မြောက်ကိုရီးယား ဟာ ကိုဗစ်ကပ်ဆိုး ကို အလူးအလဲခံနေရပြီး၊ အခုဆိုရင် အငတ်ဘေးဆိုက်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြ ပါတယ်။ ပြည်သူတွေ အများစု ကို အာဏာပိုင်တွေက ရေချိုလိပ်ငယ်ေ တွကိုတောင် ဖမ်းဆီး စားသောက်ကြ ဖို့ တိုက်တွန်းမှုတွေ ရှိနေ ပါ တယ်။
အခု ဆိုရင် မြောက်ကိုရီးယား ရဲ့ အဓိက စားနပ် ရိက္ခာတွေဖြစ် တဲ့ ဆန်၊ ပြောင်းဆန်၊ သစ်သီးသစ်ရွက်နဲ့၊ အသားငါးတွေ ရှားပါးပြတ်တောက်နေပြီး၊ အထူးသဖြင့် ဆင်းရဲသား လက်လုပ် လက်စားတွေ လက်လှမ်းမမီနိုင်လောက်တဲ့ ဈေးကြီးမြင့်မှုတွေ ရှိနေ လို့ အခက်အခဲတွေ များစွာ ကြုံနေ ရပါတ ယ် ။
မြောက်ကိုရီးယား ရဲ့ ပြည်သူ(၆၀)%ဟာ အလွန်ဆင်း ရဲကြပြီး၊ လူနည်းစု သာ ချမ်းသာကြွယ်ဝသူတွေ ရှိကြ ပါတယ်။ ဒါပေမယ့် အဲဒီ ချမ်းသာကြွယ်သူတွေ ရဲ့ ပိုင်ဆိုင်မှုဟာ ကမ္ဘာ့အဆင့် ကိုတောင် ယှဉ်နိုင်သော်လည်း၊ အခြေခံလူတန်းစားတွေ မှာတော့ ပြတ်တစ်လှည့် ငတ်တစ်လှည့် ဖြစ်နေ တာပါ။
မြောက် ကိုရီးယားခေါင်းဆောင် ကင်ကတော့ ပြည်သူတွေ ငတ်မွတ်နေတဲ့ကြားက နယူကလီးယား လက်နတ်ထုတ်လှုပ်မှု အတွက် နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ချီ သုံးစွဲနေပြီး၊ ပြည်သူတွေရဲ့ အခက်အခဲကို မျက်ကွယ်ပြုထား ခဲ့တာ ကြာပါပြီ။
လိပ်သားစား ဖို့ ဆွယ်တဲ့အနေ နဲ့ အာဏာပိုင်တွေက ” ရေချိုလိပ်တွေဟာ ရှေးယခင် တုန်း ကတည်း က ဆေးဘက်ဝင် တဲ့ အစားအစာဖြစ်ခဲ့ပြီး၊ စွပ်ပြုတ်ဟင်းချိုက စွယ်စုံရ ဟင်းဖြစ်ပါတယ် … ပရိုတိန်းဓာတ်လည်း ပါသလို၊ အမီနိုအက်စစ် နဲ့ အသဲရောင်ရောဂါ ၊ သွေးတိုးရောဂါ နဲ့ တခြားရောဂါတွေကို နိုင်နင်းတဲ့ ဗီတာမင်တွေလည်း ပါဝင်ပါတယ် “ လို့ ညွှန်းဆိုထား ပါ တယ်။
နိုင်ငံတစ်နိုင်ငံ တည်ငြိမ် အေးချမ်းခြင်းဟာ တိုင်းသူပြည်သားတွေ ရဲ့ စားဝတ်နေရေး နဲ့ တိုက်ရိုက် အချိုးကြ ပါတယ် ။ အောက်ခြေလူတန်းစားဟာ ငတ်လွန်းမက ငတ်လာရင် မိသားစုအတွက် မိုက်ဖို့ကမ်းဖို့၊ လုဖို့ယက်ဖို့၊ သတ်ဖို့ ဖြတ်ဖို့၊ နောက်ဆုံး ပုန်ကန်တိုက်ခိုက် ဖို့ ဝန်မလေးကြပါဘူး ။ ဒီအခြေအနေတွေကြောင့် မြောက်ကိုရီးယားအနေ နဲ့ တိုင်းပြည်ဆူပူတာမျိုး ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြ ပါတယ် ။
ဘာသာပြန်-လင်းသုတ