ကျောင်း သား သုံး ယောက် ကို အိ မ်ခေါ် သွားပြီး အချစ် ပလူး ခဲ့ တဲ့ ဆရာမ ကို ရဲ တပ် ဖွဲ့က ဖမ်း ဆီး စ စ်ဆေးေ န

ကျောင်း သား(၃)ယောက် ကို အိမ်ခေါ်သွားပြီး အချစ်ပလူးခဲ့တဲ့ဆရာမ ကို ရဲတပ် ဖွဲ့က ဖမ်းဆီးစစ်ေ ဆးနေ

အ သက်(၂၄)နှစ်အရွယ် Ashlyn Faye Bell အမည်ရ ဆရာမတစ်ယောက်ဟာ ကျောင်းသား(၃)ယောက်ကို သူမရဲ့နေအိမ်မှာ သီးခြားဆီခေါ်သွားပြီး လိင်ပိုင်းဆိုင်ရာ လွန်ကျူးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါ တယ်။

ကျောင်းသားတွေကတော့ အထက်တန်းကျောင်းသားအရွယ်သာ ရှိပါသေး တယ်။

အဆိုပါ ဆရာမဟာ ဒီကျောင်းသားတွေထဲက တစ်ယောက်နဲ့ ကိုယ်ဝန်ရထားပြီလို့ သတင်းထွက်ပေါ်ခဲ့ပြီးနောက်၊ ရဲက ဖမ်းဆီးတာကို ခံလိုက်ရတာပါ။

Faye ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမတိုင်ခင်ကအထိ သူမရဲ့အိမ်မှာ ကျောင်းသားကောင်လေးတွေနဲ့ တရုံးရုံးဖြစ်ခဲ့ ပါတ ယ်။

အဲဒီထဲကမှ ကျောင်းသား(၃)ယောက်နဲ့သူမဟာ လိင်ပိုင်းမကင်းမရှင်း ဖြစ်ခဲ့ကြ တာ ပါ။

သူမဟာ ယခင်က Texas High School ကျောင်းမှာ သင်ကြားရေးလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို၊ ပူးတွဲစာကြည့်တိုက် တာဝန်ခံအဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့သူပါ။

သူမရဲ့နေအိမ်ဟာ New Boston မှာတည်ရှိပြီး၊ ကျောင်းသားနှစ်ယောက်ကတော့ အသက်(၁၇)နှစ်ဖြစ်ပြီး၊ အခြားတစ်ဦးကတော့ အသက်(၁၆)နှစ်သာ ရှိပါသေး တယ်။

ကျောင်းသားတွေက သူမနဲ့ ပတ်သက်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် ဝန်ခံမှုတွေ ပြုထားပေမယ့် Faye ကတော့ ငြင်းပယ်ခဲ့ပါ တယ်။

ဆရာမဟောင်း Faye အနေနဲ့တော့ ပြစ်မှုတွေအားလုံးမှာ ထင်ရှားတယ်ဆိုပါက ထောင်ဒဏ်နှစ်ရှည် ကျခံရဖို့ရှိပါတယ်။

အမေရိကန်မှာ အသက်မပြည့်သေးသူတွေနဲ့ လိင်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုရှိခြင်းဟာ ကြီးလေးတဲ့ရာဇဝတ်မှုတစ်ခု ဖြစ်ပါတယ်။ ဒီအမှုကိုတော့ ဆက်လက်စစ်ဆေးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top