီး ကလေးခရိုင်တရားရုံးတွင် မအေးချမ်းမွန်အားသတ်ခဲ့မှု အလောင်းဖျောက်ဖျက်ခဲ့မှု ဆိုင်ကယ်ခိုးယူရောင်းစားမှုတို့ဖြင့်စွဲချက်တင်နိုင်ခဲ့ခြင်းဖြစ်ပါသည် ။

ကလေးတက္ကသိုလ်ကျောင်းသူတဦးဖြစ်သည့် မအေးချမ်းမွန်အားတက္ကသိုလ်စာမေးပွဲများပြီးသည့် ၂၅.၉.၂၀၁၉ရက်နေ့တွင်သတ်ဖြတ်ခဲ့သည့်အတွက် စျန်မင်းထက်အား ကလေးမြို့မရဲစခန်းတွင် (ပ)၂၁၄၆/၂၀၁၉ ရာဇသတ်ကြီးဥပဒေ လူသတ်မှု ပုဒ်မ ၃၀၂ အလောင်းဖျောက်ဖျက်မှုပုဒ်မ ၂၀၁ တို့ဖြင့် အမှုဖွင့်ထားခဲ့ကြောင်းသိရပါသည် ။

မိန်းကလေးတဦး အားရက်စက်စွာသတ်ဖြတ်ခဲ့သော စျန်မင်းထက်အား ပြီးခဲ့သည့် ၁၆.၁.၂၀၂၀ ရက်နေ့တွင် အမှုစတင်စစ်ဆေးရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ။

မအေးချမ်းမွန်ရက်စက်စွာသတ်ဖြတ်ခံခဲ့ရခြင်းကြောင့်ဖခင်ကြီး ဦးမောင်မောင်မှာလည်းအစားအသောက်မဝင်တော့လောက်အောင်စိတ်ထိခိုက်မှုဖြစ်ပြီး ၆.၅.၂၀၂၀ ရက်နေ့ကဆုံးပါးကွယ်လွန်သွားခဲ့ရပါသည် ။

မိမိတို့မြို့သူကျောင်းသူလေးတစ်ဦးရက်စက်စွာသတ်ဖြတ်ခံရသဖြင့်ယူကြုံးမရဝမ်းနည်းကြေကွဲကြရပြီး ပြစ်မှုကျူးလွန်သောတရားခံအား တရားရုံးမှ ထိုက်သင့်သောပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် စိတ်ဝင်စားမှုများမြင့်တက်နေပြီး အမှုစီရင်ဆုံးဖြတ်မည့် ၂၄.၇.၂၀၂၀ ရက်နေ့တွင်တရားရုံးသို့သွားရောက်ပြီးစီရင်ချက်ချမှုအားကြည့်ရှုကြမည်ဖြစ်ကြောင်းလည်းသိရပါသည် ။ ။

မြို့စောင့်နတ်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top