ရှယ်ထားနော် တစ်သက်လုံး အသုံးဝင်မယ့် ဆေးနည်းပေါင်းစုံ”
ချောင်းဆိုးလျှင်…. ခရေပွင့်ကို တညလုံး ရေစိမ်၊ နံနက်တွင်း ထိုရေကိုစစ်၍ သောက်ပါ ၊ပျောက်၏ ။
ရင်ပြည့်ရင်ကယ် ..ကြက်ဟင်းခါးသက်စောင့်ဆေးကို နှမ်းဆီ –ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှ အသာအယာ သပ်ချပါ ။
နှာပိတ်သော်….. ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊ ရှိန်းခိုနဲနဲထည့် ၊ ငယ်ထိပ်မှနှာခေါင်းအထိ ဆေးအရည်နှင့် ဆွဲပေးပါ ။ တက်လျှင်…. ဆင်ငိုမြက်ပြုပ်ရည်ကို တိုက်ပါ ။ အတက် ချက်ခြင်းကျသွားမည် ။
ရေငတ်ဝမ်းကျ … ဆီးသီးအစေ့အတွင်းမှ အဆန်းကို အမှုန့်ပြု၍ နွယ်ချိုနှင့် ရောပြီး စားပေးပါ ။ ကင်းထိုးသော်… ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ် သွေးလိမ်းပါ ။
ကြို့ထိုးလျှင်…… ကြက်သွန်းနီကို ထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား ။ခရုသင်း…..ကျည်းသီးဆန်ကို ဆန်ဆေးရည်နှင့် တွဲစပ်၍ ရက်ပေါင်းများစွာ စားရပါသည် ။
ခြေတုန် လက်တုန် ဖြစ်လျှင်…. ကြိတ်မှန်ရွက်ယို ထိုးစားပျောက်၏ ။ ခါးနာ ခါးကိုက်…… ညောင်ခြေထောက်ပင်၏ နို့စေးရည် လိမ်းပေးပါ ။
ငှက်ဖျားထလျှင် …..မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှ စီကြိတ်၍ သောက်ပါ ။ ခံတွင်းပျက်လျှင်….. ကြိတ်မှန်ရွက်ယို ထိုးစားပေးပါ ။
ခေါင်းတခြမ်း ကိုက်လျှင်… ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့် သွေးလိမ်းပေးပါ ။ စကားထစ်လျှင် နံနက်တိုင်းမြင်းခွာရွက် တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ ။
စအိုယားနာ…. ကြိတ်မှန်ရွက် အရည်ညှစ်၍ စအိုဝတွင် သုံးလေးကြိမ်သုပ်လိမ်းပေးပါ ၊ ဝမ်းတွင်းရှိ ပိုးများ ကျဆင်းလာပါလိပ်မည် ။ ဆီးချုပ်လျှင်…. ငုပင်၏ အနှစိုကိုသွေး၍ ချက်အောက်မကြာခဏ လိမ်းပေးပါ ။
ဆီးတစက်စက်ကျလျှင်… ကြက်သွန်နီကို ပြုပ်၍ အရည်ကို သောက်ပေးပါ ။ ဆီးချုပ်လျှင် ……ဆီးများစေရန် ကြက်သွန်နီ အစိမ်းများများ စားပေးပါ ။
ဆီးအောင့် ကျောက်တည်လျှင်…… ကြာဟင်းရွက်ကို နွားနို့ နှင့် သကြားရော၍ နေ့စဉ်စားပေးပါ ။ ဆီးချိုဖြစ်လျှင် …. ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင် ကျို၍ သောက်ပါ ။
ဆီးအနှစ်ကျလျှင်….. သင်္ဘော ရွက် သုံးရွက်ကိုထန်းလျက် သုံးခဲ ၊ဆားအနည်းငယ် ထည့် ၊ သုံးခွက်တစ်ခွက်တင်ကျို၊ တနေ့လုံး သောက်ပေးပါ ။
ဆီးပူလျှင်….. ဆီးသွားသောအခါ ပူလိုက်တာ စားပါ ဗူးသီးပြုတ်။ဆံပင်ပြန်ပေါက်ဆေး…… သံပုရာစေ့ကို ရေနှင့်ကြိတ် ၊ နေ့စဉ်ဆံပင်ကို လိမ်းပေးပါ ၊ ဆံပင်ပြန်ပေါက်၏
တင်းတိပ်….နနွင်းနှင့် ငဖြူကြီးအစေးကို သွေးလိမ်းပေးပါ ။ ဓာတ်ချုပ်လျှင် …… ထန်းလျက်နဲ့ မန်ကျီး ကို ဆားမြတ်မြတ်ထည့်၍ တည်ပြီးစားလျှင် ဝမ်းသက် ဝမ်းမှန်၏ ။
