အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရဲ့ လူဦးရေ လေးပုံတစ်ပုံ ရောဂါကူးစက်ခံနေရ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရဲ့ ကိုဗစ်ကူးစက်ခံရသူအရေအတွက်ဟာ မြို့နေလူထုရဲ့ လေးပုံတစ်ပုံခန့် ရှိနေပြီဖြစ်ကြောင်း အိန္ဒိယကလာတဲ့သတင်းတွေအရ သိရပါတယ်။ ဒေလီမြို့ရှိလူဦးရေ ၂၀၀၀၀ ကျော်ကို ဆေးစစ်ရာ ၂၃.၄ ရာခိုင်နှုန်းမှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။

နယူးဒေလီမြို့မှာ လူဦးရေ ၆.၆သန်းနေထိုင်လျက်ရှိပြီး လူဦးရေ ၁၂၆၀၀၀ မှာရောဂါပိုးတွေ့ရှိထားပါတယ်။ ဒေလီမှာလူနေထူထပ်တာကြောင့် ခပ်ခွာခွာနေဖို့ စီစဥ်ရခက်ခဲနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိ နယူးဒေလီရဲ့ ကူးစက်မှုနှုန်းဟာ အီတလီ ရုမ်းမြို့နဲ့ လန်ဒန်မြို့တို့ထက်ပိုများနေတယ်လို့ WHO စာရင်းတွေအရသိရပါတယ်။

နောက်ဆုံးရအချက်အလက်တွေအရ ဒေလီရဲ့ ကူးစက်မှုနှုန်းကျဆင်းလာတာတွေ့ရပြီး ပြီး အင်္ဂါနေ့စာရင်းတွေအရ ၁၀၀၀ အောက်ကို ပထမဆုံးကျဆင်းလာတာ တွေ့ပါတယ်။ ဒေလီရဲ့အမြင့်ဆုံးကူးစက်ခံရတဲ့နေ့ဟာ ဇွန်လ ၂၃ ရက်နေ့ဖြစ်ပြီး ၃၉၄၇ ဦး ကူးစက်ခံခဲ့ရပါတယ်။ ဆေးပညာရှင်တွေကတော့ အိန္ဒိယနိုင်ငံရဲ့လူဦးရေအချိုးအစားနဲ့ ဆေးရုံအချိုးအစားမမျှတမှုကြောင့် ရောဂါကူးစက်မှုနှုန်း ဆက်ရှိနေမှာကို စိုးရိမိနေကြပါတယ်။

Worldometers စာရင်းတွေအရ အိန္ဒိယနိုင်ငံမှာ ကူးစက်သူ ၁.၂သန်းရှိပြီး သေဆုံးသူ ၃၀၀၀၀ ကျော်ရှိပါတယ်။ နေ့စဥ်ကူးစက်မှုနှုန်းကတော့ လေးသောင်းဝန်းကျင်ရှိနေဆဲဖြစ်ပါတယ်။

Ref – India Times

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top