အင်္ဂါ သားသမီးများအတွက် 23.7.2020 မှ 29.7.2020အထိ တစ်ပတ်စာ ဟောစာတမ်း

ယခုကာလအတွင်း ‘’အလှူကြီးပေးလျှင် သူဌေးဖြစ်’’ဆိုတဲ့စကားပုံလိုပဲ လှူချင်တန်းချင်တာတွေရှိရင် ဒီကာလမှာလှူဒါန်းခြင်းဖြင့် ကံကောင်းခြင်းတွေတွဲပါလာတတ်ပါတယ်။ လူချစ်၊ လူခင်ပေါများသော အချိန်ကာလ ဖြစ်ပါသည်။ အဆင်မပြေသူများ၊ မသင့်မြတ်သူများနှင့် ပြန်လည်အဆင်ပြေ သင့်မြတ်သွားမည်။ ရပ်ဝေးမြေခြား နိုင်ငံရပ်ခြားနှင့် ပတ်သက်ဆက်နွယ်သော ကိစ္စများ အကျိုးပေးအောင်မြင်မည်။ မိမိဝန်ထမ်းအတွက် ပြဿနာများ ဖြေရှင်းရ တတ်သည်။ ဆီး၊ မျက်စိရောဂါနှင့် အစာမှား၊ ဆေးမှားကြုံ၍ ဆေးရုံ၊ ဆေးခန်း ရောက်ရတတ်ပါသည်။ လက်ရှိအလုပ်အကိုင်အပေါ် စိတ်ဝင်စားမှု အားနည်းပြီး အလုပ်ပြောင်းလိုစိတ်များ ပေါ်တတ်သည်။ စာရွက်၊ စာတမ်း၊ စာရင်းအင်းကိစ္စများ ဖြေရှင်းရတတ်ပါသည်။

လခစားဝန်ထမ်းဆိုပစ်စာ၊ တိုင်စာများ ရတတ်ပါသည်။ အနီးအနား တွင် နတ်ကသော နိမိတ်၊ အိပ်မက်ထဲတွင် နဂါး၊ မြွေတွေ့မြင်ရသော် ထီကို ထိုးဖြစ်အောင် ထိုးလိုက်ပါ။ လုပ်ငန်း စီးပွားများ တိုးချဲ့လုပ်ကိုင်ပါက ဒီကာလမှာစတင်လုပ်ကိုင်သင့်သည်။ မိမိအတွက် အကျိုးပေးသော ပညာရပ်တစ်ခု သင်ယူခွင့်ရရှိပါလိမ့်မယ်။ သေချာကျနစွာသင်ယူပါ။အချစ်ရေးမှာတော့ လက်ရှိချစ်သူအပြင် တတိယလူပေါ်လာ တတ်ပါတယ်။အိမ်ထောင်ရေးသာယာအဆင်ပြေဖို့ က ငယ်ကျိုးငယ်နာတွေပြန်ဖော်ပြီးပြောဆိုခြင်းရှောင်လိုက်ပါ။

အကျိုးပေးဂဏန်း ၄/၇/၀ – အထူးဟော အလုပ်အပေါ်စိတ်နှစ်ရခက်ခဲနေတတ်ပါတယ်။ -ယတြာ နံပြားယိုသုပ် ဘုရားကပ်လှူပေးပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

=======================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top