ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ရောဂါကူးစက်မှုကြောင့် ပြန်ပိတ်ရမှာကို ကျန်းမာရေးဝန်ကြီး စိုးရိမ်…
အခြေခံပညာအထက်တန်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး နောက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ပြန်လည်ပိတ်ရသည့်အဖြစ်မျိုး မဖြစ်စေလိုကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
မိမိတို့အနေဖြင့် ကျောင်းတွင် ရောဂါကူးစက်ဖြစ်ပွားမှုမရှိရန် အာရုံစိုက် ဆောင်ရွက်နေသကဲ့သို့ ကျောင်း သားကျောင်းသူများ ကျောင်းတက်ပြီး အိမ်သို့ပြန်ရောက်ချိန်၌ ရောဂါ ကူးစက်မှု မရရှိစေရန်ဟူသောအချက်သည်လည်း အရေးကြီးပါကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်သည့်အခါ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ နေရာစုံမှ ကျောင်းသား ကျောင်းသူများသည် နေရာတစ်ခု တည်းတွင် စုစည်းရောက်ရှိလာမည် ဖြစ်သဖြင့် ကျောင်းပြင်ပမှ ကိုဗစ် -၁၉ ရောဂါ ကူးစက်လာနိုင်သူ ကျောင်းသားကျောင်းသူ တစ်ဦးမှ တစ်ဆင့် အခြားကျောင်းသားကျောင်း သူနှင့် ဆရာ ဆရာမများထံ ထပ်ဆင့် ရောဂါကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊
အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်ပြီးနောက် ရောဂါကူးစက် ဖြစ်ပွားမှုများကြောင့် ပြန်လည်ပိတ် ရသည့်အဖြစ်မျိုး မဖြစ်စေလိုပါ ကြောင်း၊ ကျောင်းသားကျောင်းသူ များအနေဖြင့် ကျောင်းတက်ချိန်တွင် ကျောင်းမှချမှတ်ထားသော ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း များကို လိုက်နာသော်လည်း ကျောင်း သို့မလာမီနှင့် ကျောင်းဆင်းချိန် ကျောင်းပြင်ပနေရာများတွင် ရောဂါ ကာကွယ်ရေးနည်းလမ်းများကို လိုက် နာမှုမရှိပါကလည်း ရောဂါကူးစက်မှုများ ဖြစ်ပေါ်လာနိုင်သည်ကို သတိ ပြုကြရမည်ဟု ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့သည်။
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ ဆွေးနွေးပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။
အခြေခံပညာအထက်တန်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားကူးစက်မှုမရှိစေရေးသည် လက်ရှိအချိန်၌ နိုင်ငံအတွက် အထူးအရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်သဖြင့် မိမိတို့အားလုံး စုပေါင်း ညှိနှိုင်း၍ သေချာစွာ စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိ တို့အနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူလူနာ စတင် တွေ့ရှိခဲ့ရစဉ်က သကဲ့သို့ပင် သတိ အပြည့် အားစိုက်မှုအပြည့်တို့ဖြင့် ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပေါ်စေ ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို လုံးဝလစ်ဟာမှုမရှိစေ ဘဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ကျောင်းများ၌ ရောဂါမဖြစ်ပွားစေရန် ဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူများ၏ အခန်းကဏသည် အလွန်အရေးကြီးသည်ဆိုသည့် အချက်ကို အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးကဏတို့ မှသာမက အခြားနှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ကျောင်းသား ကျောင်းသူမိဘများ၊ မိဘဆရာ အသင်းများအားလုံး၏ စုစည်းညီ ညွတ်စွာ ဆောင်ရွက်ပါက ကူးစက်မှု ဒုတိယလှိုင်းဖြစ်ရန် အလားအလာ အလွန်နည်းပါးပါကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ (နေလှိုင်း)
======================