သခင်ဖြစ်သူ၏ အသုဘကို အော်မြည်ငိုယိုပြီးလိုက်ပို့တဲ့ မြင်းကြီးကိုကြည့်ပြီး လူများစွာ မျက်ရည် မဆည်နိုင်ဖစ်ခဲ့ရတဲ့ အဖြစ် (ရုပ်သံ)

သခင်ဖြစ်သူ၏ အသုဘကို အော်မြည်ငိုယိုပြီးလိုက်ပို့တဲ့ မြင်းကြီးကိုကြည့်ပြီး လူများစွာ မျက်ရည် မဆည်နိုင်ဖစ်ခဲ့ရတဲ့ အဖြစ် (ရုပ်သံ)သခင်၏ အသုဘကို လိုက် ပို့သည့် မြင်းကြီး တစ်ကောင် ဆောက်တည်ရာ မရ ဖြစ်ပြီး ဝမ်းနည်း ငိုကြွေး နေသည် ဟု ယူဆ ရသည့် ဗီဒီယိုဖိုင် ပျံ့နှံ့ လာသည် ။မြင်း ကြီးက သခင်၏ ခေါင်းတလား ပေါ် ခေါင်း တင်ကာ ဟီပြီး သက်ပြင်း ချ လိုက်သည်မှာ ဝမ်းနည်းသည့် အပြုအမူ အလား ဖြစ်နေ သည်။မြင်းကြီးသည် ခွာကို ပေါက်ကာ၊ ကျယ်လောင်စွာ ဟီပြီး ခေါင်းကို အပေါ် အောက် ယမ်းခါ နေသည်ကို ဗီဒီယိုဖိုင် တွင် မြင်တွေ့ ရမည် ဖြစ်သည်။ အသက် ၃၄ နှစ် အရွယ် ဘရာဇီး နိုင်ငံသား အင်လ မာဖီဂူရီဒို နှင့် ဆီရီနို ဆိုသည့် မြင်းသည် တစ်ဦးအပေါ် တစ်ဦး အလွန် သံယောဇဉ် ကြီးကြသည်။

၎င်းသည် နှစ်သစ်ကူးနေ့တွင် ဆိုင် ကယ်မှောက်ကာ ကွယ်လွန် သွားခြင်း ဖြစ် သည်။ ၎င်းအစ်ကိုကဘရာဇီး အရှေ့ မြောက်ပိုင်း တွင် ပြုလုပ်သည့် ဈာပနပွဲ သို့ မြင်းကို ခေါ်လာခြင်း ဖြစ်သည်။မြင်း၏ အဖြစ်ကို ကြည့်ကာ ဈာပနပွဲ လာသူ များမှာ မျက်ရည် မထိန်းနိုင်အောင် ဖြစ်သွားကြ သည်။မြင်းတို့သည် သခင် သေဆုံး သွားလျှင် သိကြပြီး ထိုအတွက်လည်း ဝမ်းနည်း တတ်ကြ သည်ဟု မြင်းများကို နှစ်ပေါင်း ၂၀ ပြုစု စောင့်ရှောက် မွေးမြူ လာသည့် တိရစ္ဆာန် ဆရာဝန် မာစီလိုဆာ ဗို့စ်က ဆိုသည် ။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top