နားကိုက်လျှင် ကြက်သွန်နီကိုမီးဖုတ် အရည်နွေးနွေးနားထဲထည့် နားကိုက်ခြင်းပျောက်၏ ။နားအူ နားလေထွက်လျှင် သင်္ဘောင်္ရွက် မီးအုံး၍ အတို့အမြှုပ်လုပ် စားပေးပါ ။
နားပြည်ယိုလျှင်… ကျီးအာသီးကြိတ်ဖတ်ကို အုန်းဆီနှင့် ရော၍ ကြက်တောင်နှင့် ကျပ်ပေးပါ ။ နားအတွင်း ပိုးကောင်ဝင်လျှင်…. ခရမ်းကစော့သီးကို မီးရှို့ပြီး အခိုးခံ မုန်ညင်းဆီနှင့် နားကို ကျပ်ပေးပါ ။
နို့ကြောင်းပိတ်လျှင်…. ကြိတ်မှန်ရွက်ကို ငါးကြင်းသားကင်နဲ့ ချက်စားပေးပါ ။ နို့လှိုင်လှိုင်ထွက်ဆေး…… စမြိတ်စေ့ကို လှော်၍ စားလျင် နို့ထွက်ကောင်း၏
နှလုံးရောဂါဖြစ်လျှင်.. ခရေပင်၏အခေါက်ပြုတ်ရည်ကို သောက်ပါ ၊ အပွင့်ကိုရှူ ၊အသီးကို စားပေးပါ အမြစ်ပြတ်ပျောက်၏ ။ နှခေါင်းသွေးလျှံလျှင်…… ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ ။
နှာခေါင်းအနံ့ မရသောရောဂါ ဖြစ်လျှင်. … ကြိတ်မှန်ရွက် ညှစ်၍ရသောအရည်ကို ခဏ ခဏရှူပေးပါ ။ ဆေးနည်း ၁၀၀၀ စာအုပ်မှ ကူယူမျှဝေသည်။
==========================
Zawgyi
ရှယ်ထားနော် တစ်သက်လုံး အသုံးဝင်မယ့် ဆေးနည်းပေါင်းစုံ”
ချောင်းဆိုးလျှင်…. ခရေပွင့်ကို တညလုံး ရေစိမ်၊ နံနက်တွင်း ထိုရေကိုစစ်၍ သောက်ပါ ၊ပျောက်၏ ။
ရင်ပြည့်ရင်ကယ် ..ကြက်ဟင်းခါးသက်စောင့်ဆေးကို နှမ်းဆီ –ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှ အသာအယာ သပ်ချပါ ။
နှာပိတ်သော်….. ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊ ရှိန်းခိုနဲနဲထည့် ၊ ငယ်ထိပ်မှနှာခေါင်းအထိ ဆေးအရည်နှင့် ဆွဲပေးပါ ။ တက်လျှင်…. ဆင်ငိုမြက်ပြုပ်ရည်ကို တိုက်ပါ ။ အတက် ချက်ခြင်းကျသွားမည် ။
ရေငတ်ဝမ်းကျ … ဆီးသီးအစေ့အတွင်းမှ အဆန်းကို အမှုန့်ပြု၍ နွယ်ချိုနှင့် ရောပြီး စားပေးပါ ။ ကင်းထိုးသော်… ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ် သွေးလိမ်းပါ ။
ကြို့ထိုးလျှင်…… ကြက်သွန်းနီကို ထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား ။ခရုသင်း…..ကျည်းသီးဆန်ကို ဆန်ဆေးရည်နှင့် တွဲစပ်၍ ရက်ပေါင်းများစွာ စားရပါသည် ။
ခြေတုန် လက်တုန် ဖြစ်လျှင်…. ကြိတ်မှန်ရွက်ယို ထိုးစားပျောက်၏ ။ ခါးနာ ခါးကိုက်…… ညောင်ခြေထောက်ပင်၏ နို့စေးရည် လိမ်းပေးပါ ။
ငှက်ဖျားထလျှင် …..မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှ စီကြိတ်၍ သောက်ပါ ။ ခံတွင်းပျက်လျှင်….. ကြိတ်မှန်ရွက်ယို ထိုးစားပေးပါ ။ခေါင်းတခြမ်း ကိုက်လျှင်… ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့် သွေးလိမ်းပေးပါ ။ စကားထစ်လျှင် နံနက်တိုင်းမြင်းခွာရွက် တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ ။