အေးနေဝင်း နဲ့ တွဲနေတယ်ဆို တဲ့ သတင်းဓာတ် ပုံ တွေ နဲ့ ပတ် သတ်ပြီး ပြန် လည် ဖြေရှင်းလာခဲ့တဲ့ မင်းသမီးလေး ပိုးကြာဖြူခငျ

အေးနေဝင်း နဲ့ တွဲနေတယ်ဆို တဲ့ သတင်းဓာတ် ပုံ တွေ နဲ့ ပတ် သတ်ပြီး ပြန် လည် ဖြေရှင်းလာခဲ့တဲ့ မင်းသမီးလေး ပိုးကြာဖြူခင်

သ ရုပ်ဆောင် မင်းသမီးချော ပိုးကြာဖြူခင်ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေကနေ ပရိသတ်ချစ်တဲ့ အနုပညာရှင်မင်းသမီးတစ်ယောက်အဖြစ် တောက်ပလာခဲ့တာဖြစ်ပြီးရုပ်သံဇာတ်လမ်းတွဲပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိထားသူ တစ်ဦးပါ။

အခုရက်ပိုင်းမှာတော့ ဆယ်လီစုံထောက်လို့ လူတွေကင်ပွန်းတပ်ကြတဲ့ ဟန်ငြိမ်းဦး အကောင့်ပိုင်ရှင်ရဲ့ အေးနေဝင်း နဲ့ တွဲနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကို ရင်ဆိုင်လာခဲ့ရတာဖြစ်ပါတယ်။ဟန်ငြိမ်းဦးအကောင့်မှာ တင်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ဖော်ပြချက်တွေကိုတော့ ပိုးကြာဖြူခင်က ပရိသတ်ကြီးအတွက် အခုလိုပဲ ပြန်လည် ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်။

“ကိုအေး နဲ့ အပြင် မှာ တွေ့ဖူးတာ (၆) ကြိမ်ပဲ ရှိသေးတယ်။ သူက ညီမ ကြိုက်တဲ့ အဆင်လည်း မဟုတ်ပါဘူး။ အသက်လည်း အရမ်း ကွာပါတယ်။ ကိုယ် မကြိုက်တဲ့ လူတစ်ယောက် နဲ့ အထင်ခံရတော့ အရမ်း ရယ်ချင်မိတယ်။ သူ နဲ့ သတင်းတွေ ထွက် ထားတော့ ဘူပိတ်သွားတယ်” လို့ ပြန်လည်ရှင်းပြခဲ့တာပါ။

ပိုးကြာဖြူခင်က ” ညီမ မဟာမြိုင် ခရီးစဉ်ကအပြန်မှာ အတူပါလာတဲ့ အန်တီတွေက ပုဂံမှာတညအိပ်မယ်ဆိုလို့ အိပ်ဖြစ်ရင်းက ကိုအေးတို့နဲ့ တွေ့တာပါ။သူက ပုဂံကမြေကွက်တွေကို အဲ့ဒီအန်တီတွေကိုလိုက်ပြတာပေါ့၊ ဒီတိုင်းခင်ကြရုံပါပဲ။ကိုယ်နဲ့လည်းအသက် အရမ်းကွာပါတယ်။၂၀၁၇ Aroma Show ပွဲမှာ ကိုအေးနေဝင်းနဲ့စသိခဲ့တာပါ။

သူငယ်ချင်းမိတ်ဆက်ပေးလို့ မြင်ဖူးရုံလောက်ပါပဲ။ပုံထဲမှာ အပြာရောင်အကျီချင်းတူနေတယ်ဆိုတာကလည်း တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတာပေါ့နော်။ အဲ့ဒါကို မသိတဲ့သူတွေက ဒီလိုပဲ ယုန်ထင်ကြောင်ထင်ဖြစ်အောင် ဓာတ်ပုံတွေ တင်လိုက်တဲ့သဘောပါပဲ…

တကယ်တော့သူတင်တဲ့ ဓာတ်ပုံတွေဆိုတာကလည်း ကိုယ် တွေ Public မှာတင်ထားတဲ့ Video တွေ ဓာတ်ပုံတွေပါ ဘာမှထူးဆန်းနေတာမဟုတ်ဘူးပေါ့နော်။သာမန်ရိုးရိုးသားသားခင်မင်မှုပါပဲ။ ပရိသတ်တွေအထင်မမှားအောင် အခုတခါတည်းရှင်းပြပေး လိုက်တာပါ” လို့ ပြောလာခဲ့တာဖြစ်ပါတယ်။

ဒါကတော့ အေးနေဝင်းနဲ့တွဲနေတယ် ဆိုတဲ့ သတင်းတွေအပေါ် ပိုးကြာဖြူခင်က ပြန်လည်ရှင်းပြ လာခဲ့တာပဲဖြစ်ပါတယ်။ အခုလို ပိုးကြာဖြူခင်ရဲ့ ဖြေရှင်းချက်တွေ ထွက်ပေါ်လာပြီး နောက်မှာတော့ ဟန်ငြိမ်းဦး အကောင့် မှာ တင်ထားတဲ့ ပိုးကြာဖြူခင် နဲ့ အေးနေဝင်း ရဲ့ပို့စ်တွေကို ပြန်လည်ဖြုတ်ချ သွားခဲ့ကြောင်း သိရပါတယ်နော်။

unicode

RELATED POSTS

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top