တင်းမာမှုတွေ ဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း အင်ဒိုနီးရှားရေတပ် စစ်ချီပြီ
အင်ဒိုနီးရှားနိုင်ငံက တရုတ်နှင့် အမေရိကန်နိုင်ငံကြား တင်းမာမှုများ မြင့်တက်ခဲ့ရာ အငြင်းပွားရေလမ်း ကြောင်းဖြစ်သည့် ဂျာဗားပင်လယ်နှင့် တောင်တရုတ်ပင်လယ်အတွင်း ယခုအပတ်အတွင်း အရေးပါသော ရေတပ် ဆိုင်ရာ လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိသည်။
အင်ဒိုနီးရှားရေတပ်၏ အနောက်ပိုင်းရေယာဉ်စုက ဇူလိုင်လ ၁၈ ရက်တွင် စတင်ခဲ့သော ရေတပ်လေ့ကျင့် မှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် ယမန်နေ့က ဂျာဗားပင်လယ်အတွင်း လေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့ပြီး လာ မည့် တနင်္ဂနွေနေ့တွင် ပြီးဆုံးမည်ဟု ရေတပ်မှ တာဝန်ရှိသူများက ပြောသည်။
စစ်ရေးလေ့ကျင့်မှုတွင် တောင်တရုတ်ပင်လယ်အတွင်း ရီအောကျွန်းစုပေါ်၌ ဆင်ကက်ကမ်းခြေ၌ပြုလုပ် သည့် ကုန်းရေနှစ်သွယ်လေ့ကျင့်မှုလည်း ပါဝင်သည်။
ထို့အပြင် ပင်လယ်ပြင်တိုက်ပွဲဝင်မှုလေ့ကျင့်ခန်းကို တပ်ဖွဲ့ဝင် ၂၀၀၀၊ စစ်သင်္ဘော ၂၆ စင်း၊ တိုက်ရေယာဉ် ၁၈ စင်းတို့ ပါဝင်လေ့ကျင့်ခဲ့ကြောင်း ရေတပ်ကွပ်ကဲမှုဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဖာဂျာထရီရို ဟာဒီက ပြောသည်။
“ဒါလေ့ကျင့်မှု အရှုပ်ထွေးဆုံး ရေတပ်ဆိုင်ရာလေ့ကျင့်မှုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေတပ်ဖွဲ့ တွေ အားလုံးပါဝင်လို့ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
“ဒီလေ့ကျင့်မှုတွေကို တစ်ကယ့်စစ်ဆင်ရေးတွေဆင်နွှဲသလို လုပ်ဆောင်ခဲ့တာပါ” ဟု ရေယာဉ်စု အကြီးအ ကဲ ဗိုလ်ချုပ် အာမက်ဒီဟာရီပူဝိုနိုက ပြောကြားခဲ့သည်။
====================